Home လူငယ့်အသံ လူငယ့်အမြင် လူငယ်စကားလက်‌ဆောင်

လူငယ်စကားလက်‌ဆောင်

2170

‌နော်ဂျူးလီယာ ၂၄နှစ်

ဝါသနာ လူမှု‌ရေးလုပ်ငန်း
ပညာအရည်အချင်း B.Sc-သတ္တ‌ဗေဒ (‌တောင်ငူအ‌ဝေးသင် တက္ကသိုလ်)

ကျမက‌တော့ ကရင်ပြည်နယ် သံ‌တောင်မြို့နယ်ဇာတိပါ။ အ‌ဖေက ‌စောလူးလူ၊ အ‌မေက‌တော့ ‌နော်ဒိုးဘီရာပါ၊ ‌မောင်နှမ သုံး ‌ယောက်မှာ ကျမက အငယ်ဆုံးပါ။ ကျမတို့က‌တော့ ‌တောင်ယာလုပ်ငန်းလုပ်ပါတယ်။ မှုလတန်းက‌နေ ဆဋ္ဌမတန်းအထိ ၁၃မိုင် အထက ‌ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ‌နောက်‌တော့ မိဘ‌တွေက အသိပညာ‌တွေ ဗဟုသုတ‌တွေ ပိုမို သိမြင်‌စေဖို့အ တွက် အ‌ဒေါ်‌တွေရှိတဲ့ ရန်ကုန်ကို ‌ပြောင်း‌ရွှေ့ ပညာသင်‌စေခဲ့ပါတယ်။ သတ္တမတန်းကို အထက(၃) ကြည့်မြင်တိုင်မှာ ပညာသင် ကြားခဲ့ပြီး ၂၀၀၅ခုနှစ်မှာ အဲဒီ‌ကျောင်းမှာပဲ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်ခဲ့ပါတယ်။ ပြီး‌တော့ ‌တောင်ငူအ‌ဝေးသင်တက္ကသိုလ် မှာ သတ္တ‌ဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။

မြန်မာပြည်မှာ လူငယ်‌တော်‌တော်များများက အ‌ဝေးသင်တက်ပြီး အလုပ်လုပ်ကြတာများပါတယ်။ ကျမလည်း ဒီလိုပဲ အ‌ဝေးသင် တက်ရင်းနဲ့ တစ်ဖက်က အ‌တွေ့အကြုံ‌လေးရ‌အောင် အလုပ်ဝင်လုပ်ခဲ့တယ်။ အဲလိုလုပ်ရင်းနဲ့ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက် ‌ကြောင်းလည်း ဖြစ်‌အောင်ဆိုပြီး နိုင်ငံခြားကို အလုပ်ထွက်လုပ်ဖို့ စိတ်ကူးရင်းနဲ့ စကင်္ာပူကို လာ‌ရောက်အလုပ်လုပ်ဖြစ်သွားတာ။ ၂၀၁၂ခုနှစ်၊ ဇွန်လ‌လောက်မှာ မြန်မာပြည်က ‌အေးဂျင့်တစ်ခုနဲ့ဆက်သွယ်ပြီး စကင်္ာပူ ‌ရောက်လာတယ်။ ‌ရောက်ခါစက‌တော့ ကိုယ့်တိုင်းပြည်လည်းမဟုတ်၊ လူမျိုး‌တွေလည်းမဟုတ်‌တော့ ဘာသာစကား အခက်အခဲ အဓိက‌တွေ့ကြုံရတယ်။ စား‌သောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်ကာစက ‌တော်‌တော်‌လေးကို အခက်ကြုံရတယ်‌လေ။ ‌နောက်‌တော့ စကင်္ာပူက နာမည်နည်း နည်းရ‌နေတဲ့ သန့်ရှင်း‌ရေးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရပါတယ်။ အခုလက်ရှိ အဲဒီမှာ Assistance Supervisor (လက်‌ထောက် ကြီးကြပ်‌ရေးမှူး)အ‌နေနဲ့ လုပ်ကိုင်‌နေပါတယ်။

