KIC News
ကရင်နီပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအစီရင်ခံစာ ကရင်နီအရပ်ဖက်အဖွဲ့များ ထုတ်ပြန်
ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ(ကယားပြည်နယ်)အတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေများအား ပြုစုထားသည့် အစီရင်ခံစာအား ယမန်နေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကရင်နီအရပ်ဖက်အဖွဲ့အစည်းများက အွန်လိုင်းဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါအစီရင်ခံစာကို ကရင်နီပြည်နယ်အတွင်း ဖြစ်ပျက်နေသော လူ့အခွင့် အရေးချိုးဖောက်မှုများအား နိုင်ငံတကာသို့ ဖော်ထုတ်တင်ပြ၍ နောင်ကာလများတွင် တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်...
နှစ်ဖက်စစ်ရေးတင်းမာလာ၍ တကောင်ဘိုးကျေးရွာရှိ အသွားအလာလမ်းများကို ပိတ်ပင်ထား
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ဖားအံမြို့ နယ်တကောင် ဘိုးကျေးရွာတွင် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာလာသောကြောင့် ကျေးရွာအဝင်အထွက်လမ်းများကို ပိတ်ပင်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအဝင်နားတွင် စစ်ကောင်စီတပ်များက ယမန်နေ့ ဖေဖော်ဝါရီလ(၇)...
တိုက်ပွဲကြောင့် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ သတိပေးထုတ်ပြန်
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကော့ကရိတ်မြို့နယ် ဝေါလေ နှင့် ထီးကပလယ် ကားလမ်းမကြီးကို အရပ်သားများ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဖြတ်သန်းသွားခြင်းမပြုရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) အမှတ်(၈) တပ်ရင်းက ယနေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်သည်။
ယနေ့...
ကော့ကရိတ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့တွင်း လုံခြုံရေးပိုမိုတင်းကြပ်
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်းတွင် မြို့တွင်း စစ်ကောင်စီတပ်များ လုံခြုံရေးပိုမိုတင်းကြပ်မှု လုပ်ဆောင်လာနေကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။
တိုက်ပွဲများအမြဲလိုလိုဖြစ်ပွားနေသည့် ကော့ကရိတ်မြို့သည် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် မြို့တွင်း လမ်းဆုံလမ်းဂွများတွင် စစ်ကောင်စီတပ်များ...
ကွမ်းသီး အဝယ်ရပ်ထားသောကြောင့် ကွမ်းသီးကို အဓိကလုပ်ကိုင်သူများ အနေဖြင့်အခက်တွေ့
ဖေဖော်ဝါရီလ ၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင်များတွင် အဝယ်ရပ်ထား သောကြောင့် ကွမ်းသီး လုပ်ငန်း အဓိက လုပ်ကိုင်သူများအနေဖြင့် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သည့် အရှေ့တောနယ် ဒေသခံများ ကပြောသည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းလောက်တွင် ကွမ်းသီးအဝယ်ရပ်ထားသောကြောင့် ကွမ်းသီး လုပ်ငန်းကို...
ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့
ဖေဖော်ဝါရီလ ၇ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း ကျေးရွာများတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်၊ ည ၁၂ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျေးရွာသားတစ်ဦးက“ညက ၁၂နာရီခွဲဝန်းကျင်...
အချင်းချင်းကြား ပဋိပက္ခကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုကြရန် KTLA နှင့် KNU တပ်မဟာ (၄) အား တနင်္သာရီတိုင်း ကရင်ပြည်သူများတောင်းဆို
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) နယ်မြေအတွင်းဖြစ်ပွားနေသည့် ကော်သူး လေအာမီ(KTLA) နှင့် KNU တပ်မဟာ (၄)တို့အကြား ပဋိပက္ခ တင်းမာမှုများကို လက်နက်ကိုင် ဖြေရှင်ကြခြင်းမပြုရန် တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုများက ယနေ့ ဖေဖော်ဝါရီလ ၇...
စစ်ကောင်စီသည် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေကြောင်း KnHRG ပြော
ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယားပြည်နယ်)အတွင်းရှိ ဒေသခံများ၏ လူမှုစီးပွားရေးပိုမိုကျပ်တည်းလာစေရန် စစ် ကောင်စီမှ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ပြော သည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ပစ်ခတ်တိုက်ခိုက်မှုမှာ ၂၀၂၃ခုနှစ် နှစ်စပိုင်းတွင်ပင် အကြိမ်ရေ(၅၀) ဝန်းကျင်ရှိနေပြီး အထူးသဖြင့်...
တိုက်ပွဲမကြာခဏဖြစ်နေ၍ မြဝတီ−ကော့ကရိတ် အာရှလမ်းတွင် ကားအသွားအလာနည်းပါးလာ
ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာဘက်တွင် စစ်ကောင်စီတပ်များနှင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသောကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ယာဉ်သွားယာဉ်လာ နည်းပါးလာနေကြောင်း ယာဉ်မောင်းများက ပြောသည်။
ပြီးခဲ့သည့်လပိုင်းက ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာနှင့်ကော့နွဲကျေးရွာတွင် ...
ရေး ပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီးရမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို (ERO)ထံ လွှဲပြောင်း
ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ် လမိုင်းမြို့နယ် ကနင်ကမော့နှင့်အောင်သာယာကျေးရွာအကြားတွင် ဖေဖော်ဝါရီလ(၄)ရက် မွန်းလွဲ ၂ နာရီခွဲအချိန်၌ ရေး(YGF)တပ်ဖွဲ့မှ ဖမ်းမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO)ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရေး(YGF)တပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းမိထားသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို...














