Hay Htoo
မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်း ချမ်းရေးဖော်ဆောင်ခဲ့မှုများကို ကေ အဲန်ယူသွားရောက်လေ့လာ
အောက်တိုဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်းရေးဆိုင်ရာ ဖော်ဆောင်ခဲ့မှုလုပ်ငန်းများကို လေ့လာရန် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ တွဲဖက်အတွင်းရေးမှူး(၂) ပဒို မန်းမန်းမန်းဦးဆောင်သည့် ကိုယ်စားလှယ် ၇ဦးသည် ယနေ့ အောက်တိုဘာ ၂၈ရက်နေ့ နံနက်တွင် အဂင်္လန်(ဗြိတိန်)နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိလျှက်ရှိသည်။
ခရီးစဉ်တွင် ကေအဲန်ယူ ကိုယ်စားလှယ်များအဖြစ် ပဒို...
KUPC ၏ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ ကရင်အဖွဲ့အစည်းပေါင်းစုံ တက်ရောက်
အောက်တိုဘာ ၂၆ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC)မှ ကြီးမှူးပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာလူထုတွေ့ဆုံပွဲတစ်ရပ်ကို ယနေ့၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းခန်းမတွင် ကျင်းပကာ ကရင်အမျိုးသားအဖွဲ့အစည်း ပေါင်းစုံတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် များ၊ ကရင်လွှတ်တော်အမတ်များ၊...
ကလေးများ၏ မျှော်လင့်ချက်ခေါင်း စဉ်ဖြင့်KSNG ပန်းချီပြပွဲပြုလုပ်
အောက်တိုဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
မြန်မာပြည်တွင်း၌ အကူအညီလိုအပ်သော ကရင်ဒေသအတွင်း ကလေးငယ်အချို့အား ကူညီထောက်ပံ့မှုပေးရန် ရည်ရွယ်၍ ကရင်ကျောင်းသားများကွန်ယက်အဖွဲ့(KSNG)မှ ရန်ပုံငွေရှာသည့်အနေဖြင့် ကလေးများ၏ မျှော်လင့်ချက်(Children’s Hope)အမည်ရှိ ပန်းချီပြပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
မြန်မာပြည်တွင်းရှိ လက်ရှိကလေးများ၏ ကြုံတွေ့ခံစားနေရသော အခြေအနေများကို အများဆုံးပုံဖော်ထား သည့်...
မြဝတီလောင်းကစားမှုများကို ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဟုခရိုင်ရဲမှူး ကြီးပြော
အောက်တိုဘာ ၂၅ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် လောင်းကစားမှုများ ပပျောက်အောင် ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူလုပ်ဆောင်သွားမည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သော လောင်းကစားခုံများ မီးရှို့ ဖျက်ဆီး ခြင်းအခမ်းနားမိန့်ခွန်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးအောင်မြင့်က ပြောကြားလိုက်သည်။
ရဲမှူးကြီး ဦးအောင်မြင့်က...
အယ်ဒီတာ့အာဘော်
ငြိမ်းချမ်းရေးကို အရောင်မဆိုးကြစေချင်
တနှစ်ကျော်ကြာ လုပ်ဆောင်လာခဲ့သော ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးကို အစချီသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခြေလှမ်းများမှာ မကောက်ကွေ့သေးသော်လည်း အသွားနှေးသလို၊ လမ်းလွဲမလို ဖြစ်နေ သည်။ သာဓကပြရသော် ဝန်ကြီးချုပ်ဦးနု၏ “ငြိမ်းချမ်းရေး”ကမ်းလှမ်းချက်များကြောင့် KNU ခေါင်းဆောင် စောဘဦးကြီးနှင့် မန်းဂျိန်းထွန်းအောင်၊ ဘုန်းတော်ကြီးဖရန့်စစ်အာမြတို့သည် အင်းစိန်တိုက်ပွဲများဖြစ်နေသည့်...
