Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ကော့သောင်းမြို့တွင် ပျော်ပွဲရွှင်ပွဲများ ပိုမိုကျင်းပလာသည့်အပေါ် ထောက်ပြဝေဖန်မှုများရှိနေ

နိုဝင်ဘာလ ၉ ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း မြို့ပေါ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်ခံသူများ ဦးဆောင်၍ ပျော်ပွဲရွှင်ပွဲများ ပိုမိုပြုလုပ်ကျင်းပလာသည့်အပေါ် မြို့ခံလူထုများအကြား ထောက်ပြဝေဖန်မှုများရှိနေသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊ Flying Stars ပကဖအဖွဲ့(ဘုတ်ပြင်းမြို့နယ်)တို့ပူးပေါင်းစစ်ကြောင်းနှင့်...

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးခဲ့ကြောင်း Palaw-KPDF ထုတ်ပြန်

နိုဝင်ဘာ ၉ ရက် ၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့ (နိုဝင်ဘာလ ၉ ရက်) ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Palaw-KPDF )နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု Palaw-KPDF သတင်းထုတ်ပြန်ထားသည်။ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာနှင့် ထမင်းမစားကျေးရွာကြားတွင်...

ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းတည်ဆောက်သွားရန် တော်လှန်ရေးလူငယ်အဖွဲ့များ နှီးနှောဖလှယ်ပွဲပြုလုပ်

နိုဝင်ဘာ ၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ အာဏာရှင်စနစ် အမြစ်ပြတ်စုပေါင်းတိုက်ဖျက်ပြီး ငြိမ်းချမ်းသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းတည်ဆောက်သွားနိုင်ရန် ရည်ရွယ်သည့် လူငယ်နှီးနှောဖလှယ်ပွဲအစီအစဉ်တစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်နေ့အထိ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ပြီးစီးခဲ့သည်။ ကရင်လူငယ်အစည်းအရုံး (KYO)...

ပုလောမြို့နယ် တပိုကျေးရွာထဲရှိ အရပ်သားနေအိမ် ၄ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

နိုဝင်ဘာလ ၉ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ(၉)ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီ တပ် များက အရပ်သားနေအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရ သည်။ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(ခမရ-၂၈၅)တပ်ဖွဲ့များနှင့် နယ်မြေခံ...

စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူဒေသရှိ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်ခရိုင် (တပ်မဟာ-၅ နယ်မြေ)၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စု ကော်ဒဲကျေးရွာအတွင်း ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက် (၁)နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့်လာရောက်ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းနှင့် စာသင်ကျောင်းဆောင်များပျက်စီးခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ...

မြဝတီမှ ဆင်းလာသည့် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး တစ်ဦးကို အတည်ပြုဆဲ

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ဆင်းလာသည့် ခရီးသည်တင် အန်စာတုံးကားတစ်စီးသည် ယနေ့ နိုဝင်ဘာလ(၉) ရက်၊ (၁၁)နာရီခွဲအချိန်ခန့်တွင် အာရှလမ်းမ၏ တောနော်ရေတံခွန်ရှိ ကွန်ကရစ်အုတ်ခုံကို တိုက်မိ၍ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ ခရီးသည်၇ ဦးသေဆုံးပြီ းတစ်ဦးကို အတည်ပြုနေဆဲဖြစ်ကြောင်း...

သံတောင်ကြီးရှိ စစ်သင်တန်းကျောင်း လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၄ဦး သေဆုံး

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ (၁) ရပ်ကွက်ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်း၏ လုံခြုံရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ (၉)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။ " မနက် (၃)နာရီ...

ဘယ်နည်းနာပဲရွေးရွေး နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့မရတဲ့ ဦးတည်ချက်

ဘယ်နည်းနာပဲရွေးရွေး နည်းနည်းလေးမှ လွဲချော်သွေဖည် ဖောက်ဖျက်လို့မရတဲ့ ဦးတည်ချက် မောင်ကျော်စွာ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ရက်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်ကော်မတီက ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၊ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၂)ကို ထုတ်ပြန်ထားပါတယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အချက် (၁၄)ချက် ပါရှိပြီး အဓိကအားဖြင့်...

စစ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့ပွဲ မြို့ခံများ ပူးပေါင်းပါဝင်မှု နည်းပါး

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပပြုလုပ်သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း မြို့ခံပြည်သူများအနေဖြင့် သွားရောက်ရန် စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။ ဖားအံမြို့၊ ပြည်နယ်ကွင်း(သီရိကွင်း)တွင် စစ်ကောင်စီတပ်ထောက်ခံသူများနှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများက (၅)ရက်တိုင်...

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို သွားလာခြင်းမပြုရန် ပုလော PDF သတိပေး

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြိတ်ခရိုင်၊ တပ်ရင်း(၁) မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသောကြောင့် သွားလာခြင်းမပြုကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယမန်နေ့ နိုဝင်ဘာလ ၇ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးကို...
Donate