Home သတင်း ကရင်နိုင်ငံ‌ရေးပါတီများ လက်‌တွေ့ ပူး‌ပေါင်းလုပ်‌ဆောင်ရန် ခက်ခဲ‌နေ‌သေး

ကရင်နိုင်ငံ‌ရေးပါတီများ လက်‌တွေ့ ပူး‌ပေါင်းလုပ်‌ဆောင်ရန် ခက်ခဲ‌နေ‌သေး

1904
(စက်တင်ဘာလက ဖားအံမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးမှ ကရင်ပါတီ‌ခေါင်း‌ဆောင်များ)

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ကရင်နိုင်ငံ‌ရေးပါတီများသည် လာမဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပါတီတစ်ခုတည်းအဖြစ် ပူး‌ပေါင်းသွားနိုင်‌ရေးကို ဆန္ဒရှိ ကြ‌သော်လည်း လက်‌တွေ့လုပ်‌ဆောင်ရန်မှာ ခက်ခဲ‌နေ‌သေး‌ကြောင်း ၎င်းပါတီများ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များက ယမန်‌နေ့၌ ‌ပြောကြားလိုက်သည်။

ကရင်ပြည်သူ့ပါတီ-KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်က “ကရင်နိုင်ငံ‌ရေးပါတီ‌တွေ ပူး‌ပေါင်းတာ ‌ကောင်းပါတယ်။ ဆန္ဒလည်း ရှိပါ တယ်။ ပါတီ‌ပေါင်းဖို့က ဗြုန်းခနဲကြည့်ရင်‌တော့ လွယ်တယ်ဗျ။ ဒါ‌ပေမယ့် တည်‌ထောင်ပြီးသား ပါတီကို ဖျက်ရမယ်။ ပါတီဝင်‌တွေ အားလုံး နှုတ်ထွက်ရမယ်။ ပြီးမှ ‌နောက် ပါတီတစ်ခု ပြန်ဖွဲ့၊ ပါတီဝင်‌တွေ ပြန်ပြီးထူ‌ထောင်၊ အဲ့အပိုင်း‌လေး‌တွေ ရှိပါတယ်။ အဲဒီ ‌တော့ တကယ်လက်‌တွေ့က‌တော့ နည်းနည်း‌လေး အခက်အခဲ‌လေး‌တွေ ရှိပါတယ်။”ဟု ‌ပြောသည်။

ကရင်ပြည်သူများအ‌နေဖြင့် ကရင်နိုင်ငံ‌ရေးပါတီ တစ်ခုတည်းရှိရန် လိုလားရှိပါက မိမိတို့‌ရှေ့ဆက် အလုပ်လုပ်ကိုင်ရန်အတွက် ပို အားရှိ‌ကြောင်းလည်း ‌စောထွန်း‌အောင်မြင့်က ထပ်မံ ‌ပြောဆိုသည်။

ထို့အပြင် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)က ဦး‌ဆောင်၍ ကရင်များ ‌နေထိုင်ရာ မြို့နယ် ၉ခုအ တွင်း ကျင်းပခဲ့ပြီးဖြစ်သည့် လူထု‌တွေ့ဆုံပွဲများ၌ ကရင်ပြည်သူများ၏ အဓိက တင်ပြ‌ဆွေး‌နွေးခဲ့မှုများထဲတွင် ကရင်နိုင်ငံ‌ရေးပါတီ များ တစ်ခုတည်းဖြစ်ရန် လိုလား‌ကြောင်း ဆိုသည့်အချက် ပါဝင်သည်ဟု သိရသည်။

PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ကရင်နိုင်ငံ‌ရေးပါတီများ ပူး‌ပေါင်း‌ရေးတွင် နယ်‌မြေပထဝီအ‌နေအထား၊ ‌ခေါင်း‌ဆောင် မှုအပိုင်းနှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ခြင်း စသည်တို့ကို လက်‌တွေ့ လုပ်‌ဆောင်ရဦးမည်ဖြစ်သဖြင့် များစွာ အခက်အခဲများရှိသည်ဟု ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

“ကရင်နိုင်ငံ‌ရေးပါတီ‌တွေက ပထဝီအ‌နေအထားအရလည်း ‌ဝေးတယ်ဆို‌တော့ စဉ်းစားစရာ‌ပေါ့။ ‌နောက်တစ်ခုက ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှာပြန်မှတ်ပုံတင်ဖို့ ကိစ္စက ပါတီ‌တွေအားလုံးဖျက်၊ ပါတီဝင်‌တွေအားလုံးနှုတ်ထွက်၊ ပါတီအသစ်‌ထောင်ပြီး‌တော့မှ နာမည်အသစ်တစ်ခုယူ၊ မှတ်ပုံတင်‌တွေပြန်ကျလာမှ ပါတီဝင်‌တွေပြန်စု၊ ဒါကို ပါတီက လုပ်လို့လွယ်မလွယ် အချိန်လည်း လို တယ်။ လုပ်ချင်တဲ့စိတ်ရှိမရှိလည်း လိုတယ်။”ဟု မန်း‌အောင်ပြည်စိုးက ဆိုသည်။

ကရင်နိုင်ငံ‌ရေးပါတီများဖြစ်ကြသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်ပြည်နယ် ဒီမိုက ‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ (KDP) ပါတီများသည် ယခုနှစ် စက်တင်ဘာ ၁၄ရက်မှ ၁၅ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးကာ ပါတီပူး‌ပေါင်း‌ရေးအတွက် ဆုံးဖြတ်ခဲ့ကြ‌သေးသည်။

၎င်းအပြင် ကရင်နိုင်ငံ‌ရေး ပါတီတစ်ခုတည်း ဖြစ်‌ပေါ်လာ‌ရေး၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများ ညှိနှိုင်း‌ဆောင် ရွက်‌ရေး၊ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်‌နေရာများ၌ ‌ရွေး‌ကောက်ပွဲကျင်းပနိုင်‌ရေး စသည့်အချက်များကို မူအားဖြင့် သ‌ဘော တူညီခဲ့ကြသည်။ ထို့‌နောက် ကရင်နိုင်ငံ‌ရေးပါတီများမှ ၅ဦးစီ ပါဝင်သည့် ညှိနှိုင်း‌ရေး‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သလို ပါတီ တစ်ခုလျှင် နှစ်ဦးစီ ပါဝင်သည့် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထား‌သော်လည်း ယခုအချိန်ထိ ထပ်မံ ‌တွေ့ဆုံမှုများ မရှိ‌သေး‌ပေ။

လက်ရှိတွင် ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) နှင့် ကရင် ဒီမိုကရက်တစ်ပါတီ(KDP)တို့သည် ကရင်ပြည်နယ်၌ တရားဝင် မှတ်ပုံတင်ထားသည့်ပါတီအဖြစ် အ‌ခြေစိုက် ရပ်တည်‌နေပြီး ကရင်ပြည်သူ့ပါတီ(KPP)မှာမူ ရန်ကုန်မြို့တွင် အ‌ခြေစိုက်လျှက်ရှိသည်။