နောက်ကွယ်က ညွန်ကြားကြိုးကိုင် သူတွေကို ဖော်ထုတ်ကြ (ဆောင်းပါး)
(မောင်ကျော်စွာ)
(၂၀၁၃ခုနှစ်၊ အောက်တိုဘာ ၂၂ရက်)
(နဝတ-နအဖ)စစ်အစိုးရအုပ်စိုးခဲ့သည့် နှစ် ၂၀ကျော်ကာလကို လက်နက်ကိုင်အင်အားစုများအတွင်း ကွဲအက်မှု/ ခွဲထွက်မှုတွေ အတောမသတ် ပေါက်ကွဲ ပေါ်ထွက်သည့် ကာလဟုဆိုလျှင် ရမည်ထင်ပါသည်။
ကွဲထွက်/ခွဲထွက်ကြရခြင်း၏ မူလအကြောင်းရင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အတွင်းပိုင်းအကြောင်းရင်းကသာ အဓိက ဖြစ်မြဲဖြစ်သော်လည်း အုပ်စိုးသူ၏ ထိုးနှက်ဖြိုခွဲမှုများကလည်း ကိုယ့်ဝမ်းနာကိုယ်သာသည့် အခြေအနေများကြောင့် ထိရောက်မှု...
တိုင်းရင်းသားဘာသာစာပေဖြင့် ဝတ္ထုတိုရေးနည်းအလုပ်ရုံ ဆွေးနွေးပွဲ ဖားအံတွင် ကျင်းပ
အောက်တိုဘာ ၂၃ရက်၊၂၀၁၃ခုနှစ်။ စောညွှန့်သောင်း
တိုင်းရင်းသားဘာသာစာပေဖြင့် ဝတ္ထုတိုရေးသားနည်းအတွက် Hidden words Hidden world ခေါင်းစဉ် ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ Millennium Centre တွင် အောက်တိုဘာ ၂၁ မှ ၂၅ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
မြို့ခံကရင်စာရေးဆရာများနှင့် ကရင်စာပေယဉ် ကျေးမှုအဖွဲ့တို့၏...
မျက်ဝန်းလေးထဲ ငုံ့ကြည့်လိုက်ပါ(ကဗျာ)
(လကင်္ာဒီပ)
တလောက ဒုသမ္မတအလာ
ဆန်ဝေပါတယ်ဆိုလားပဲ
နေပူထဲဆန်ဆိုင်က ဆန်တွေထမ်းကာ ဝေပြ
သတင်းမီဒီယာတွေလည်း မှတ်ကြရေးကြ
သမ္မတလည်း အပြန်
ဆန်ဆိုင်ရှင်ကို ဆန်ပြန်ထမ်းပို့ရတဲ့ လုပ်ရပ်
ပြည်သူသတ် ပြည်သူစော်ကား
မှန်တရားဆိုတာ ဖုံးကွယ်စတမ်းလား။
ဟိုမှာ ကြည့်လိုက်စမ်း
လွမ်းသော်လည်း မပြန်ရဲ့
မျက်နှာမွဲ ဒုက္ခသည်တွေ
ရိက္ခာတွေ မစို့မပို့သာ သထာခံရသတဲ့
ပြန်ရာမဲ့ နေရာမဲ့ မျှော်လင့်ချက်မဲ့
လုံခြုံမဲ့ဘဝအခြေအနေ
မိုင်းတွေဝေနေတုန်းရွာ
ဓါးစာခံလုပ်ပြီး အပြန်ခိုင်းအုံးမတဲ့။
ပွေလီထွေလီတဲ့ငြိမ်းချမ်းရေးလုပ်ပွဲ
မြို့ထဲ ရွာထဲ အရပ်ထဲ
မနက်ထဲ မှောင်မဲသွားခဲ့ရော့သလား
ခါးသီးမွန်းကြပ်တဲ့ ဆာလောင်ခြင်း
ပြင်းပြတဲ့ ငြီးငြူသံ အော်ဟစ်သံ
ဪ...ဆက်ဆံရေးရုံးဗလပွလည်း
တကယ်ထဲ...
ကရင်အမျိုးသားများ သဟာယ အသင်းမှ ပထမအကြိမ် ကရင်လူငယ်များတွေ့ဆုံပွဲကျင်းပ
အောက်တိုဘာ ၁၉ရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားများ သဟာယ အသင်းက ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ကရင် လူငယ်များတွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို အောက်တိုဘာ ၁၉ ရက်နေ့တွင် မရမ်းကုန်မြို ့နယ်၊ (၂)ရပ်ကွက် (ခဝဲခြံ)၊ မခမမ ခန်းမ၌ ကျင်းပခဲ့သည်။
အနာဂတ် ကရင်မျိုးဆက်သစ်လူငယ်များ၊...
ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်တော်ဆေးခန်းအတွက် ဘတ်ငွေတစ်သိန်းလှူဒါန်း
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အခမဲ့ဆေးကုမှု ပေးနေသော မယ်တော်ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women's League of the Republic of China -Taiwan)က ထိုင်းဘတ်ငွေတစ် သိန်းနှင့်...















