Hay Htoo
မော်လမြိုင်တွင် ကေအဲန်ယူ ဒူးပလာယာခရိုင်/တပ်မဟာ(၆) စီးပွားရေးရုံး ဖွင့်လှစ်
နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၏ စီးပွားရေးရုံးနှင့် ဆောင်းဆည်းဆာကုမ္ပဏီဖွင့်ပွဲကို မွန် ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာ(၄)လမ်းတွင် ယနေ့ နိုဝင်ဘာ ၂၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ စီးပွားရေးရုံးများ ဖွင့်လှစ်ခြင်းသည် တပ်တွင်းမိသားစု စားဝတ်နေရေးပြေလည်စေရန်၊ လူတန်းစားကွာဟမှု ပြဿနာ ကို ဖြေရှင်းရန်၊...
ရှေ့လုပ်ငန်းစဉ် လေးရပ်ကို KUPC ချမှတ်
နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)သည် နိုဝင်ဘာ ၂ဝရက်မှ ၂၁ရက်နေ့အထိ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာနှင့် စိန်ပေါလ်ဘုရားကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်လေးရပ်ကို ချမှတ်လိုက်ကြောင်း KUPC အဖွဲ့ဝင် မန်းအောင်ပြည်စိုးက ပြောသည်။
KUPC အနေဖြင့် မပြီးပြတ်သေးသည့် လူထုတွေ့ဆုံပွဲများ...
တစ်က ပြန်စကြစို့
(လကင်္ာဒီပ)၂၂ နိုဝင်ဘာ၊ ၂၀၁၃။
နာဂစ်နဲ့ စခဲ့တဲ့ဥပဒေ
အသက်တွေ မျက်ရည်မိုးတွေ
ပေကျံထုဆစ်ခဲ့တဲ့ ရက်လတွေ
ဘဝအထွေထွေ အမောတဝေဝေ
မြေခကြေမွ တစစီဖြစ်ခဲ့ရအခြေ
ဒါတွေဒါတွေ ကမ္ဘာမကြေစရာပေ
ကူညီတွေ ပိတ်ပင်ခံခဲ့ရပေ
သက်ဆိုးရှည်လူတစု လုပ်ရက်ခဲ့ကြပြီ။
ခုမှပဲ နောင်တရလာသလိုလို
ဟိုယခင်အစိုးရလိုမျိုး
လက်ညိုး ထိုးလိုထိုး ယိုးလိုယိုး
အပိုးမကျိုးတဲ့ မျက်နှာပြောင်
ခပ်ကြောင်ကြောင်စကားလုံး
တစ်ပြည်လုံး အတိုင်းအတာစနစ်
အပစ်အခတ်ရပ်စဲရေးလား
လက်နက်များ ချခိုင်းခြင်းလား
ကွဲကွဲပြားပြား သိကြဖို့လိုတယ်။
မရေမရာ အပစ်အခတ်ရပ်စဲ
တလွဲဖွံ့ဖြိုးရေးတွေနဲ့
ဇာချဲ့နယ်ချဲ့တဲ့ မြေယာစိုးမိုးရေး
သူဌေးမဖြစ်ပဲ .... ဖြစ်မဲ့ကိန်းတွေ
မြေယာတွေလည်း ပျောက်လိုပျောက်
ခြောက်စားလှန့်စားခံ ပြေစာအတု
အမှုတွေပွေနေကြရတဲ့...
ကော့ကရိတ်မြို့နယ်တွင် လူထုဆေးပေးခန်းတစ်ခု ကေအဲန်ယူ ဖွင့်လှစ်
နိုဝင်ဘာ ၂၁ရက်၊၂၀၁၃ခုနှစ်။ စောခါးစူးညား
ကော့ကရိတ်မြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စုရှိ မဲ့ကနဲ(မဲကနယ်)ကျေးရွာတွင် ဒေသခံကျေးလက်လူထုကို ကျန်းမာရေး စောင့်ရှောက် နိုင်ရေးအတွက် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ကျေးလက်ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။
မဲ့ကနဲကျေးရွာ အပါအဝင် ၎င်းဒေသအနီးရှိ ကျေးရွာများမှာ နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းကွာခဲ့သည်ကို ဖြည့်ဆည်းပေးရန်အတွက် ဒေသခံလူထုက တင်ပြလာမှုအပေါ် ဆေးပေးခန်းတည်ဆောက်ကာ ဖွင့်လှစ်လိုက်ရခြင်းဖြစ်ကြောင်း...
