Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

ရေလွှမ်းမိုးမှုကြောင့် ကရင်ပြည်နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးပျက်စီးမှုများနေ

ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရက်ပေါင်းကြာမြင့်စွာ ရေလွှမ်းမိုးမှုကြောင့် လယ်ကွက်အများအပြားရှိ စိုက်ပျိုးထားသည့် မိုးစပါး ပျက်စီးမှုများသည်ဟု ဒေသခံ လယ်စိုက်တောင်သူများထံမှ သိရသည်။ ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်ကျချောင်းရေနှင့် မြစ်ရေလျှံမှုများကြောင့် အချို့တွင် (၈)ရက်မှ (၁၀)ရက်ခန့်ကြာ...

ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းဟောင်းတွင် အဆင်းတစ်ရက် အတက်တစ်ရက်ဖြင့် သွားလာနေရ

ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်-မြဝတီ အဝေးပြေးအာရှလမ်းကြောပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် မြေပြိုပျက်စီးသွားသည့်လမ်းကို ပြုပြင်နေစဉ်ကာလအတွင်း တောင်ပေါ်လမ်းဟောင်းကို အသုံးပြုနေကြရာ ဩဂုတ်လ ၁၄ရက်၊ ယနေ့မှစ၍ အဆင်း တစ်ရက်၊ အတက်တစ်ရက် ပုံစံဖြင့် သွားလာနေကြရသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။ ယင်းသို့ ယခင်ပုံစံဖြင့် သွားလာနေရခြင်းမှာ လတ်တလောတွင် တောင်ပေါ်လမ်းဟောင်းသည်...

ထားဝယ်မြို့ရှိ စစ်ရှောင်များ နေထိုင်ရာ ရပ်ကွက်တွင် စစ်ကောင်စီမှ ရှောင်တခင်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာ

ဩဂုတ်လ၁၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်များ အများစုနေထိုင်သည့် ကြက်စားပြင် ရပ်ကွက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများ မကြာခဏ ပြုလုပ် လုပ်လာ ကြောင်း ဒေသခံများကပြောသည်။ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့တဲ့ဇူလိုင်လကစပြီး စစ်ရှောင်အများစု လာရောက်ခိုလှုံနေထိုင်သည့် ကြက်စား ပြင်ရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်တွင် ရှောင်တခင် ဝင်ရောက်...

လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပဲသောင်ရွာရှိ ကလေးငယ်(၂)ဦး ပွဲချင်းပြီး သေဆုံး၊ (၂)ဦး ဒဏ် ရာရ

ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက် ကြီးမြို့နယ် ပဲသောင်ရွာရှိ အသက်(၁၀)နှစ်ကျော်အရွယ် ကလေးငယ်(၂)ဦး ယမန်နေ့ဩဂုတ်လ (၁၃)ရက်နေ့ ညနေက စစ်ကောင်စီ တပ်၏ လက်နက်ကြီးကျည်ထိမှန်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ (၂) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံ...

နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံရသော နေအိမ်အလုံး(၆၀)ထက်မနည်းရှိလာ

ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ က စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီ၏ မီးရှို့ ခြင်းခံရသော အရပ်သားနေအိမ်သည် လက်ရှိအချိန်အထိ အလုံး(၆၀)ထက်မနည်း ရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။ စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်...

ကရင်လက်နက်ကိုင်အချင်းချင်းကြား ပွတ်တိုက်မှုများ အမြန်ဖြေရှင်းရန် ထီးမိုပွာဒေသခံလူထုများ တောင်းဆို

ဩဂုတ် ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ကြား ဖြစ်ပေါ်နေသည့် ပွတ်တိုက်မှုပြဿနာများကို အမြန်ဖြေရှင်းကူညီပေးရန် ထီးမိုပွာအထူးဒေသရှိ ကရင်အရပ်ဖက် အဖွဲ့များနှင့် ကျေးရွာနေလူထုများက ဩဂုတ်လ (၁၂)ရက်နေ့၌ ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။ ကရင်လူမျိုးအချင်းချင်းကြား ဖြစ်ပေါ်သည့်...
Donate