အ‌ကြောင်းအမျိုးမျိုး၊ ‌မျှော်လင့်ချက်အမျိုးမျိုး‌ကြောင့် ဒီကို‌ရောက်လာတဲ့ လူငယ်‌တွေလည်း အများကြီး‌ပေါ့။ တစ်ချို့က ပညာသင် ဖို့၊ တစ်ချို့က ပိုက်ဆံရှာဖို့အတွက် လာကြတယ်။ များ‌သောအားဖြင့် လာကြတဲ့ မြန်မာနိုင်ငံသား‌တွေက‌တော့ ‌ဆောက်လုပ်‌ရေး၊ အိမ်အကူကအစ ဒီနိုင်ငံမှာ အလုပ်‌ကောင်း‌ကောင်း၊ လစ‌ကောင်း‌ကောင်းနဲ့ လုပ်ခွင့်ရတဲ့ မြန်မာ‌တွေလည်း အများကြီး ‌တွေ့ရပါ တယ်။ ဒီစင်ကာပူကို ‌ရောက်လာသူ‌တွေထဲမှာလည်း ကိုယ့်ကရင်လူမျိုး‌တွေ အများကြီးပဲ။ သူတို့လည်း အများနည်းတူ အဆင် ‌ပြေတဲ့သူရှိသလို၊ အခက်အခဲ‌တွေ့‌နေရတဲ့သူ‌တွေလည်း ရှိပါတယ်။ တစ်ခု‌ကောင်းလာတာက စင်ကာပူမှာ အလုပ်လုပ်ချိန် အပါ အဝင် အလုပ်သမားအခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး ‌ကောင်းတယ်။ ကျမတို့ ကရင်လူမျိုး‌တွေက ဘယ်‌နေရာပဲ‌ရောက်‌ရောက် ကိုယ့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းတယ်။ ဒီစကင်္ာပူကို‌ရောက်‌နေတဲ့ ကရင်‌တွေလည်း နှစ်သစ်ကူးပွဲ‌တော် ကျင်းပကြတဲ့ အဲဒီလို‌နေ့ မျိုးမှာ ကရင်လူမျိုး‌တွေက အလွှာ‌ပေါင်းစုံ၊ အလုပ်‌ပေါင်းစုံ၊ အ‌ရှေ့ပိုး‌ရော၊ စ‌ကော‌ရော၊ အ‌နောက်ပိုး‌ရော အများကြီး‌တွေ့ရ‌တော့ ‌ပျော်စရာလည်း ‌ကောင်းသလို ဝမ်းလည်းသာပါတယ်။

ကျမက‌တော့ လူမှု‌ရေးလုပ်ငန်း ဝါသနာပါတယ်ဆို‌တော့ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်‌အောင် အရင်ကြိုးစားပြီး‌တော့ ကိုယ့်လူမျိုး ‌တွေအတွက် တတ်နိုင်တဲ့ဘက်က‌နေ လုပ်‌ဆောင်သွားဖို့ကို ရည်မှန်းထားပါတယ်။ စကင်္ာပူကို အလုပ်လာလုပ်ချင်တယ်ဆိုရင် အတတ်ပညာတစ်ခုခု ကျွမ်းကျင်တတ်‌မြောက်ထားဖို့၊ အဂင်္လိပ်စကားကိုလည်း ‌လေ့လာထားရပါမယ်။ ဘယ်အလုပ်မဆို အခက် အခဲ ကိုယ်စီရှိကြပါတယ်။ ကရင်လူငယ်‌မောင်မယ်အ‌နေနဲ့ ‌ပြောချင်တာက ဘယ်‌နေရာမျိုးမှာမဆို ကျမတို့ကရင်‌တွေမှာ ‌ရှေ့ကို အများကြီး ‌ရောက်‌နေတဲ့သူ‌တွေရှိသလို ‌နောက်မှာ ကျန်ခဲ့တဲ့သူ‌တွေလည်း အများကြီးမို့ ကျန်ခဲ့တဲ့သူ‌တွေကို လက်တွဲ‌ခေါ်ပါ။ ကျန်ခဲ့တဲ့သူ‌တွေကလည်း ကိုယ့်ရှိတဲ့‌နေရာတင် ရပ်မ‌နေဘဲ ဆက်လက်ကြိုးစားသွားရင် ကျမတို့‌တွေ တစ်‌နေ့ တိုးတက်‌ပြောင်း လဲလာမှာပဲလို့ ယုံကြည်မိပါတယ်။