မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
အာဆီယံက မိသားစုသဖွယ်စိတ်ဓာတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာမှုကို မင်းအောင်လှိုင်က အကြောက်အ ကန် ဆန့်ကျင်ဖို့ ခြေကြီးကြီး လှမ်းလိုက်ပြီ။
(၁၀-၄-၂၀၂၆)ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ (သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်တဲ့)...