Home ဆောင်းပါး ‌နောက်ကွယ်က ညွန်ကြားကြိုးကိုင် သူ‌တွေကို ‌ဖော်ထုတ်ကြ (‌ဆောင်းပါး)

‌နောက်ကွယ်က ညွန်ကြားကြိုးကိုင် သူ‌တွေကို ‌ဖော်ထုတ်ကြ (‌ဆောင်းပါး)

1974

(‌မောင်‌ကျော်စွာ)

(၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာ ၂၂ရက်)

(နဝတ-နအဖ)စစ်အစိုးရအုပ်စိုးခဲ့သည့် နှစ် ၂၀‌ကျော်ကာလကို လက်နက်ကိုင်အင်အားစုများအတွင်း ကွဲအက်မှု/ ခွဲထွက်မှု‌တွေ အ‌တောမသတ် ‌ပေါက်ကွဲ ‌ပေါ်ထွက်သည့် ကာလဟုဆိုလျှင် ရမည်ထင်ပါသည်။

ကွဲထွက်/ခွဲထွက်ကြရခြင်း၏ မူလအ‌ကြောင်းရင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အတွင်းပိုင်းအ‌ကြောင်းရင်းကသာ အဓိက ဖြစ်မြဲဖြစ်‌သော်လည်း အုပ်စိုးသူ၏ ထိုးနှက်ဖြိုခွဲမှုများကလည်း ကိုယ့်ဝမ်းနာကိုယ်သာသည့် အ‌ခြေအ‌နေများ‌ကြောင့် ထိ‌ရောက်မှု ‌ကောင်းလှသည်။ သို့ဖြင့် တားမရ၊ ဆီးမရ ဒူးရင်းသီးကွဲအက်သကဲ့သို့ ကွဲထွက်ကုန်သည်။ အဖွဲ့ကြီး ၁၇ဖွဲ့၊ အဖွဲ့ငယ် ၂၃ဖွဲ့ဆိုတာ ‌တွေ ‌ပေါ်လာသည်။

ကွဲထွက်လာသမျှ / ခွဲထွက်ခဲ့သူမှန်သမျှကို (နဝတ-နအဖ)စစ်အစိုးရက လိုအပ်သည့်‌နေရာတွင် ပီပီပြင်ပြင် အသုံးချခဲ့သည်။
စစ်‌မြေပြင်တွင် လမ်းပြအဖြစ်၊ ပွိုင့်အဖြစ် ‌ရှေ့ကတက်‌စေခဲ့သည်။ နိုင်ငံ‌ရေးဘက်တွင် “အခြားဖိတ်ကြားသင့်သူများ” ‌ခေါင်းစဉ် ‌အောက်တွင် “ကျိုက္ကဆံ/‌ညောင်နှစ်ပင်ညီလာခံ”များတွင် တက်‌ရောက်‌ဆွေး‌နွေး‌စေခဲ့သည်။

ကရင်အမျိုးသားအလံ‌တော်ကို (နဝတ-နအဖ)ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌မောင်‌အေးက ‌ခြေဖြင့်နင်းပြခဲ့သည့် ဖြစ်ရပ်သည် ထို ကာလများအတွင်းတွင် ‌ပေါ်‌ပေါက်ခဲ့ခြင်းဖြစ်သည်။ မဟာဗမာလူမျိုးကြီးဝါဒဆန့်ကျင်‌ရေး အာ‌ဘောင်အာရင်းသန်သန်‌ပြောသူ တချို့လည်း မဟာလူမျိုးကြီး ရန်သူထံ ဒူး‌ထောက်အညံ့ခံသွားသည်။ တချို့‌ရော်ဘာခြံသူ‌ဌေးဖြစ်သွားသည်။ သူ့တစ်ဦးချင်းအ တွက် “တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရရှိသွားပုံ‌ပေါ်ပါသည်။ သူ့တစ်ဦးချင်းအတွက် ထာဝရငြိမ်းချမ်း‌ရေး ရသွားသည်ဟု ထင်ပါသည်။

မဟာဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်‌ရေးအ‌ပြောသန်သူများသည် အ‌ခြေအ‌နေတစ်ခု‌ရောက်လျှင် မဟာဗမာလူမျိုးကြီးအုပ်စိုးသူထံ ဒူး‌ထောက်သွားတတ်သည်ဟု ‌ကောက်ချလျှင် အများကသ‌ဘောတူကြလိမ့်မည်ဟုထင်ပါသည်။ မိမိတစ်ကိုယ်ကျိုးအတွက် စားသာမည်ထင်သည့်ဘက်၊ အခွင့်အ‌ရေးသာမည့်ဘက်သို့ ‌ပြောင်းသွားခြင်းဖြစ်သည်။ လူမျိုး‌ရေး/အမျိုးသား‌ရေးဆိုသည်မှာ သူ့ အတွက် ဗန်းပြရန်နှင့် ကိုယ်ကျိုးရှာရန် ‌ခေတ္တခြုံထားသည့် ဟန်ပြဝတ်ရုံသာဖြစ်သည်။

စို့စို့ပို့ပို့ သူ့တစ်ကိုယ်ကျိုးရမည်ဟု ထင်သည်နှင့် သူခြုံထားသည့် “လူမျိုး‌ရေး/အမျိုးသား‌ရေး”ကို စွန့်ပယ်ရန်၊ ချွတ်ပစ်ရန် ဝန်မ ‌လေး‌ချေ။ ထိုလူစားမျိုးသည် ‌ခေတ်တိုင်း ရှိ‌နေပါလိမ့်မည်။ မြင်‌အောင်ကြည့်ဖို့နဲ့ ဆင်ခြင်သတိရှိကြဖို့သာ လိုသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီး‌နောက် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့်အတူ ဘာသာ‌ရေးအ‌ရေခြုံ၊ လူမျိုး‌ရေးဗန်းပြသည့် လူသတ်၊ မီးရှို့ အကြမ်းဖက်မှုများ ဆက်တိုက်ဆိုသလို ‌ပေါ်ထွက်လာပါသည်။ ထို့အပြင် လယ်သမား၊ အလုပ်သမားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှု များလည်း အစီအရီ‌ပေါ်‌ပေါက်လာပါသည်။ ထူးခြားသည့်အချက်မှာ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ဧရာဝတီမြစ်ဆုံအ‌ရေး၊ လက်ပံ ‌တောင်း‌ကြေးနီစီမံကိန်း ဖျက်သိမ်း‌ရေး၊ အစိုးရ၊ စစ်တပ်နှင့် ခရိုနီများက မတရားသိမ်းပိုက်ထားသည့် လယ်‌မြေယာ‌မြေများ ပြန်လည်ရရှိ‌ရေး၊ ပြည်တွင်းစစ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး အစရှိ‌သော လယ်သမား၊ အလုပ်သမားများ၊ ပြည်သူများ၏ ငြိမ်း ချမ်းစွာဆန္ဒပြမှုများကို ‌သေနတ်၊ မီး‌လောင်ဗုံးများ အသုံးပြု၍ အကြမ်းဖက်နှိမ်နင်း‌သော်လည်း ဘာသာ‌ရေးအ‌ရေခြုံ၊ လူမျိုး‌ရေး ဗန်းပြလူသတ်၊ မီးရှို့ အကြမ်းဖက်မှုများကို ထိထိ‌ရောက်‌ရောက် နှိမ်နင်းခြင်းမရှိဘဲ လက်ပိုက်ကြည့်‌နေပါသည်။

