Hay Htoo
ကရင်နိုင်ငံရေးပါတီများ လက်တွေ့ ပူးပေါင်းလုပ်ဆောင်ရန် ခက်ခဲနေသေး
နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ကရင်နိုင်ငံရေးပါတီများသည် လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းသွားနိုင်ရေးကို ဆန္ဒရှိ ကြသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ ခက်ခဲနေသေးကြောင်း ၎င်းပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်များက ယမန်နေ့၌ ပြောကြားလိုက်သည်။
ကရင်ပြည်သူ့ပါတီ-KPP ဥက္ကဌ စောထွန်းအောင်မြင့်က “ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းတာ ကောင်းပါတယ်။ ဆန္ဒလည်း...
ဆစ်ဒနီငြိမ်းချမ်းရေးဆု ရရှိခဲ့သူ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း
ဒေါက်တာစင်သီယာမောင်ကို ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင်နမ့်လှကြည်နှင့် ဖခင်မန်းငြိမ်းမောင်တို့မှ ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ကရင်လူမျိုးဖြစ်ပြီး ၈၈ကျောင်းသားအရေးအခင်းအပြီးတွင် ကရင်ပြည်နယ် အိန္ဒု ကျေးရွာတွင် တာဝန်ထမ်းဆောင်ရာမှ နယ်စပ်သို့ ထွက်ခွာခဲ့သည်။ ၁၉၈၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ် တော်ဆေးခန်းကို စတင်တည်ထောင်ကာ...
အယ်ဒီတာအာဘော်
၁၇/၁ ကို ပယ်ဖျက်ရေး ခဲယဉ်းနေသေးသရွေ ့
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်မှတ်ရေးထိုးရရှိထားသည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရန်အတွက် ၁၉၀၈ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် မတရားအသင်း အက်ဥပဒေကို ပြင်ဆင် ဖြည့်စွက်ရန်နှင့် ပယ်ဖျက်ရန် ရှိမရှိ နိုဝင်ဘာလ(၁)ရက်နေ့တွင် မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုး အောင်က...
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ နာရေးကူညီမှုအသင်းနှင့် ဦးကျော်သူ တွေ့ဆုံ
နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မနောဖြူစင် ရေကုသိုလ်/နာရေးကူညီမှုအသင်းနှင့် အတူ အခြားသောပရဟိတ လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို မြန်မာနိုင်ငံ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူက ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံခဲ့သည်။
ဦးကျော်သူနှင့်အဖွဲ့သည် မနောဖြူစင် ရေကုသိုလ်/နားရေးကူညီမှုအသင်း၏ ဖိတ်ကြားချက်အရ မဲဆောက်ရှိ...
ဖွံ့ဖြိုးရေးလုပ်ငန်းများ ချင့်ချိန်လုပ်ဆောင်မည်ဟု KNU ဒူးပလာယာခရိုင် ဆုံးဖြတ်
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ချင့်ချိန်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)က နိုဝင်ဘာ လ ၁၉ရက်မှ ၂၁ရက်နေ့အထိ ၎င်းတို့ခရိုင်ရုံးတွင် ကျင်းပသော အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်လိုက်သည်။
ထိုဒေသတွင် လက်ရှိအချိန်၌ ခနောက်စိမ်းသတ္တုတူးဖော်သည့် မြန်မာသန်းဇော်၊...
လူငယ်စကားလက်ဆောင်
နော်ဂျူးလီယာ ၂၄နှစ်
ဝါသနာ လူမှုရေးလုပ်ငန်း
ပညာအရည်အချင်း B.Sc-သတ္တဗေဒ (တောင်ငူအဝေးသင် တက္ကသိုလ်)
ကျမကတော့ ကရင်ပြည်နယ် သံတောင်မြို့နယ်ဇာတိပါ။ အဖေက စောလူးလူ၊ အမေကတော့ နော်ဒိုးဘီရာပါ၊ မောင်နှမ သုံး ယောက်မှာ ကျမက အငယ်ဆုံးပါ။ ကျမတို့ကတော့ တောင်ယာလုပ်ငန်းလုပ်ပါတယ်။ မှုလတန်းကနေ ဆဋ္ဌမတန်းအထိ ၁၃မိုင် အထက ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ နောက်တော့ မိဘတွေက...
