Home Authors Posts by KIC News

KIC News

22511 POSTS 0 COMMENTS

ဘီးလင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ

ဇူလိုင်လ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ အလူးလေးကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦးသေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်က ပြောသည်။ ထိုနေ့နံနက်...

မိုးရာသီဘောလုံးပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီ အဓမ္မငွေကြေးကောက်ခံနေ

ဇူလှိုင်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မိုးရွာသီဘောလုံးပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံမှုများပြုလုပ်လျက်ရှိကြောင်း ဖားအံမြို့ခံထံမှ သိရသည်။ ဖားအံမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်မှ စတင်ပြီး အသက်၂၅နှစ်အောက်မိုးရာသီ ဘောလုံးပြိုင်ပွဲကို ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးများက တစ်အိမ်ထောင်လျှင် မပေးမနေရ...

မိုးတွင်းကာလအတွင်း ရေတံခွန်နှင့် တောင်ကျချောင်းအနီး မသွားကြရန် လောင်းလုံး PDF မေတ္တာရပ်ခံ

ဇူလိုင်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေတံခွန်များနှင့်တောင်ကျချောင်းရေများ ကို ယခု မိုးရာသီကာလအတွင်း မသွားလာကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မိုးရာသီကာလအတွင်း သဘာဝအတိုင်းလှပလျက်ရှိသော ရေတံခွန်များ နှင့်တောင်...

ဖာပွန်ဒေသတွင် တစ်ပတ်တစ်ရက်သာ စက်လှေဖြင့်စားနပ်ရိက္ခာသယ်ယူခွင့်ရသည့်အတွက် ခက်ခဲမှုများရှိနေ

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖာပွန်−ကမမောင်းမြို့ဘက်တွင် ယခုဇွန်လ ၂၀ ရက်နေ့မှစ၍ စားနပ်ရိက္ခာများကို ရေလမ်း ကြောင်းဖြင့် တစ်ပတ်လျှင်တစ်ရက်နှုန်းသာ သယ်ယူခွင့်ရရှိသည့်အတွက် ခက်ခဲမှုများရှိနေကြောင်း ဖာပွန် ဒေသခံများက ပြောသည်။ အဆိုပါဒေသတွင် နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် စစ်ကောင်စီတပ်များက ကုန်းလမ်းပိုင်းကိုပိတ်ဆို့ထား...

တပ်မ (၂၂)ဝင်း ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၁၀)ဦးခန့်ဒဏ်ရာရ

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့လယ်ခေါင်ရှိ စစ်ကောင်စီ၏ အမှတ်(၂၂) ခြေလျင် တပ်မဋ္ဌာနချုပ်ဝင်းကို ဇွန်လ ၂၈ရက်နေ့တွင် ဖားအံမြို့ပြပြောက်ကျားအဖွဲ့( Hpa An Guerilla Force-HGF )က (၂)ကြိမ်တိုင် ဗုံး ဖြင့်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်...

စစ်ကောင်စီနှင့် PPST တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက်များ လက်မှတ်ရေးထိုး

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ-NSPNC နှင့် NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST တို့ ပြီးခဲ့သည့် ဇွန်လ(၂၆) ရက်မှ(၂၈)ရက်နေ့အထိ နေပြည်တော်တွင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ဘုံသဘောတူညီ ချက်များအား လတ်မှတ်ရေးထိုးခဲ့ကြကြောင်း PPST က ဇွန်လ(၂၈)ရက်...

ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မြဝတီနယ်စပ် လိုင်စင်မဲ့ကား ရောင်းဝယ်သူများ အရှုံးပေါ်နေ

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ထိုင်းဘတ်ငွေစျေး မြင့်တက်လာနေသည့်အတွက် ဂျပန်တပတ်ရစ် လိုင်စင်မဲ့ကားစျေးနှုန်း မြင့် တက်လာ နေခြင်းကြောင့် ကားအရောင်းအဝယ် စျေးကွက်တွင် အရှုံးပေါ်ခြင်းများရှိနေကြောင်း မြဝတီ-မဲဆောက် ကားရောင်းဝယ်ရေးလုပ်နေသူများ ပြောစကားအရ သိရသည်။ “မြန်မာတစ်သိန်းကို ထိုင်းဘတ်တစ်ထောင့်တစ်ရာနှစ်ဆယ်အထိကျဆင်းနေတယ်။ ဆက်လည်းကျမယ့် သဘောရှိတယ်၊ ကားမှာတာ...

တံတားပျက်စီးမှုစစ်ဆေးစဥ် ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရ၍ အင်ဂျင်နီယာ တစ်ဦးသေဆုံး၊ တပ်နယ်မှူးနှင့် တပ်ရင်းမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများအပြား ထိခိုက်ဒဏ်ရာရ

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းနယ်မြေ သထုံခရိုင်တွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော ဘီးလင်းနှင့်သထုံမြို့အကြားရှိ ရွှေရောင်ပြတံတားအား ယနေ့နံနက်ပိုင်းက သထုံခရိုင်မှ တာဝန်ရှိသူများလာရောက်စစ်ဆေးစဥ် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အင်ဂျင်နီယာတစ်ဦးသေဆုံး၍ ဌာနဆိုင်ရာ ဝန်ထမ်းအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။ တံတားပျက်စီးမှုအခြေအနေ လာရောက်ကြည့်ရှုနေသော...
Donate