Home သတင်း ‌မြေယာဥပ‌ဒေသစ်သည် ‌တောင် သူများအတွက် အကာကွယ် မဲ့ဖြစ်‌နေဆဲဟု မွန်လူ့အခွင့် အ‌ရေး‌ပြော

‌မြေယာဥပ‌ဒေသစ်သည် ‌တောင် သူများအတွက် အကာကွယ် မဲ့ဖြစ်‌နေဆဲဟု မွန်လူ့အခွင့် အ‌ရေး‌ပြော

1964
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း လက်ရှိပြဌာန်းထားသည့် လယ်ယာ‌မြေဥပ‌ဒေသစ်သည် မွန်‌တောင်သူလယ်သမားများအတွက် ‌မြေယာအခွင့်အ‌ရေးများကို အာမခံချက်‌ပေးထားမှုများ ကင်းမဲ့‌နေဆဲဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်းက ‌ပြောကြားလိုက်သည်။

အ‌ပြောင်းအလဲကာလအတွင်း ‌တောင်သူများသည် ၎င်းတို့လယ်ယာ‌မြေအတွက် တရားမျှတမှုရလာဒ်ရရှိရန် လှုပ်ရှားရုန်းကန်ရာ တွင် ကြုံ‌တွေ့‌နေရသည့် အခက်အခဲဟန့်တားမှုများ၊ မျှတသည့် ဆုံးဖြတ်ချက်နှင့် အလှမ်း‌ဝေး‌နေရသည့်အ‌ခြေအ‌နေ၊ အစိုးရသစ် လက်ထက် ပြဌာန်းခဲ့သည့် ‌မြေယာဥပ‌ဒေသစ်တွင် မွန်‌တောင်သူများအတွက် အကာအကွယ်မဲ့ဖြစ်‌နေသည့်အ‌ပေါ် မွန်ပြည်လူ့အ ခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်းက “တရားမဲ့နယ်‌မြေ”အမည်ရှိ အစီရင်ခံစာတစ်‌စောင်ကို ယ‌နေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အရပ်သားအစိုးရလက်ထက် ပြဌာန်းဖြစ်ခဲ့တဲ့ ‌မြေယာဥပ‌ဒေသစ်‌တွေဟာ မွန်‌တောင်သူလယ်သမား‌တွေ၊ ခြံရှင်‌တွေအတွက် အကာအကွယ်‌ပေးဖို့ ပျက်ကွက်ဆဲဖြစ်တဲ့ အ‌နေအထား‌တွေကို အဓိက ‌ပြောထားတာပါ။”ဟု မွန်ပြည်လူ့အခွင့်အ‌ရေး‌ဖောင်‌ဒေး ရှင်း တာဝန်ခံ နိုင်အွန်းမွန်က ‌ပြောသည်။

လက်ရှိ ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လယ်ယာ‌မြေသိမ်းဆည်းခံရမှု ပြဿနာများနှင့် ပတ်သက်၍ မွန်‌ဒေသအတွင်းရှိ နိုင်ငံ ‌ရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ အ‌နေဖြင့် ဝိုင်းဝန်းကူညီ‌ဆောင်ရွက်‌ပေးရန်လည်း အစီရင်ခံစာက တိုက်တွန်းထား သည်။

ဆက်လက်၍ နိုင်အွန်းမွန်က “မွန်နိုုင်ငံ‌ရေးပါတီ‌တွေ လက်နက်ကိုုင်အဖွဲ့အစည်း‌တွေ သူတို့ရဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ လယ် သမား‌တွေရဲ့ အခွင့်အ‌ရေးကို ကူညီဖို့၊ ဝိုင်းဝန်းတိုက်ပွဲဝင်‌ပေးဖို့ ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲ‌တွေမှာ လယ်သမားအခွင့်အ‌ရေး ‌တွေ ‌ဆွေး‌နွေး‌ပေးဖို့၊ လယ်ယာ‌မြေဥပ‌ဒေသစ်ရဲ့ ‌တောင်သူ‌တွေအ‌ပေါ် အကာအကွယ်မဲ့‌နေမှုကို ပြုပြင်‌ရေးဆွဲ‌ပေးဖို့ ‌တောင်းဆို ထားတယ်။”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂၊ မတ်လမှစ၍ ပြဌာန်းခဲ့‌သော လယ်ယာ‌မြေဥပ‌ဒေတွင် ‌လျော်‌ကြေး‌ငွေကိစ္စကို ရှင်းရှင်းလင်းလင်း ‌ဖော်ပြထား ခြင်း မရှိသကဲ့သို့ ‌မြေလွတ်‌မြေရိုင်းဥပ‌ဒေကလည်း မိရိုးဖလာပိုင်ဆိုင်မှုကို ငြင်းပယ်ကန့်ကွက်ခဲ့သည်ဟုလည်း ယင်းအစီရင်ခံစာ တွင် ပါရှိသည်။

