Hay Htoo
ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၂ချက်ကို ကော့ကရိတ်မြို့နယ် KED ချမှတ်
အောက်တိုဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ကရင်ပညာရေးဌာန(KED)၏ လက်အောက်ခံ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ဒေါနအရှေ့ဘက်ခြမ်းအခြေပြု KED အဖွဲ့က ဒေသအတွင်းရှိ ပညာရေးအဆင့်အတန်း မြင့်မားလာရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ပညာရေးလုပ်ငန်းများအတွက် ဆုံးဖြတ် ချက် ၁၂ချက်ကို ချမှတ်လိုက်သည်။
အဆိုပါ KED အဖွဲ့မှ ဦးစီး၍ ကရင်ပြည်နယ်အတွင်းရှိ...
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် နှင့် တွေ့ဆုံမေးမြန်းခန်း
“ကျမတို့ တောင်းဆိုတဲ့ ‘စစ်တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့’ ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့အတွက်ပဲ ဖြစ်တယ်။” ဆိုတဲ့
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်ရဲ ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် အမြင်
အစိုးရဘက်က တောင်းဆိုနေတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire) နှင့် ပတ်သက်ပြီးတော့...
ကရင်စာပေတစ်ခုတည်းဖြစ်လာရန် မလွယ်သေးဟု ကရင်စာပေနှင့် ယဉ်ကျေးမှု ပြော
အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း
စည်းလုံးညီညွှတ်ရေးကို ရှေးရှုပြီး ကရင်အမျိုးသားတစ်ရပ်လုံးအတွက် တစ်ခုတည်းသော ကရင်အမျိုးသား စာပေ ဖြစ်ပေါ်လာရန် မလွယ်ကူသေးကြောင်း ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောအေးမြတ်က ယမန်နေ့က ပြောကြား လိုက်သည်။
ဖားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူ ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ ၁ဝရက်နေ့က ဆရာတော်အရှင်ဆန္ဒသာရ...
မွန်နှင့် ကရင်ပြည်နယ် နှစ်လမ်း သွားကားလမ်း မိုးကုန်လျှင် စတင်ဖောက်လုပ်မည်
အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာမှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းနှစ်ခွကျေးရွာအထိ ဆက် သွယ်သည့် နှစ်လမ်းသွား ကားလမ်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency- JICA) ၏ ကူညီမှုဖြင့် မိုးကုန်လျှင် စတင်...
မဲဆောက်တွင် မြန်မာဘုန်းကြီးများ ကျောင်းထိုင်ခန့်နိုင်ရန် မြန်မာသံအမတ် လာရောက်ဆွေးနွေးခဲ့
အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်းသည် ဘန်ကောက်မြို့မှ မဲဆောက်မြို့ရှိ မြန်မာ ဘုန်းကြီးကျောင်းများ၌ မြန်မာသံဃာတော်များ ကျောင်းထိုင်အဖြစ် သီတင်းသုံးနိုင်ရန် ရည်ရွယ်၍ သံဃာတော်များနှင့် ဂေါပကအဖွဲ့ဝင်များအား ယမန် နေ့က လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
သံအမတ်ကြီးနှင့်အတူ လိုက်ပါကူညီဆောင်ရွက်ခဲ့သူ မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားရေးကော်မတီ(JACBA)...
ပရိယာယ်မျိုးစုံ ကျင့်သုံးနေမှုများ ရပ်တန်းကရပ်သင့်ပြီ
(မောင်ကျော်စွာ)
၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁ဝရက်
လူအများက ယခုလတ်တလော စိတ်ဝင်တစား အကဲခတ် စောင့်ကြည့်နေကြသည့် ကိစ္စများထဲတွင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ”သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မည်။ ယခုလ(အောက်တိုဘာ)အတွင်း ဖြစ် မြောက်ရန် အစိုးရဘက်မှ ကြံစည်နေပါသည်။
ယင်းကိစ္စအပေါ် နိုင်ငံရေးရှုဒေါင့်မှ ပြောရမည်ဆိုလျှင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်း”ကိစ္စ...
မြေယာဥပဒေသစ်သည် တောင် သူများအတွက် အကာကွယ် မဲ့ဖြစ်နေဆဲဟု မွန်လူ့အခွင့် အရေးပြော
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံအတွင်း လက်ရှိပြဌာန်းထားသည့် လယ်ယာမြေဥပဒေသစ်သည် မွန်တောင်သူလယ်သမားများအတွက် မြေယာအခွင့်အရေးများကို အာမခံချက်ပေးထားမှုများ ကင်းမဲ့နေဆဲဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောကြားလိုက်သည်။
အပြောင်းအလဲကာလအတွင်း တောင်သူများသည် ၎င်းတို့လယ်ယာမြေအတွက် တရားမျှတမှုရလာဒ်ရရှိရန် လှုပ်ရှားရုန်းကန်ရာ တွင် ကြုံတွေ့နေရသည့် အခက်အခဲဟန့်တားမှုများ၊ မျှတသည့် ဆုံးဖြတ်ချက်နှင့် အလှမ်းဝေးနေရသည့်အခြေအနေ၊ အစိုးရသစ် လက်ထက်...
အစိုးရ တပ်ပြောင်းရွှေ့ရေး KNU နှင့် အောက်တိုဘာလကုန် တွင် ဆွေးနွေးမည်
အောက်တိုဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်း မြန်မာအစိုးရ၏ တပ်နေရာပြောင်းရွှေ့ရေးကိစ္စ အကောင်အထည် ဖော်သွားရန် ယခုအောက်တိုဘာလ ၂၈ရက်နေ့တွင် KNU နှင့် တွေ့ဆုံဆွေးနွေးကြရန် ယမန်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နှစ်ဖက် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။
KNU ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ဦးဆောင်သော...
ရေဘေးသင့်ကရင်ပြည်သူ ရာနှင့်ချီ အိုးအိမ်မဲ့နေဆဲဟု FBR ထုတ်ပြန်
အောက်တိုဘာ ၉ရက်၊၂၀၁၃ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ယခုနှစ် မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ရာနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger-FBR)က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။
ဇူလိုင်လကုန်ပိုင်းမှ ဩဂုတ်လဆန်းပိုင်းအထိ ဖြစ်ပွားခဲ့သည့် ၎င်းရေကြီးမှုတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျေးရွာပေါင်း...
ဖားအံမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ရေးနှင့် အသစ်ရေးရန် NLD ဆွေးနွေး
အောက်တိုဘာ ၆ရက်၊၂၀၁၃ခုနှစ်။ စောညွန့်သောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ နန်းခင်ထွေးမြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမတွင် ပြည်သူများနှင့် အောက်တိုဘာ ၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းဆွေးနွေးပွဲတွင် NLD က ၂၀၀၈...