နိုင်ငံရေးဆွေးနွေးပွဲအမြန်သွားရန် အာမခံချက်လိုကြောင်း ဗိုလ်ချုပ်ဂွမ်မော်ပြောဆို
နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေးဆွေး နွေးပွဲ အမြန်ပြုလုပ်သွားရန် အာမခံချက်လိုချင်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ Business Alliacee Hotel တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ်ဦးစီးချုပ်...
သမ္မတ လက်စွဲတော်ရုပ်သေး ဝန်ကြီးတစ်ပါး ခန့်အပ်ရေး “ဥပဒေကြမ်း”
(မောင်ကျော်စွာ)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၂ဝရက်))
နိုဝင်ဘာ ၁၉ရက်၊ အစိုးရပိုင်သတင်းစာတွင် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” (လေ့ လာသိရှိအကြံပြုနိုင်) ဖော်ပြထားသည်။ ထိုဥပဒေကြမ်းတွင် အခန်း (၉)ခန်း၊ ပုဒ်မပေါင်း ၃ဝ ပါရှိသည်။
လက်ရှိ “၂၀၀၈ အခြေခံဥပဒေ”တွင် တိုင်းရင်းသားလူမျိုးများ...
ကျေးရွာပိုင်ရာဘာခြံကို အာဏာပိုင်နှင့်ပေါင်းကာ အပိုင်သိမ်းရန် ကြိုးစား
နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဂျု့ိချောင်းကျေးရွာပိုင် ရာဘာခြံ ၂၃ဧကကျော်ကို ရွှေဂွန်းရွာသူ အမျိုးသမီးတစ်ဦးက မြေစာရင်း အာဏာပိုင်တစ်ဦးနှင့် ပူးပေါင်းကာ သူမပိုင်ခြံအဖြစ် သိမ်းဆည်းရန် ကြိုးစားနေသည်ဟု ၎င်းရွာသူရွာသားများက ပြောသည်။
ဂျို့ချောင်းကျေးရွာပိုင်ဆိုင်သည့် ကွင်းအမှတ် (1455-ဃ)ကို ၁၉၉၅ခုနှစ်တွင် ရွာသူရွာသားများက ခုတ်ထွင်ရှင်းလင်းပြီး ရာဘာ...
အစိုးရတပ်၏ နယ်မြေစိုးမိုးရေးပေါ်လစီကြောင့် ကချင်ဒေသတွင် တိုက်ပွဲဆက်ဖြစ်ဟု UNFC ပြောဆို
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းသည် အစိုးရစစ်တပ်၏ နယ်မြေစိုးမိုးမှု ပေါ်လစီ ကြောင့်ဖြစ်သည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ယနေ့ ပြောကြားလိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (၁၇)ဖွဲ့နှင့် အစိုးရတို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် မြစ်ကြီး နား ဆွေးနွေးပွဲအပြီး နှစ်ပတ်ခန့်အကြာ...
ထမ်းဟင်စခန်းတွင် ၂၀၁၄ ဇန်နဝါရီအတွင်း သတင်းဂေဟာ ဖွင့်လှစ်ရန်ရှိ
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ထမ်းဟင်ဒုက္ခသည်စခန်းတွင် လာမည့်နှစ် ဇန်နဝါရီလအတွင်း သတင်းဂေဟာ(Information Center) ဖွင့်လှစ်ထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ(ကေအာရ်စီ)၏ တွဲဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။
“CCSDPT က ထမ်းဟင်မှာ လာမဲ့နှစ် ဇန်နဝါရီလအတွင်း Pilot project ပုံစံမျိုး လုပ်သွားဖို့ပါ။ ဒီစခန်းကို...
နော်အုန်းလှ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၉ဦး ပြန်လည်လွတ်မြောက်လာ
နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့မှုကြောင့်ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူ နော်အုန်းလှ အပါအ ဝင် နိုင်ငံရေးအကျဉ်းသား ၆၉ဦးမှာ သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းခွင့်ဖြင့် ယနေ့ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ (၂၀၄) (က)နှင့်အညီ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပ ဒေ...