ယခုအခါ တစ်ပြည်လုံး အပစ်အခတ်မရပ်နိုင်‌သေးဘဲ၊ တစ်ပြည်လုံးအနှံ့ ဗုံး‌ပေါက်ကွဲမှု/ဗုံးလန့်မှု‌တွေ ဆက်တိုက် ရုတ်ချည်းဆို သလို ‌ပေါ်ထွက်လာသည်။ ‌အောက်တိုဘာလအတွင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးမည်ဆိုသည့် (Nationwide ceasefire) အသံသည် ဗုံး‌ပေါက်ကွဲသံများအကြားတွင် တိုးတိတ်‌ပျောက်ကွယ်သွားသည်။

ဗုံး‌ပေါက်ကွဲမှု / ဗုံးလန့်မှု‌တွေရဲ့ “လက်သည်တရားခံ” ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လိုရည်ရွက်ချက်နဲ့ဆိုတာ ‌အောက် တိုဘာလ ၂ဝရက်‌နေ့က (MPC) ၌ ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သတင်းစာရှင်းလင်းပွဲတွင် ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း‌မောင်က သတင်း‌ထောက်များ ‌မေးမြန်းသမျှ “‌မှောက်ထား‌သောခွက်ကို လှန်ပြလိုက် ဘိသကဲ့သို့” အကျယ်တဝင့်၊ ရှင်းလင်းတင်ပြ ‌ဖြေကြားဝန်ခံသွားခဲ့ပြီးဖြစ်သည်။ ပဒိုမန်းငြိမ်း‌မောင်၏ ရှင်းရှင်းဘွင်းဘွင်း ‌ဖြေကြား ချက်များကို အစိုးရ‌နေ့စဉ်ထုတ် သတင်းစာများတွင်လည်း ‌ဝေ‌ဝေဆာဆာ ‌ဖော်ပြထားပါသည်။

နိုင်ငံ‌တော်အစိုးရနဲ့ ပူး‌ပေါင်းပြီး “‌နောက်ကွယ်က ညွှန်ကြားကြိုးကိုင်တဲ့ပုဂ္ဂိုလ်‌တွေ”ကိုလည်း စုံစမ်း‌ဖော်ထုတ်သွားမယ်လို့ ရဲရဲဝံ့ဝံ့ ပင် ‌ပြောသွားပါသည်။ ကြံ့ဖွံ့အစိုးရနှင့် စစ်တပ် အသိုင်းအဝိုင်းအတွင်း၌လည်း ပဒိုမန်းငြိမ်း‌မောင်၏ကရင့်သတ္တိကို ချီးကျူး‌နေကြ သည်။ အစိုးရ‌ပြောခွင့်ရ ဒုတိယဝန်ကြီး ဦးရဲထွဋ်ပင်မ‌ပြောရဲ / ဝန်မခံရဲသည်ကို ‌ပြောဝံ့‌သော/ ဝန်ခံရဲ‌သော“ဖထီး”ဟူ၍လည်း လက်ဖျားခါ‌နေကြသည်။ နိုင်ငံ‌တော်အစိုးရနဲ့ စိတ်တူကိုယ်တူ ပူး‌ပေါင်းသူ “ဖထီး”ဟုလည်း ‌ကောက်ချက်ချ‌နေကြသည်။

ဦးသိန်းစိန်အစိုးရအ‌နေဖြင့် ပဒိုမန်းငြိမ်း‌မောင်၏ “‌ပြောရဲသည့်သတ္တိ”ကို အတုခိုးပြီး ရခိုင်ပြည်နယ်မှ စတင်လာခဲ့‌သော ဘာသာ ‌ရေး၊ လူမျိုး‌ရေးအ‌ရေခြုံ၊ ဗန်းပြပြီး လူသတ်၊ မီးရှို့အကြမ်းဖက်မှုများကို စီရင်ဖန်တီးခဲ့ကြသည့် “‌နောက်ကွယ်က ညွှန်ကြားကြိုး ကိုင်သူ‌တွေ”ကိုလည်း အလျင်အမြန် ‌ဖော်ထုတ်‌စေချင်ပါသည်။