Home ကဗျာ ကရင်နှစ်သစ်ကူး‌နေ့ …

ကရင်နှစ်သစ်ကူး‌နေ့ …

2406

မန်းလုံထီ့(လှိုင်းဘွဲ)

က….. ကရင်ဌာ‌နေ တို့ရပ်‌မြေလျှင်
စို‌ပြေသာ‌မော လယ်ယာ‌တောနှင့်
‌တောင်‌ကြော‌သေလာ သယံဇာတ ‌ပေါကြွယ်ဝတည့်။

ရင်….. ရင်မှာကြည်နူး နှစ်သစ်ကူးပွဲ
ဆင်ယင်နွဲကြ ဒုံးအကနှင့်
ဆိုကြ‌တေးသံ ဘဝဂ်ညံသည်
မြန်ပြည်အနှံ့ စည်ကားပြန့်တည့်။

နှစ်….. နှစ်သစ်ကူးမှာ ချစ်ကြည်စွာနှင့်
ညီညာလက်တွဲ ‌သွေးမခွဲခြား
တိုင်းရင်းသားချင်း ညီ‌နောင်ရင်းချာ
ယိုင်းပင်းကာပင် နွဲ‌ပျော်ရွှင်တည့်။

သစ်…..သစ်လွင်‌တောက်ပ ခိုင်စိတ်ဓာတ်ဖြင့်
ချစ်ကြမျိုး‌ဆွေ မြတ်စာ‌ပေနှင့်
ရိုး‌မွှေထုံးတမ်း လက်ဆင့်ကမ်းကြ
ထိန်းသိမ်းတတ်‌စေ ညီညွှတ်‌လေ‌လော့..

ကူး…..ကူး‌ပြောင်းနှစ်သစ် နှစ်‌ဟောင်းညစ်‌ကြေး
စင်‌အောင်‌ဆေး၍ အ‌တွေးသစ်လွင်
ဉာဏ်‌မြော်မြင်ဖြင့် တွယ်ခင်ရိုးရာ
မျိုးဘာသာကို စဉ်လာမပျက် ထိန်းသိမ်းလျက်တည့်။

‌နေ့…..‌နေ့‌ဟောင်းမှသည် ‌နေ့သစ်ဆီသို့
ဦးတည်‌မျှော်မှန်း ‌အောင်စခန်းဆီ
တက်လှမ်းညီညာ လန်းဆန်းဖြာ‌ဝေ
ဆုမွန်‌ချွေကြ နှစ်သစ်မြတ်ကို
တို့များကြိုဆို ဂုဏ်ပြုစို့ … ။