Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ဝေါမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညပိုင်းတွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံပျူ စောထီးအဖွဲ့ဝင်(၂)ဦး‌ သေဆုံးပြီး (၄)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များက ပြောသည်။ ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က...

ဖားအံမြို့ရှောင်လမ်းသစ်တွင် ယာဉ်တိမ်းမှောက်မှု များလာ

ဖေဖော်ဝါရီလ ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့တွင် မကြာသေးခင်က ဖွင့်လှစ်လိုက်သည့် မြို့ရှောင်လမ်း မကြီးသစ်တွင် ယခုတလော ယာဉ်တိမ်းမှောက်မှု များပြားလာသည်ဟု အနီးအနားရှိ မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုခြင်း အနေဖြင့် ဖားအံမြို့ရှောင်လမ်းနှင့် ဖားအံမြို့အဝင်...

တရားမဝင်လောင်းကစားမြို့သစ် စီမံကိန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း KNU ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်ထဲတွင် နိုင်ငံခြားသားရာဇဝတ်သားများ ပါဝင်လုပ်ကိုင်သည့် တရားမဝင်လောင်းကစား လုပ်ငန်းအတွက် တည်ဆောက်သည့် မြို့သစ်စီမံကိန်းများထဲတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရက်တွင်...

စစ်ကောင်စီ‌ ဆေးတပ်သားတစ်ဉီး လက်နက်ခဲယမ်းများနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံပူးပေါင်း

ဖေဖော်ဝါရီလ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ဝင်းဝရဲစခန်းမှ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံဆေး တပ်သားတစ်ဉီးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်းခဲ့သည်ဟု သိရသည်။ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ သရက်ချောင်း မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၄၀၃)တပ်ရင်းမှ အသက်(၂၃)နှစ်အရွယ် အဆိုပါ ဆေးတပ်သားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃)...

မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးတွင် လူ ၃ဝ ကျော် ဖမ်းဆီးရိုက်နှက်ခံရ

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေသခံ ၃ဝ ဦးကျော်ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။ ညနေ ၆ နာရီမှ နံနက် ၆...
Donate