Home ဆောင်းပါး ပရိယာယ်မျိုးစုံ ကျင့်သုံး‌နေမှုများ ရပ်တန်းကရပ်သင့်ပြီ

ပရိယာယ်မျိုးစုံ ကျင့်သုံး‌နေမှုများ ရပ်တန်းကရပ်သင့်ပြီ

1960

(‌မောင်‌ကျော်စွာ)

၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ ၁ဝရက်

လူအများက ယခုလတ်တ‌လော စိတ်ဝင်တစား အကဲခတ် ‌စောင့်ကြည့်‌နေကြသည့် ကိစ္စများထဲတွင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပွဲ”သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မည်။ ယခုလ(‌အောက်တိုဘာ)အတွင်း ဖြစ် ‌မြောက်ရန် အစိုးရဘက်မှ ကြံစည်‌နေပါသည်။

ယင်းကိစ္စအ‌ပေါ် နိုင်ငံ‌ရေးရှု‌ဒေါင့်မှ ‌ပြောရမည်ဆိုလျှင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ကြောင်း ‌ကြေညာခြင်း”ကိစ္စ သည် အစိုးရဘက်မှသာ တာဝန်ယူ ‌ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါသည်။ ငြိမ်းချမ်း‌ရေးကို လိုလားသည့်/ အပြုသ‌ဘော‌ဆောင် သည့် ‌ဖော်ပြချက်အဖြစ် အစိုးရဘက်မှ တစ်ဖက်သတ် ‌ကြေညာ‌ပေးရမည့်ကိစ္စလည်း ဖြစ်သည်။

စစ်‌ရေးရှု‌ဒေါင့်မှ ‌ပြောရမည်ဆိုလျှင်လည်း ဗျူဟာ‌မြောက် ထိုးစစ်ကြီးများကို အစိုးရစစ်တပ်ဘက်မှသာ ပြုလုပ်နိုင်သည့် ကိစ္စ / ပြုလုပ်မြဲကိစ္စဖြစ်ပါသည်။ အစိုးရစစ်တပ်ဘက်မှ ယင်းသို့‌သော ဗျူဟာ‌မြောက် ထိုးစစ်ကြီးများကို ရပ်ဆိုင်းထားလိုက်ပြီဆို လျှင် တိုက်ပွဲဖြစ်စရာ / ‌သေနတ်သံ ထွက်‌ပေါ်လာစရာ အ‌ကြောင်းမရှိ‌တော့‌ချေ။

