Home Authors Posts by KIC News

KIC News

22511 POSTS 0 COMMENTS

အထက်တန်းအောင်မြင်သူများအား ကျောင်းဆရာအဖြစ် စစ်ကောင်စီခန့်အပ်

ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် ဆရာ/ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် အထက်တန်းအောင်မြင်သော ဒေသခံများကို ကျောင်းဆရာ/ဆရာမအဖြစ် ပြန်လည်ခန့်အပ်လျက်ရှိသည်ဟု ဒေသခံကျောင်းသားမိဘများထံမှ သိရသည်။ စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင်ဆရာ/ဆရာမမရှိ ပြီးခဲ့သည့် ဇွန်လတွင် ဒေသခံ ကျောင်းသား မိဘများအား...

ကော့ကရိတ်မြို့တွင် ယခုအချိန်ထိ လျှပ်စစ်မီးပြန်လည်မရရှိသေး

ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ လျှပ်စစ်မီးအချိန်အတန်ကြာ ပြတ်တောက်နေသည့် ကော့ကရိတ်မြို့တွင် မကြာခင်ရက်ပိုင်းအတွင်း မီးပြန်လည်ရရှိမည်ဟုပြောဆိုသော်လည်း ယခုအချိန်ထိ မီးပြန်လည်ရရှိခြင်းမရှိသေးကြောင်း မြို့ခံများ ထံမှ သိရသည်။ လျှပ်စစ်မီးတာဝါတိုင်များ ပျက်စီးသွား၍ ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုးမြို့နယ်များတွင် လအတန်ကြာ မီးပြတ်တောက်ခဲ့ရာမှ ပြီးခဲ့သည့်ဇွန်လလယ်ပိုင်းတွင် မြဝတီမြို့တွင် လျှပ်စစ်မီး...

၈ကြိမ်မြောက် KWO ကွန်ဂရက်မှ ဗဟိုအဆင့်ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ခဲ့

ဇူလိုင် ၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၈ကြိမ်မြောက် ကွန်ဂရက်ကို ၎င်းတို့၏ အထူးဒေသတစ်နေရာတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံ တက်ရောက်လာကြသည့် ဒေသအသီးသီးမှ ကရင်အမျိုး သမီးကိုယ်စားလှယ်များက ဗဟိုခေါင်းဆောင်အသစ်များကို လျှို့ဝှက်မဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ယင်းသို့ ရွေးကောက်ရာတွင် ဥက္ကဌအဖြစ်...

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ဒဏ်ရာရ

ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက အင်အားရာနှင့်ချီသော စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်စဥ် လက်နက်ကြီး၊ ငယ်များဖြင့်ပစ်ခတ်သဖြင့် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ ထိုနေ့နံနက် ၄ နာရီခန့်တွင် ရေတွင်းကုန်းကြီးကျေးရွာသို့...

ဖားအံမြို့အနီးနားရွာများတွင် ကား၊ဆိုင်ကယ် အခိုးခံရမှု များလာ

ဇူလိုင် ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့နှင့် အနီးနားရှိ ကျေးရွာများတွင် ယခုတလော ကား၊ ဆိုင်ကယ်အခိုးခံရမှု များလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။ ယခု မိုးများသည့်ကာလတွင် ညအချိန်မကဘဲ နေခင်းပိုင်းအထိပါ ဆိုင်ကယ်အခိုးခံရလျက်ရှိကာ ဆိုင်ကယ်ခိုး ယူသူများသည် တစ်ဦးတစ်ယောက်ထဲမဟုတ်ဘဲ အဖွဲ့လိုက်နှင့် လိုက်လံခိုးယူနေကြသည်ဟု...

မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်ပိုမိုများပြားလာ

ဇူလိုင် ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ မြဝတီကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်များ ပိုမိုများပြားလာကြောင်း ယာဉ်မောင်းများက ပြောသည်။ အဆိုပါ ကုန်သွယ်ရေးဇုန်နှင့် အာရှလမ်း၏ တောင်ပေါ်လမ်းပိုင်းတစ်လျှောက်တွင် ယခင်က အသွားအလာ ယာဉ်များကို...

ကျိုက်မရောတွင် ရဲစခန်းနှင့်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသေဆုံး

ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားထိပ်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းနှင့် ရဲစခန်းအား ယမန်နေ့ ဇူလိုင်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုတိုက်ခိုက်မှုအား Saw Dragon...
Donate