Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

ကရင်ပြည်နယ်တွင် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ဒုတိယဝါဆို ယခုဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ကရင်ပြည်နယ်တွင်း မြစ်၊ ချောင်းများ ရေ ကြီးရေလျှံမှုဖြစ်ပွားကာ ကျေးရွာအမြောက်အများနှင့် ရွာချင်းဆက်လမ်းတံတား အများအပြား ရေနစ်မြှုပ်မှုဖြစ် ပေါ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲမြို့များရှိ...

(၇၃) နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဗစ်တိုးရီးယား ကရင်အသိုင်းအ၀ိုင်းများ ကျင်းပရန်စီစဉ်

ဩဂုတ်လ ၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ လာမည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ Geelong မြို့တွင် ကျင်းပသွားရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဗစ်တိုးရီးယားပြည်နယ်တဝိုက်က ကရင်လူမှုအဖွဲ့အစည်းများမှ ပထမဆုံး...

ရေကြီးသဖြင့် လှိုင်းဘွဲရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရ

ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ‌ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မြေအနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာအများစုတွင် ‌မိုးရွာသွန်းမှု များပြီး တောင်ကျရေလျှံကာ ၅‌ ပေ‌ ၆ ‌ပေ ကျော်အထိရေတက်လာသည့်အတွက် ဩဂုတ်လ ဆန်းမှစ၍ ‌စာသင်‌ကျောင်းများ ယာယီပိတ်ထားရသည်ဟု ဒေသခံ ကျောင်းသားမိဘများထံမှ...

ဘီးလင်းတွင် ကားလမ်းမကြီး ရေကြီးသဖြင့် မော်တော်ယာဉ်များသွားလာ၍ မရဖြစ်နေ

သြဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြနှင့် ကျုံအိတ်တံတားကြားတွင် လမ်းမကြီးပေါ်ရေကျော်လာ သောကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။ အဆိုပါ လမ်းပိုင်းသည် ရန်ကုန်မှ ဖားအံ-မော်လမြိုင်စသည့်နေရာများသို့ အသွားအလာပြုလုပ်ရာတွင် အဓိကကျသည့်လမ်းပိုင်းဖြစ်ပြီး သြဂုတ်လ ၅ ရက်နေ့မှစ၍ ကားလမ်းမကြီးပေါ်...

ရှစ်လေးလုံး အထိမ်းအမှတ် ပြုလုပ်နေစဉ် စစ်ကောင်စီနှင့် လောင်းလုံး PDF တို့ ထိတွေ့မှုဖြစ်ပွားခဲ့

ဩဂုတ်လ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံး အနီးတွင် ယမန်နေ့က ရှစ်လေးလုံးအထိမ်းအမှတ်ပြုလုပ်နေစဉ်အချိန်တွင် ကင်းလှည့်လာ‌သော စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နံနက် ၇နာရီခွဲအချိန်တွင် PDF တပ်ဖွဲ့ဝင်များက ရှစ်လေးလုံးအထိမ်းအမှတ်...
Donate