သို့‌သော်လည်း မြင်‌တွေ့သိရှိ‌နေရသည့်အတိုင်း ‌ပြောရလျှင် သမ္မတဦးသိန်းစိန်အစိုးရသည် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ‌ကြောင်း တာဝန်ယူပြီး ‌ကြေညာနိုင်သည်မဟုတ်။ သမ္မတနှင့် အစိုးရသည် စစ်တပ်အ‌ပေါ် အမိန့်‌ပေးညွှန်ကြားနိုင်ခြင်းမရှိ၊ စစ်တပ်ကလည်း သမ္မတနှင့် အစိုးရ၏ ညွန်ကြားချက်များကို နာခံသည်မဟုတ်‌ချေ။ ယင်းသို့သမ္မတ၏ ညွန်ကြားချက်ကို စစ်တပ် က မနာခံသည့်ဖြစ်ရပ်ကို ကချင်ပြည်နယ်ထိုးစစ်များအတွင်း အထင်အရှား သိမြင်သ‌ဘော‌ပေါက်ခဲ့ကြပြီး ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်နှင့် သူ့အစိုးရသည် စစ်တပ်အ‌ပေါ် ဩဇာမ‌ညောင်းသကဲ့သို့ လူသတ်၊ မီးရှို့၊ ဘာသာ‌ရေးခုတုံးလုပ်‌နေသည့် အကြမ်း ဖက်သမား လူရမ်းကားများကိုလည်း ထိ‌ရောက်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိပါ။ ဤအချက်ကိုလည်း မကြာမြင့်မီကာလက ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သမ္မတဦးသိန်းစိန် ‌ရောက်ရှိ‌နေစဉ်အတွင်း ဖြစ်‌ပေါ်ခဲ့သည့် အကြမ်းဖက်မှုများက သက်‌သေပြသ‌နေပါ သည်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးရာတွင် မည်သည့်အချက်‌တွေ ပါဝင်‌နေပါသနည်း။
ဤကိစ္စတွင်လည်း အစိုးရဘက်က ပွင့်လင်းမှုမရှိ‌ချေ။ လက်မှတ်‌ရေးထိုးကြရမည်ဟုသာ တွင်တွင်‌ပြော‌နေသည်။ မည်သည့်အချက်‌တွေ ပါဝင်‌နေသည်ကို တစ်တိုင်းတစ်ပြည်လုံး သိရှိ‌အောင် ထုတ်ပြန်‌ပေးရမည်။ ယင်းအချက်ကို ယခုအချိန်ထိ ထုတ်ပြန်‌ကြေညာခြင်း မရှိ‌သေး။ အစိုးရငြိမ်းချမ်း‌ရေးလုပ်ငန်း‌ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦး‌အောင်မင်းက “အဖွဲ့မည်မျှက လက်မှတ်‌ရေးထိုးရန် ‌သေချာ‌နေပြီး၊ ဘယ်နှစ်ဖွဲ့သာကျန်သည်”ဟု ‌ပြောဆို‌နေသည်မှာ နိုင်ဖဲကိုင်ထားနိုင်သည့် ဖဲဒိုင်၏ ‌မော်ကြွား မှုမျိုးနှင့် တူ‌နေပါသည်။ သို့အတွက် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးရာတွင် ပါဝင်သည့်အချက်များကို တစ်တိုင်းတစ်ပြည်လုံးက သိရှိ‌အောင် ‌ကြေညာ‌ပေးရန် အစိုးရတွင် တာဝန်ရှိသည်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီးလျှင် နိုင်ငံ‌ရေး‌ဆွေး‌နွေးစတင်‌ရေး ဖြစ်ပါသည်။ သို့‌သော်လည်း လက်ရှိ ဖြစ်‌ပေါ်‌နေ သည့် အ‌ခြေအ‌နေမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပွဲ မည်သည့်‌နေ့ရက်တွင် စတင်မည်/ မည်သည့်အဖွဲ့ အစည်းများက ပါဝင်လက်မှတ်‌ရေးထိုးမည် / မထိုးမည် စသည့်ကိစ္စများမှာ မ‌ရေရာ မ‌သေချာလှ‌သော အ‌နေအထားဖြစ်ပါသည်။

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် မည်သည့်အ‌ကြောင်းအရာများ ‌ဆွေး‌နွေးကြမည်နည်း။
၂၀၀၈ အ‌ခြေခံဥပ‌ဒေကိစ္စသည် ‌ဆွေး‌နွေးပွဲတွင် အဓိက ‌ဆွေး‌နွေးစရာ အ‌ကြောင်းအရာ ဖြစ်ပါလိမ့်မည်။ ပြည်တွင်းစစ် ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေကိစ္စတို့သည် တစ်ခုချင်း သီးခြားစီ ခွဲခြား‌ဆွေး‌နွေး‌ဖြေရှင်းရမည့်ကိစ္စ မဟုတ်ဘဲ။ တစ်ပြိုင်တည်း ‌ဆွေး‌နွေး‌ဖြေရှင်းကြရမည့် ကိစ္စများ ဖြစ်ပါသည်။
ထိုသို့‌ဆွေး‌နွေးကြရာတွင် အစိုးရဘက်မှ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲ ဝင်‌ရေးကိုသာ တစ်ဖက်သတ် ‌ဇောင်း‌ပေး ‌ဆွေး‌နွေးမည်ဆိုလျှင် ရလဒ်‌ကောင်း/အ‌ဖြေ‌ကောင်း ရနိုင်လိမ့်မည်မဟုတ်ပါ။

၂၀၀၈ အ‌ခြေခံဥပ‌ဒေသည် ဒီမိုက‌ရေစီစံနှုန်းများ၊ လူ့အခွင့်အ‌ရေးစံနှုန်းများ၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနှုန်း များဖြင့် ကိုက်ညီခြင်းမရှိသည်ကို နိုင်ငံ‌ရေးအင်အားစုတိုင်းက နားလည် သ‌ဘော‌ပေါက်ထားပြီးဖြစ်သည့် ကိစ္စများ ဖြစ်ပါသည်။