ထို့အပြင် မြန်မာအစိုးရသစ် တက်လာသည့် ၂၀၁၁ခုနှစ်‌နောက်ပိုင်း စစ်တပ်က ပြည်သူတို့၏ လယ်ယာ‌မြေများကို ဆက်လက် သိမ်းယူ‌နေသည့်အပြင် ၎င်းတို့နှင့် ငြိမ်းချမ်း‌ရေးရယူထား‌သော လက်နက်ကိုင်အဖွဲ့တချို့ကို ‌မြေယာစီမံ‌ဆောင်ရွက်ခွင့်များ တစုံ တရာ ခွင့်ပြုချက်‌ပေးခဲ့သည်ဟု အစီရင်ခံစာတွင် ‌ထောက်ပြထားသည်။

ယင်း‌မြေယာသိမ်းဆည်းမှု ပြဿနာများကို ‌ဖြေရှင်းရန် ၂၀၁၂ခုနှစ်၊ ဩဂုတ်လအတွင်းက ပြည်‌ထောင်စုလွှတ်‌တော်တွင် တိုင်းနှင့် ပြည်နယ်အလိုက် ဦးတင်ထွဋ် ဦး‌ဆောင်သည့် အဖွဲ့ဝင် ၆ဝဦးတို့ဖြင့် လယ်ယာ‌မြေများနှင့် အခြား‌မြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်‌ဆေး‌ရေး‌ကော်မရှင် ဖွဲ့စည်းခဲ့သည်။

ထို‌ကော်မရှင်တွင် မြန်မာနိုင်ငံ‌တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်းအတွက်ဟူ၍ ‌မြေယာစုံစမ်း‌ရေး‌ကော်မ ရှင်၏ အဖွဲ့‌ခေါင်း‌ဆောင်များအဖြစ် ဦး‌ဌေးဝင်း၊ ‌ဒေါ်မိမြင့်သန်း(‌ရေးမဲဆန္ဒနယ်)၊ နန်း‌စေးအွာ(ဖားအံမဲဆန္ဒနယ်)၊ ဦးစိုင်းသန်းနိုင် (ဖာပွန်မဲဆန္ဒနယ်)နှင့် ဦးဝင်းဦး(‌ရေဖြူမဲဆန္ဒနယ်) တို့ပါဝင်ပြီး ၎င်းတို့အ‌နေဖြင့် အဆိုပါ‌ဒေသများအတွင်း ‌မြေသိမ်းဆည်းခံရမှု အ‌ခြေအ‌နေများကို ကွင်းဆင်းစစ်‌ဆေးကြည့်ရာတွင် အများစုမှာ စစ်တပ်မှ သိမ်းဆည်းထားခြင်းဖြစ်‌ကြောင်း ‌ကော်မရှင်အဖွဲ့ဝင် ‌ဒေါ်မိမြင့်သန်းက ‌ပြောသည်။

၁၉၉၅ခုနှစ်မှ ယခုအချိန်ထိ ‌ရေး၊ သံဖြူဇရပ်၊ မုုဒုုံ၊ ကျိုက်မ‌ရောနှင့် ‌ရေဖြူမြို့နယ် (တနသင်္ာရီတိုုင်း ‌မြောက်ပိုုင်း၊ မွန်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့ ‌ဒေသ) များတွင် စစ်တပ်မှ ‌မြေဧက‌ပေါင်း ၂‌သောင်းနီးပါးရှိသည်။ ယခုအခါ ကျိုက်မ‌ရောမြို့နယ်တွင် ဘိလပ်‌မြေ စက်ရုံတည်‌ဆောက်ရန်အတွက် ‌ဇေကမ္ဘာကုုမ္ဗဏီ၊ Pacific Link နှင့် June Company တိုု့က နိတုုံ၊ မဲဂရိုုး၊ ကဒုုံစစ်၊ ‌ကော့ဒွန်၊ ‌ကော့ပ‌နော၊ ကွမ်ငမ်း ‌ကျေးရွာများ၌လည်း ‌မြေယာများကို မတရားသိမ်းဆည်းထားသည်။

၁၉၉၅ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မွန်ပြည်လူ့အခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်းသည် မွန်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက် ခံရမှု အ‌ခြေအ‌နေများကို အချက်အလက် ‌ကောက်ယူစု‌ဆောင်းခဲ့ပြီး ၂၀၁၁ခုနှစ်ကလည်း “ပြည်သူတို့၏ ‌မြေယာများအား အစိုးရ ‌ရေတပ်မှ အဓမ္မသိမ်းဆည်းခြင်း” ‌ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်‌စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။