Home ကဗျာ မျက်ဝန်း‌လေးထဲ ငုံ့ကြည့်လိုက်ပါ(ကဗျာ)

မျက်ဝန်း‌လေးထဲ ငုံ့ကြည့်လိုက်ပါ(ကဗျာ)

3300

(လကင်္ာဒီပ)

တ‌လောက ဒုသမ္မတအလာ
ဆန်‌ဝေပါတယ်ဆိုလားပဲ
‌နေပူထဲဆန်ဆိုင်က ဆန်‌တွေထမ်းကာ ‌ဝေပြ
သတင်းမီဒီယာ‌တွေလည်း မှတ်ကြ‌ရေးကြ
သမ္မတလည်း အပြန်
ဆန်ဆိုင်ရှင်ကို ဆန်ပြန်ထမ်းပို့ရတဲ့ လုပ်ရပ်
ပြည်သူသတ် ပြည်သူ‌စော်ကား
မှန်တရားဆိုတာ ဖုံးကွယ်စတမ်းလား။

ဟိုမှာ ကြည့်လိုက်စမ်း
လွမ်း‌သော်လည်း မပြန်ရဲ့
မျက်နှာမွဲ ဒုက္ခသည်‌တွေ
ရိက္ခာ‌တွေ မစို့မပို့သာ သထာခံရသတဲ့
ပြန်ရာမဲ့ ‌နေရာမဲ့ ‌မျှော်လင့်ချက်မဲ့
လုံခြုံမဲ့ဘဝအ‌ခြေအ‌နေ
မိုင်း‌တွေ‌ဝေ‌နေတုန်းရွာ
ဓါးစာခံလုပ်ပြီး အပြန်ခိုင်းအုံးမတဲ့။

‌ပွေလီ‌ထွေလီတဲ့ငြိမ်းချမ်း‌ရေးလုပ်ပွဲ
မြို့ထဲ ရွာထဲ အရပ်ထဲ
မနက်ထဲ ‌မှောင်မဲသွားခဲ့‌ရော့သလား
ခါးသီးမွန်းကြပ်တဲ့ ဆာ‌လောင်ခြင်း
ပြင်းပြတဲ့ ငြီးငြူသံ ‌အော်ဟစ်သံ
‌ဪ…ဆက်ဆံ‌ရေးရုံးဗလပွလည်း
တကယ်ထဲ အလုပ်မဖြစ်ကြပါဘူး။

‌ဆေးဆိုးပန်းရိုက်နိုင်ငံ‌ရေး
က‌လေးလုပ်ခံရတဲ့ ‌ခေါင်း‌ဆောင်‌တွေ
‌မြော‌နေကြတဲ့ လုပ်ကွက်ပါမစ်‌ရေစီး
ဒီခရီးဒီပုံ ‌နောက်ထပ်နှစ်(၆၀)‌သော်
‌တော်လှန်‌ရေး ‌မျှော်လင့်ချက်ပန်းတိုင်
ပိုင်ပိုင်နိုင်နိုင် တို့ပိုင်ဆိုင်မှာ မဟုတ်ဘူး။

အမိုးအပါးတို့ရဲ့ အ‌ကြွေး‌တွေ ‌ချွေး‌တွေ
စီးကျ‌နေတဲ့ မျက်ရည်
ဖိုးခွား‌ရေ…အ‌ခြေအ‌နေက
သုဿန်တစ ရွာပျက်ကိန်းပါပဲ
ဆုတ်လည်းစူး စားလည်းရူး
ဘဦးကြီးမူ‌တွေလည်း ဘယ်‌ရောက်ဘယ်‌ပေါက်
လွင့်‌ဖျောက်လိုက်သလား
ကိုင်များစွဲကြ‌သေးရဲ့လားပဲ
တချို့လည်း ‌နေပြည်‌တော်ကဲကဲ
တချို့လည်း ‌ကော်သူး‌လေဆို‌နေဆို‌နေ
ငါ့‌လှေငါထိုး ပဲခူး‌ရောက်‌ရောက်‌တွေဖြစ်‌နေကြပြီ။

ရန်သူနဲ့ ပလဲနံပသင့်တဲ့
အုပ်စုဖွဲ့တွင်းနက်တူးသူ‌တွေ
‌ဖောက်ပြန်‌နေတဲ့‌လောက
လစာမရှိတဲ့ ‌တော်လှန်‌ရေးမှာ
သိန်းရာချီ‌တောင်ပြန်လှူနိုင်သူ ရှိတယ်ဆိုလားပဲ
‌ကျောမွဲ‌အောက်‌ခြေလူတန်းစား‌တွေဘဝ
ရုန်းမထ ကုန်းမကြွနိုင်ပုံ
ကြိတ်ဆုံထဲကမျိုး‌စေ့
အချိုး‌ကွေ့ တိုး‌ဝှေ့ အဆိုး‌တွေ့
ဓ‌လေ့တခုလို မဖြစ်ပါ‌စေနဲ့ဘုရား။

(‌အောက်တိုဘာ ၂၁ရက်၊ ၂၀၁၃ခုနှစ်)