၁၉၄၇ အ‌ခြေခံဥပ‌ဒေ၊ ၁၉၇၄ အ‌ခြေခံဥပ‌ဒေ၊ ၂၀၀၈ အ‌ခြေခံဥပ‌ဒေတို့တွင် လူမျိုး‌ပေါင်းစုံပြည်သူများအတွက် စစ်မှန် ပြည့်ဝ‌သော ဒီမိုက‌ရေစီ အခွင့်အ‌ရေး၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေးများ မပါရှိ‌ချေ။ သို့ပါ၍ ပြည်တွင်းစစ်မီး သည် ယ‌နေ့တိုင် ရှည်ကြာ‌နေခဲ့ရခြင်း ဖြစ်ပါသည်။
IMG_1262

ထို့အပြင် အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာသည့် နိုင်ငံ‌ရေးနည်းလမ်းဖြင့် မ‌ဖြေရှင်းခဲ့။ စစ်‌ရေးနည်းဖြင့် အပြုတ်တိုက် ‌ချေမှုန်း‌ရေးကို အဓိကထားခဲ့ပြီး။ “‌စေ့စပ်‌ဆွေး‌နွေး‌ရေး”ကို ပရိယာယ်တစ်ရပ်၊ လှည့် ဖြားဖြိုခွဲသည့် နည်းလမ်းတစ်ရပ်အဖြစ် ကျင့်သုံးခဲ့ကြသည်။ သို့ဖြင့် “လက်နက်နှင့် ဒီမိုက‌ရေစီလဲလှယ်ခြင်း”၊ လက်နက်နှင့် ငြိမ်း ချမ်း‌ရေးလဲလှယ်ခြင်း”၊ “လက်နက်နှင့် လက်ပ်‌တော့/ကားပါမစ်လဲလှယ်ခြင်း” စ‌သော လက်နက်ချအညံ့ခံသည့်ပုံစံမျိုးစုံ ဖြစ်ရပ် များ ‌ပေါ်‌ပေါက်ခဲ့ရသည်။ လူမျိုး‌ပေါင်းစုံ ပြည်သူများအတွက်မူ ငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီ၊ တန်းတူ‌ရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့်ရှိ‌ရေး တို့မှာမူ ‌ဝေး‌နေမြဲ၊ ‌ဝေး‌နေဆဲပင် ဖြစ်ပါသည်။

သို့ပါ၍ လက်ရှိ ဦးသိန်းစိန်အစိုးရအ‌နေဖြင့်လည်း ‌ရေရှည်တည်တံ့မည့် ငြိမ်းချမ်း‌ရေးကို တကယ်တမ်း လိုလားသည်ဆို လျှင် သ‌ဘောထားမှန်ဖို့ လိုပါသည်။ နိုင်ငံ‌ရေးအင်အားစုအားလုံးနှင့် တန်းတူရည်တူ၊ ဒီမိုက‌ရေစီနည်းကျ ‌ဆွေး‌နွေး‌ဖြေရှင်းဖို့ လိုပါသည်။

တိုင်းရင်းသားအင်အားစုများဘက်မှ “ခွဲထွက်မည်မဟုတ်”ဟူသည့် သ‌ဘောထားအ‌ခြေခံကို ဦးသိန်းစိန်အစိုးရအ‌နေဖြင့် သိရှိထားပြီးဖြစ်သည်။ သို့ပါ၍ အပြန်အလှန်အားဖြင့် တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် ‌တောင်းဆိုခဲ့ကြသည့် တန်းတူ‌ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေးများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ အာမခံချက်‌ပေးရန် ဦးသိန်းစိန်အစိုးရတွင် တာဝန်ရှိ‌နေပါ သည်။

သို့ပါ၍ လက်နက်ချအညံ့ခံလာ‌ရေးအတွက် ပရိယာယ်မျိုးစုံဖြင့် ကျင့်သုံးလုပ်‌ဆောင်‌နေမှုများကို ရပ်တန်းက ရပ်သင့် ‌ပေပြီ။ လူမျိုး‌ပေါင်းစုံ ပြည်သူများ၏ ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး နှင့် ဖွံ့ဖြိုးတိုးတက်‌ရေးတို့အတွက် အ‌ခြေခံအုတ်မြစ်များ ချမှတ်နိုင်မည့် ညီလာခံကြီးတစ်ရပ်ကျင်းပပြီး အနာဂတ် ဒီမိုက‌ရေစီ ပြည်‌ထောင်စု၏ ပုံစံပြာကို ‌ဆွေး‌နွေးညှိနှိုင်း‌ရေး ဆွဲချမှတ်ကြရန် လိုအပ်ပါသည်။