Home သတင်း က‌လေးများ၏ ‌မျှော်လင့်ချက်‌ခေါင်း စဉ်ဖြင့်KSNG ပန်းချီပြပွဲပြုလုပ်

က‌လေးများ၏ ‌မျှော်လင့်ချက်‌ခေါင်း စဉ်ဖြင့်KSNG ပန်းချီပြပွဲပြုလုပ်

1995

‌အောက်တိုဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

မြန်မာပြည်တွင်း၌ အကူအညီလိုအပ်‌သော ကရင်‌ဒေသအတွင်း က‌လေးငယ်အချို့အား ကူညီ‌ထောက်ပံ့မှု‌ပေးရန် ရည်ရွယ်၍ ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့(KSNG)မှ ရန်ပုံ‌ငွေရှာသည့်အ‌နေဖြင့် က‌လေးများ၏ ‌မျှော်လင့်ချက်(Children’s Hope)အမည်ရှိ ပန်းချီပြပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် ယမန်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာပြည်တွင်းရှိ လက်ရှိက‌လေးများ၏ ကြုံ‌တွေ့ခံစား‌နေရ‌သော အ‌ခြေအ‌နေများကို အများဆုံးပုံ‌ဖော်ထား သည့် ပန်းချီကား‌ပေါင်း ၅၈ ချပ်ကို ချိတ်ဆွဲပြသထားပြီး ယင်းပန်းချီကားများမှာ တစ်ချပ်လျှင် ထိုင်းဘတ်‌ငွေ တန်ဖိုးဖြင့် ၁၀၀ဝ ‌ကျော်မှ ၄၀၀ဝ အထိ ‌ရောင်းချလျှက်ရှိ‌ကြောင်း သိရသည်။

KSNG ၏ ဒုဥက္ကဌ ‌နော်ဗစ်တိုးရီးယား‌ဘောက “ဒီပန်းချီပြပွဲက‌တော့ ကျမတို့ KSNG ရဲ့ လှုပ်ရှားမှု ဘယ်လိုရှိလဲ ဆိုတာ ပြသတာဖြစ်တယ်။ ‌နောက်တခုက ဒီနှစ်အတွက် ပန်းချီပြပွဲအမည်ကို က‌လေးများရဲ့ ‌မျှော်လင့်ချက် ‌ခေါင်းစဉ်နဲ့ ‌ပေးရတာ ပြည်တွင်းမှာ လက်ရှိက‌လေး‌တွေ ကြုံ‌တွေခံစား‌နေရတဲ့ ဘဝ‌တွေ ကို ကျမတို့ ပန်းချီနဲ့ ‌ဖော်ထုတ်ပြသလိုက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပန်းချီပြပွဲ၌ ပြသချိတ်ဆွဲထားသည့် ပန်းချီးကားများမှာ KSNG အဖွဲ့ဝင်အပါအဝင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကရင်လူငယ်ပန်းချီဆရာများနှင့် မဲ‌ဆောက်မြို့ရှိ ကချင်နှင့် ချင်း တိုင်းရင်းသားလူငယ် ပန်းချီဆရာ တစ်ဦးစီ ပါဝင်အားဖြည့်ကာ စုစု‌ပေါင်း ပန်းချီဆရာ ၇ဦးဖြင့် ‌ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ပန်းချီပြပွဲတွင် ဦး‌ဆောင်ပါဝင်ခဲ့သူ KSNG အဖွဲ့ဝင် ‌စော‌ကျောခယ်က “ဒီနှစ် ကျ‌နော်တို့ ပန်းချီပြပွဲမှာ အခြား တိုင်းရင်းသားလူငယ်‌တွေလည်း ပါဝင်‌ရေးဆွဲတဲ့အတွက် ထူးခြားတယ်။ ကျ‌နော်တို့ ဆွဲတဲ့ပန်းချီ‌တွေက‌တော့ အထူးသဖြင့် မြန်မာပြည်တွင်းက အိုင်ဒီပီ(ပြည်တွင်းဌာ‌နေမဲ့ဒုက္ခသည်)‌တွေရဲ့ က‌လေးပုံ‌တွေ ဓါတ်ပုံနဲ့ ရိုက်ယူ ပြီး ပန်းချီအဖြစ်နဲ့ ပြန်လည်ဆွဲယူတာဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

P1000564
ဆက်လက်၍ ပန်းချီပြပွဲတွင် ကိုယ်တိုင်ပါဝင်‌ရေးဆွဲခွင့်ရသူ ကချင်တိုင်းရင်သား လူငယ်တစ်ဦးဖြစ်သူ ကိုလဆမ် က “ဒီ KSNG ပန်းချီပြပွဲမှာ ပါဝင်‌ရေးဆွဲခွင့်ရတာ ပထမဆုံးအကြိမ်ပါ။ အခုလို ပါဝင်‌ရေးဆွဲခွင့်ရတဲ့အတွက် တိုင်းရင်းသားလူငယ်‌တွေ အချင်းချင်းကြားမှာ ရင်းနှီးမှု‌တွေ ပိုရလာတယ်။ အခွင့်အ‌ရေးရမယ်ဆိုရင် ကိုယ့်ကချင် ‌ဒေသမှာလည်း ကိုယ်တတ်သ‌လောက် ပန်းချီပညာနဲ့ ပြန်‌ဝေမျှနိုင်ဖို့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

KSNG သည် ပန်းချီပြပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် ‌လေးကြိမ်‌မြောက်ရှိပြီဖြစ် ‌သော်လည်း ၎င်းတို့ပန်းချီပြပွဲတွင် အခြားတိုင်းရင်းသားလူငယ်များကို ပန်းချီ‌ရေးဆွဲရန် ဖိတ်‌ခေါ်သည်မှာ ပထမ ဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။

ယခုနှစ်အတွက် ပြုလုပ်သည့် KSNG ၏ ပန်းချီပြပွဲတွင် မဲ‌ဆောက်ရှိ ကရင်‌ကျောင်းသားလူငယ်များ၊ ကရင် လူမှုအသိုင်းအဝိုင်းများ၊ အစိုးရမဟုတ်‌သော အဖွဲ့(NGO)များ စုစု‌ပေါင်း လူ ၅ဝ ခန့် တက်‌ရောက်အား‌ပေး ကြည့်ရှုခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအပါအဝင် ပြည်တွင်းနှင့် ပြည်ပတွင် ‌နေထိုင်ကြ‌သော ကရင်‌ကျောင်း သူ‌ကျောင်းသားများ တဖွဲ့နှင့်တဖွဲ့ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှကြရန် ရည် ရွယ်၍ KSNG ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၆ရက်‌နေ့၌ မယ်လဒုက္ခသည်စခန်းတွင် စတင်ဖွဲ့စည်းခဲ့သည်။