Home Authors Posts by KIC News

KIC News

22511 POSTS 0 COMMENTS

ညောင်လေးပင် စစ်ရှောင်များအကြား ငှက်ဖျားနှင့်ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလို အပ်နေ

ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင် ပြည်သူများအကြားတွင် ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဒေသခံများသည် မိုးရာသီအတွင်း စစ်ဘေးဆက်လက်ရှောင်တိမ်းနေရသည့်အတွက် အအေးမိရာမှ ရောဂါ အဖြစ်များလာြကခြင်းဖြစ်ပြီး အများအားဖြင့် ကလေးသူငယ်များတွင် တုပ်ကွေးရောဂါအဖြစ်များကြောင်း၊...

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ဇူလိုင် ၄ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စက္ကူစက်ရုံအနီးရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက Souls Takers UG အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း Souls Takers UG...

ကော့ကွဲရွာလောင်းကစားဝိုင်း တော်လှန်ရေးတပ်ဖွဲ့များအား ငွေပေးဆောင်ရဟု ပြောဆိုချက် ဘီးလင်း(ပကဖ) ငြင်းဆို

ဇူလိုင်လ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ကော့ကွဲကျေးရွာတွင် လတ်တလော ဖွင့်လှစ် နေသည့် အာဝါဒေးလောင်းကစားပွဲတွင် တော်လှန်ရေးအင်အားစုများအား ငွေကြေးပေးဆောင်ရသည် ဟု ပြောဆိုချက်အပေါ် ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ငြင်းဆိုလိုက်သည်။ စစ်ကောင်စီတပ်နှင့် တပ်ထောက်ခံသူများသည် အဆိုပါကော့ကွဲအာဝါဒေးလောင်းကစားပွဲတွင် တော် လှန်ရေးအင်အားစုများအား...

ကော့ကရိတ်တွင် စစ်ကောင်စီတပ်များ စစ်ရေးအရှိန်မြှင့်ရန် လုပ်ဆောင်နေ

ဇူလိုင် ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုဇူလိုင်လအတွင်း တပ်မိသားစုဝင်များအား နေရာရွှေ့ပြောင်းကာ စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်လာပြီး စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်ရန်ပြင်ဆင်မှုများရှိနေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။ ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၉၇ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် မေလနှင့်ဇွန်လအတွင်း...
Donate