Home သတင်း မွန်နှင့် ကရင်ပြည်နယ် နှစ်လမ်း သွားကားလမ်း မိုးကုန်လျှင် စတင်‌ဖောက်လုပ်မည်

မွန်နှင့် ကရင်ပြည်နယ် နှစ်လမ်း သွားကားလမ်း မိုးကုန်လျှင် စတင်‌ဖောက်လုပ်မည်

2479
Photo-KIC (လက်ရှိ ဇာသပြင်-ကျိုက်မ‌ရော ကားလမ်း)

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် တရနာ‌ကျေးရွာမှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ‌ချောင်းနှစ်ခွ‌ကျေးရွာအထိ ဆက် သွယ်သည့် နှစ်လမ်းသွား ကားလမ်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌အေဂျင်စီ (Japan International Cooperation Agency- JICA) ၏ ကူညီမှုဖြင့် မိုးကုန်လျှင် စတင် ‌ဖောက်လုပ်‌တော့မည်ဖြစ်‌ကြောင်း သိရသည်။

‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် JICA က ယင်းနှစ်လမ်းသွား ‌မော်‌တော်ကားလမ်း‌ဖောက်လုပ်ရန် ကျပ်သန်း‌ပေါင်း ၉‌ထောင် ‌ကျော်ကို အတိုး အနည်းငယ်ဖြင့် ‌ချေး‌ပေးထားသည်ဟု မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွား‌ရေးဝန်ကြီး ‌ဒေါက်တာမင်းနွယ်စိုးက ‌ပြောသည်။

“တရနာ-‌ချောင်းနှစ်ခွလမ်းက ဒီနှစ်စလုပ်မယ်။ ကျ‌နော်တို့နဲ့ သ‌ဘောတူထားတာက ဒီ ၂၀၁၃-၂၀၁၄မှာ စမယ်လို့ JICA နဲ့ သ‌ဘောတူထားတယ်။”ဟု ‌ဒေါက်တာမင်းနွယ်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အရှည် ၂၃မိုင် ၆ဖာလုံခန့်ရှိသည့် လမ်းအ‌ဟောင်းကို နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ၂၀၁၃-၂၀၁၄ စီမံကိန်းတွင် လမ်းပိုင်း အကြမ်းပြီးစီး‌အောင် ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်စီမံကိန်းအတွက် နှစ်လမ်းသွား ကတ္တရာလမ်း အပြီးခင်းသွားမည် ဟု သိရသည်။

JICA အ‌နေဖြင့် ‌ငွေ‌ချေး‌ပေးသည့်အပြင် လမ်း‌ဖောက်လုပ်ရာတွင်လည်း နိုင်ငံတကာအဆင့်မှီလမ်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာများကိုလည်း ကူညီ‌ဆောင်ရွက်‌ပေးရန် စီစဉ်ထားလျှက်ရှိသည်ဟုလည်း ‌ဒေါက်တာမင်းနွယ် စိုးက ဆိုသည်။

ကရင်ပြည်နယ်မှ မွန်ပြည်နယ် ကျိုက်မ‌ရောသို့ သွားလာသူ ဆရာ‌စော‌အောင်‌ကျော်‌လေးက “ဒီလမ်းက အခု ကတ္တရာနည်းနည်း နဲ့ ‌မြေနီလမ်းပဲ။ အခု နှစ်လုံးသွား ကားလမ်းအ‌ချော ‌ဖောက်မယ်ဆိုရင် သွားလာ‌ရေး ပိုအဆင်‌ပြေသွားတာ‌ပေါ့။”ဟု ‌ပြောသည်။

JICA မှ ရရှိသည့် ‌ငွေများကို ပြည်နယ်ဝန်ကြီးဌာနမှတဆင့် ပြည်နယ်‌ဆောက်လုပ်‌ရေးလုပ်ငန်းဌာနသို့ လွှဲ‌ပြောင်း‌ပေးကာ ထိုမှ တဆင့် ပြည်နယ်‌ဆောက်လုပ်‌ရေးက လမ်း‌ဖောက်လုပ်‌ရေးစီမံကိန်းကို ဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည် ဖြစ်သည်။

ထို့အပြင် JICA ‌ချေး‌ပေးသည့်‌ငွေသည် တနှစ်လျှင် အတိုး ဝ.၄ရာခိုင်နှုန်းဖြင့် ဆယ်နှစ်အတွင်း အတိုးမယူဘဲ ‌ချေး‌ပေးမည်ဖြစ်ပြီး အနှစ် ၃ဝအတွင်း ယင်း‌ချေး‌ငွေများကို ပြန်ဆပ်ရသည့် စီမံကိန်းဖြစ်‌ကြောင်း သိရသည်။