Home Authors Posts by KIC News

KIC News

22003 POSTS 0 COMMENTS

ရွေးကောက်ပွဲကော်မရှင်ထံ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့် လျှောက်ထား

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရန် စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၂၃၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည်ဟု စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ နိုင်ငံရေးပါတီများ...

စစ်ကောင်စီတပ်နှင့် BGF နေထိုင်သည့် တပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု BPLA ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး၊ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များ ပူးပေါင်းနေထိုင်သည့် တပ်စခန်း တစ်ခုကို ယနေ့ ဖေဖော်ဝါရီလ (၂၅)ရက်၊ နံနက် ၆ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်...

စစ်ကောင်စီ၏ ဘုရားသုံးဆူမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး မီးရှို့ခံရ

ဖေဖော်ဝါရီ ၂၅ရက်၊ ၂ဝ၂၃ခုနှစ်၊ ကေအိုင်စီ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းနှင့် မြန်မာနယ်စပ်တွင် ဖြတ်သန်းသွားလာမှုအပေါ် တရားမဝင်သည့် အခွန်များ ကောက်ခံနေသည့် ဘုရားသုံးဆူမြို့ရဲစခန်းကို ယနေ့ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကိုခံရပြီး ရဲစခန်းပါ မီးရှို့ခံခဲ့ရသည်ဟု မြို့ခံလူထုများထံမှ သိရ သည်။ နယ်စပ်ထိုင်းစစ်တပ်စခန်းနှင့် ကိုက် ၁ဝဝအနီးဝန်းကျင်တွင်သာရှိသည့် ဘုရားသုံးဆူမြို့မရဲစခန်းအား...

တောမီးကြောင့် နီပွန်ဖောင်ဒေးရှင်းဆောက်လုပ်ပေးထားသည့် လေးကေကော် စစ်ဘေးရှောင်နေအိမ်အလုံး ၂၀ခန့် မီးလောင်ပျက်စီး

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ရက်၊ ကေအိုင်စီ နှစ်ဖက်စစ်ရေးတင်းမာနေသေးသည့် မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့ သစ်ရပ်ကွက် ၆ နေရာတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၁၂နာရီခန့်အချိန်က တောမီးလောင်ကျွမ်းမှုကြောင့် နီပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်ပေးထားသည့် ဒေသခံစစ်ဘေးရှောင် နေရသူတို့၏ နေအိမ်အလုံး ၂၀ ၀န်းကျင်ခန့်...

ကရင်နီဒေသစစ်ဘေးရှောင်များ စိတ်ကျန်းမာရေးပံ့ပိုးမှုပေးရန် လိုအပ်ဟု BWU ပြော

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၃ခုနှစ်၊ ကေအိုင်စီ ကရင်နီ(ကယားပြည်နယ်)ရှိ စစ်ဘေးရှောင်များသည် စိတ်ကျန်းမာရေးပံ့ပိုးမှုများပေးရန် လိုအပ်သည်ဟု ကရင်နီစစ်ရှောင်ပြည်သူများအား စိတ်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းများ လိုက်ပေးနေသည့် မြန်မာ့အမျိုးသမီးများသမဂ္ဂ(BWU)က ပြောသည်။ ကရင်နီစစ်ရှောင်စခန်းများတွင် ယခုလ ဖေဖော်ဝါရီလအတွင်း စိတ်ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု သင်တန်းများ ပြုလုပ်ပေးခဲ့ရာတွင် အမျိုးသမီးများသာမက ကလေးသူငယ်နှင့်အမျိုးသားများပါ...

KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကရင်လူ့အဖွဲ့အစည်းများ တောင်းဆို

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအဖွဲ့အစည်းမူများကို ဆန့်ကျင်ပြီး (သို့မဟုတ်)နိုင်ငံတကာ ဥပဒေကိုချိုးဖောက်နေသည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိ သည့်အတွက် တာဝန်ခံသည့်အနေဖြင့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများက အိတ်ဖွင့်စာပို့ပြီး တောင်းဆိုသည်။ ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်တွင်းပြည်ပရှိ...

ပုလောရှိ CDM ကျောင်းဆရာမ ၄ ဦးနှင့် အရပ်သားပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားခဲ့

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်များက အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသည့် ကျောင်းဆရာမ ၄ ဦးနှင့် အရပ်သားပြည်သူ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု နီးစပ်သည့်...
Donate