Home သတင်း မဲ‌ဆောက်တွင် မြန်မာဘုန်းကြီးများ ‌ကျောင်းထိုင်ခန့်နိုင်ရန် မြန်မာသံအမတ် လာ‌ရောက်‌ဆွေး‌နွေးခဲ့

မဲ‌ဆောက်တွင် မြန်မာဘုန်းကြီးများ ‌ကျောင်းထိုင်ခန့်နိုင်ရန် မြန်မာသံအမတ် လာ‌ရောက်‌ဆွေး‌နွေးခဲ့

1965

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးတင်ဝင်းသည် ဘန်‌ကောက်မြို့မှ မဲ‌ဆောက်မြို့ရှိ မြန်မာ ဘုန်းကြီး‌ကျောင်းများ၌ မြန်မာသံဃာ‌တော်များ ‌ကျောင်းထိုင်အဖြစ် သီတင်းသုံးနိုင်ရန် ရည်ရွယ်၍ သံဃာ‌တော်များနှင့် ‌ဂေါပကအဖွဲ့ဝင်များအား ယမန် ‌နေ့က လာ‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

သံအမတ်ကြီးနှင့်အတူ လိုက်ပါကူညီ‌ဆောင်ရွက်ခဲ့သူ မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုး က “သံအမတ်ကြီးအ‌နေနဲ့ ဒီကမြန်မာ‌ကျောင်းမှာ သီတင်းသုံး‌နေတဲ့ မြန်မာဘုန်း‌တော်ကြီး‌တွေကို ‌ကျောင်းထိုင်အဖြစ် ထားရှိဖို့ တပည့်ဒါယကာ‌တွေ၊ ‌ဂေါပကအဖွဲ့ဝင်အားလုံးက သ‌ဘောတူလက်မှတ်‌ရေးထိုးပြီး တင်‌မြောက်ဖို့ကို အဓိကထားပြီး ‌ဆွေး‌နွေး သွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် ‌တောရ‌ကျောင်း၊ ‌ကျောင်းကြီး‌ကျောင်း၊ မယ်‌တော်‌ကျောင်း၊ ‌ကျောင်းသစ်‌ကျောင်းနှင့် တပ်မအာ(ထမ့်အာ) ‌ကျောင်း စသည့် မြန်မာဘုန်းကြီး‌ကျောင်း ၅‌ကျောင်းရှိသည့်အနက် သံအမတ်ကြီးသည် ‌တောရ‌ကျောင်း၊ ‌ကျောင်းကြီး‌ကျောင်း နှင့် မယ်‌တော်‌ကျောင်းများသို့ သွား‌ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကလည်း အထူးသဖြင့် ‌တောရ‌ကျောင်းနှင့် မယ်‌တော်‌ကျောင်းကို ‌ကျောင်းထိုင်ဆရာ‌တော် အမြန်ဆုံး တင်‌မြှောက်နိုင်‌ရေး သက်ဆိုင်ရာ ‌ဂေါပကအဖွဲ့များ အားလုံး ကြိုးပမ်းကြရန် တိုက်တွန်း‌ပြောဆိုခဲ့သလို အခြား‌ကျောင်း တိုက်များအတွက်လည်း ကူညီလုပ်‌ဆောင်‌ပေးသွားမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

ယင်းသို့ ‌ကျောင်းထိုင်အဖြစ် ‌ရွေးချယ်ရာတွင် အ‌ရွေးခံရသူ ဆရာ‌တော်၏ ဘွဲ့အမည်နှင့် လက်မှတ်ထိုးထားသည့်စာကို ထိုင်းနိုင် ငံဆိုင်ရာ မြန်မာသံရုံးမှတဆင့် မြန်မာနိုင်ငံရှိ သာသနာ‌ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ သံဃာ့ရာဇာအဖွဲ့များထံသို့ အ‌ကြောင်း ကြားစာ ‌ပေးပို့ခြင်းဖြင့် နှစ်နိုင်ငံအစိုးရက အသိအမှတ်ပြုသွားမည်ဖြစ်သည်။

‌တောရ‌ကျောင်းတိုက်မှ ‌ဂေါပကအဖွဲ့ဝင် မန်းမျိုးမြင့်က “အခု သံအမတ်ကြီးလာသွားတဲ့ ‌တောရ‌ကျောင်းမှာဆိုရင် ‌ကျောင်းထိုင် ဆရာ‌တော်ဟာ မြန်မာဘုန်းကြီးဖြစ်‌ပေမယ့် တရားဝင် အသိအမှတ်မပြုရ‌သေးဘူး။ ‌နောက် မယ်‌တော်‌ကျောင်းမှာကျ‌တော့ လည်း ‌ကျောင်းထိုင်က ပျံလွန်‌တော်မူသွားတဲ့အတွက် လက်ရှိ ‌ကျောင်းထိုင် မရှိ‌သေးဘူး။”ဟု ဆက်‌ပြောသည်။

Photo-JACBA (မြန်မာသံအမတ် ဦးတင်ဝင်းနှင့် မဲ‌ဆောက်ရှိ မြန်မာသံဃာ‌တော်များ)
Photo-JACBA (မြန်မာသံအမတ် ဦးတင်ဝင်းနှင့် မဲ‌ဆောက်ရှိ မြန်မာသံဃာ‌တော်များ)

မဲ‌ဆောက်မြို့၌ လက်ရှိ မြန်မာဘုန်းကြီး‌ကျောင်းများတွင် ‌ကျောင်းကြီး‌ကျောင်း၊ ‌ကျောင်းသစ်‌ကျောင်းနှင့် တပ်မအာ‌ကျောင်းတို့ တွင် ထိုင်းဘုန်း‌တော်ကြီးက ‌ကျောင်းထိုင်ဆရာ‌တော်အဖြစ် သီတင်းသုံး ‌နေထိုင်လျှက်ရှိသည်။ ထိုင်းနိုင်ငံဥပ‌ဒေအရ သာသနာ ‌ရေးနှင့် သက်ဆိုင်သည့် မြန်မာဘုန်းကြီး‌ကျောင်းများတွင် ‌ကျောင်းထိုင်အဖြစ် သီတင်းသုံး‌သော မြန်မာဘုန်း‌တော်ကြီးများ ပျံလွန် ‌တော်မှုပါက ထိုင်းသံဃာ‌တော်များမှ အစားထိုး သီတင်းသုံးခွင့်ရှိသဖြင့် ‌ကျောင်းထိုင်ထားရှိ‌ရေးနှင့် ပတ်သက်ပြီး မဲ‌ဆောက်မြို့ တွင် အငြင်းပွားမှုများ ဖြစ်‌ပေါ်ခဲ့ဖူးသည်။

အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်မွန် မြန်မာဘုန်းကြီး‌ကျောင်း၊ မဲ‌ဟောင်‌ဆောင်ခရိုင် မယ့်စရီးယန်းမြို့နယ်ရှိ မန္တ‌လေး ‌ကျောင်းတို့တွင် မြန်မာသံဃာ‌တော်များကို ‌ကျောင်းထိုင်အဖြစ် တင်‌မြှောက်နိုင်ခဲ့ပြီး ယခု မဲ‌ဆောက်ရှိ ‌တောရ‌ကျောင်းနှင့် မယ်‌တော်‌ကျောင်းကိုလည်း မြန်မာ‌ကျောင်းထိုင်သံဃာ‌တော်များ ထားရှိရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။