Home သတင်း ‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်ခဲ့မှုများကို ‌ကေ အဲန်ယူသွား‌ရောက်‌လေ့လာ

‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်ခဲ့မှုများကို ‌ကေ အဲန်ယူသွား‌ရောက်‌လေ့လာ

1859

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဖော်‌ဆောင်ခဲ့မှုလုပ်ငန်းများကို ‌လေ့လာရန် ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)မှ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို မန်းမန်းမန်းဦး‌ဆောင်သည့် ကိုယ်စားလှယ် ၇ဦးသည် ယ‌နေ့ ‌အောက်တိုဘာ ၂၈ရက်‌နေ့ နံနက်တွင် အဂင်္လန်(ဗြိတိန်)နိုင်ငံ လန်ဒန်မြို့သို့ ‌ရောက်ရှိလျှက်ရှိသည်။

ခရီးစဉ်တွင် ‌ကေအဲန်ယူ ကိုယ်စားလှယ်များအဖြစ် ပဒို မန်းမန်းမန်း အပါအဝင် နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ‌စောဆဲပွယ်၊ ‌စော‌အော်‌ဘောမူ၊ ‌နော်ဘလူးမင်းနိုက်ဇန်၊ ‌နော်စူစဲန်နာလှလှစိုး နှင့် ‌နော်က‌ညော‌ဖောတို့ ပါဝင်ကြပြီး ‌မြောက်ပိုင်းအိုင်ယာလန်ရှိ Inter Mediate အဖွဲ့အစည်း၏ ဖိတ်‌ခေါ်မှုဖြင့် သွား‌ရောက်ခဲ့ခြင်းဖြစ်ကာ ‌အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၂ရက်‌နေ့အထိ ၇ရက်ကြာမည်ဟု သိရသည်။

‌ကေအဲန်ယူ၏ ဒုဥက္ကဌ ပဒို ‌နော်စီဖိုးရာစိန်က “အခု ‌ကေအဲန်ယူ ကိုယ်စားလှယ်‌တွေ ‌မြောက်ပိုင်းအိုင်ယာလန် သွားတဲ့ကိစ္စက တချိန်က အဂင်္လန်မှာ အဂင်္လိပ်(လူမျိုး)နဲ့ အိုင်းရစ်(လူမျိုး)အကြား အပစ်အခတ်ရပ်စဲ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဖော်‌ဆောင်ခဲ့မှု‌တွေကို သွား‌ရောက်‌လေ့လာတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယခု ‌လေ့လာ‌ရေးခရီးစဉ်သွား‌ရောက်‌နေသည့် ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ် အတွင်း ‌တွေ့ဆုံသွားမည့် ပုဂ္ဂိုလ်များနှင့် ‌လေ့လာရရှိမည့် ဗဟုသုတ အ‌တွေ့အကြုံများကို မိခင်‌ကေအဲန်ယူသို့ ပြန်လည်ရှင်းပြဖွယ် ရှိနိုင်သည်ဟု ပဒို ‌နော်စီဖိုးရာစိန်က ဆိုသည်။

‌မြောက်ပိုင်းအိုင်ယာလန်သည် အဂင်္လန်နိုင်ငံ၏ အစိတ်အပိုင်း နယ်‌မြေတစ်ခုဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ဗြိတိန် အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်‌မြေအဖြစ် သ‌ဘောတူလက်မှတ်ထိုး‌ပေးကာ လက်ရှိ ‌မြောက်ပိုင်းအိုင်ယာ လန်ကို နိုင်ငံ၊ ခရိုင်၊ ‌ဒေသ စသည့်ဖြင့် အမျိုးမျိုးသတ်မှတ်‌ခေါ်‌ဝေါ်ကြသည်။

ယခု ခရီးစဉ်အတွင်းတွင် ‌ကေအဲန်ယူကိုယ်စားလှယ်များက ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အပြင် ဟားဗတ်တက္ကသိုလ်မှ ပါ‌မောက္ခများနှင့် ‌မြောက်ပိုင်းအိုင်ယာလန်မှ တာဝန်ရှိသူများအား ‌တွေ့ဆုံရန် ရှိသည်ဟု သိရသည်။

‌ကေအဲန်ယူသည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှစ၍ မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရစ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုး ပြီး‌နောက်ပိုင်း ‌မြောက်အိုင်ယာလန်သို့ ‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ပထမဆုံး အကြိမ် သွား‌ရောက်ခဲ့ခြင်းဖြစ်သည်။