Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

မြဝတီအနောက်မြောက်ဘက် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့ အနောက်မြောက်ဘက် ကျောက်တောင်ဘုရားကုန်းဘက်တွင် မေလ ၁၂ရက်မှ ၁၃ရက်နေ့ အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် လက်နက်ကြီး လှမ်းပစ်ခတ်၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။...

ကျုံဒိုးမြို့ ဂျိုင်းတံတားဂိတ်တွင် ငွေကြေးအဆမတန်ကောက်ခံနေ

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဂျိုင်းတံတားဂိတ်တွင် ဖြတ်သန်းသွားလာသည့်ပြည်သူများထံ ငွေကြေးအဆမတန်ကောက်ခံနေကြောင်း ယာဉ်မောင်းသူများက ကေအိုင်စီသို့ ပြောသည်။ အဆိုပါ ကျုံဒိုးဂျိုင်းတံတားဂိတ်တွင် ကုန်ကားတစ်စီးလျှင် ကျပ် ၅,၀၀၀ မှ ၁၅,၀၀၀အထိ ကောက်ခံသည့်အပြင် ငွေကြေးကောက်ခံသူများကလည်း ရိုင်းစိုင်းစွာ စကားပြောဆို...

စစ်တပ် အင်အားဖြည့်တင်းမှုများကြောင့် တနင်္သာရီမြို့နယ်မှ ဒေသခံများ နေရပ်မပြန်နိုင်သေး

မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်မှ ရိက္ခာနှင့် တပ်အင်အား ဖြည့်တင်းမှုများကိုလုပ်ဆောင် လျက်ရှိနေ သောကြောင့် စစ်ဘေးရှောင်နေရဆဲဒေသခံရွာသားများအနေဖြင့် နေရပ်မပြန်ရဲကြသေးကြောင်း‌ စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မတ်လ၂၈ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...

BGF ၏ တပ်သားသစ်စုဆောင်းမှုတွင် မဲနှိုက်မှုအပြီး မဲပေါက်သူများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် နယ်ခြားစောင့်တပ်-BGFမှ တပ်သားသစ်စုဆောင်းသည့် အနေဖြင့် မေလ ၁၀ ရက်နေ့တွင် ဒေသခံရွာသားများကို မဲနှိုက်ခိုင်းခဲ့ပြီး မဲပေါက်သူများထံမှ ငွေကြေး တောင်းခံမှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် BGF တပ်များနှင့်...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်နေရာတွင် မွန်ပြည်သစ်ပါတီ နုတ်ထွက်စာတင်

မေလ ၁၂ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA လက်မှတ်ရေးထိုး ထား သည့် တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ခေါင်းဆောင် နေရာတွင် တာဝန်ယူထားသည့်...

မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ ဦး အိုမန်နိုင်ငံတွင် ရောင်းစားခံထားရ၊ ပြန်လွတ်မြောက်ရန် အကူအညီလိုအပ်နေ

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၃ဦးသည် အလုပ်ပွဲစားအမျိုးသမီးတစ်ဦး၏ ပို့ဆောင်မှုဖြင့် အိုမန်နိုင်ငံတွင် ရောက်ရှိနေကာ ရောင်းစားခံထားရကြောင်း ၎င်းတို့နှင့် နီးစပ်သူ အမည်မဖော်လိုသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း နေထိုင်သူ မလဲ့လဲ့ဝင်းဆိုသူ အလုပ်သမားပွဲစား၏ ပို့ဆောင်မှုဖြင့် ပြီးခဲ့သည့် ဧပြီလ...

ညောင်ပင်သာရွာရှိ ကလေးငယ်အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ် အစုလိုက် မီးရှို့သတ်ဖြတ်

မေလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ နယ်)ထဲတွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က မေလ ၁၀ ရက်နေ့တွင် ညောင်ပင်သာ ကျေးရွာမှဒေသခံများကို ဖမ်းဆီးပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ၁၈ ဦးကို အစုလိုက်အပြုံလိုက်...
Donate