ကရင်လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပန်းတနော်မြို့နယ်၌ ကျင်းပခဲ့
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ နန်းချောင်ဖော့
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် ကရင်ရေးရာကော်မတီနှင့် ကရင်အဝိုင်းအဝန်း (Youth Cycle) တို့မှ ဦးဆောင်ပြီး “ကရင်လူငယ်နှင့် အနာဂတ်မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ပထမဦးဆုံးအကြိမ် ကရင်လူငယ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၈မှ ၂ဝရက်နေ့အထိ ပန်းတနော် မြို့နယ်၊ တောကျောင်းရွာတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင်...
မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဧရိယာအတွင်း မယ်ကုတိုက်နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟန်ထိုင်းအထည်ချုပ် စက်ရုံ(Wonderful Co,ltd) အလုပ်ရှင်က ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၁၇ဦးကို အထည်ထုတ်လုပ်မှု ရာခိုင်နှုန်းကျသည်ဟု အကြောင်းပြကာ နိုဝင်ဘာ ၂၃ရက်နေ့၌ အလုပ်ထုတ်လိုက်သည်။
ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၅ဝခန့်ရှိသည့် ၎င်းအထည်ချုပ်စက်ရုံ၌...
ကရင်နှစ်သစ်ကူးနေ့ …
မန်းလုံထီ့(လှိုင်းဘွဲ)
က..... ကရင်ဌာနေ တို့ရပ်မြေလျှင်
စိုပြေသာမော လယ်ယာတောနှင့်
တောင်ကြောသေလာ သယံဇာတ ပေါကြွယ်ဝတည့်။
ရင်..... ရင်မှာကြည်နူး နှစ်သစ်ကူးပွဲ
ဆင်ယင်နွဲကြ ဒုံးအကနှင့်
ဆိုကြတေးသံ ဘဝဂ်ညံသည်
မြန်ပြည်အနှံ့ စည်ကားပြန့်တည့်။
နှစ်..... နှစ်သစ်ကူးမှာ ချစ်ကြည်စွာနှင့်
ညီညာလက်တွဲ သွေးမခွဲခြား
တိုင်းရင်းသားချင်း ညီနောင်ရင်းချာ
ယိုင်းပင်းကာပင် နွဲပျော်ရွှင်တည့်။
သစ်.....သစ်လွင်တောက်ပ ခိုင်စိတ်ဓာတ်ဖြင့်
ချစ်ကြမျိုးဆွေ မြတ်စာပေနှင့်
ရိုးမွှေထုံးတမ်း လက်ဆင့်ကမ်းကြ
ထိန်းသိမ်းတတ်စေ ညီညွှတ်လေလော့..
ကူး.....ကူးပြောင်းနှစ်သစ် နှစ်ဟောင်းညစ်ကြေး
စင်အောင်ဆေး၍ အတွေးသစ်လွင်
ဉာဏ်မြော်မြင်ဖြင့် တွယ်ခင်ရိုးရာ
မျိုးဘာသာကို စဉ်လာမပျက်...
ညောင်လေးပင်မြို့နယ် ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားရေး ခက်ခဲမှုရှိနေသေး
နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကရင်စာပေသင်ကြားရေးကော်မတီ ဖွဲ့စည်း ပြီး ကျောင်းချိန်ပြင်ပ၌ ကရင်စာပေ သင်ကြားနေသော်လည်း အခက်အခဲရှိနေသေးကြောင်း ညောင်လေးပင်မြို့နယ် ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။
“အခက်အခဲရှိတာက ကျောင်းတစ်ကျောင်းမှာဆို ဆရာကိုင်ဖို့ ပြဌာန်းစာအုပ်တစ်အုပ်စီပဲ ရှိတယ်။ ကျောင်းသားတွေကို...















