Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

အင်အားအလုံးအရင်း စစ်ကူဖြည့်လာသည့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကော်ဘရာတပ်ဖွဲ့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်အထိအခိုက်အကျအဆုံးများနေ

ဇူလိုင်လ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြဝတီဘက်မှ ဝေါ်လေဘက်သို့ စစ်ကူဖြည့်ရန် ကြိုးစားလာသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၄ ခုနှင့် နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် ဦးစီးတပ်ဖွဲ့ဝင် အင်အား (၁၀၀)နီးပါးကို ကော်ဘရာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ...

ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် မွန်-ကရင်-တနင်္သာရီ ကျောင်းသားသမဂ္ဂများ အွန်လိုင်းဆွေး နွေးပွဲ ပြုလုပ်

ဇူလိုင်လ ၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ နှစ် (၆၀)ပြည့် ဆဲဗင်းဇူလိုင် (7 July) ကျောင်းသား အရေးတော်ပုံနေ့ အထိမ်းအမှတ်အနေဖြင့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ကျောင်းသားသမဂ္ဂများစီစဉ်ပြီး သမဂ္ဂလူငယ်များပါဝင်သည့် အွန်လိုင်း စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။ တစ်နာရီကြာ ပြုလုပ်ခဲ့သည့် ဆဲဗင်းဂျူလိုင် သတိရအောက်မေ့ဖွယ်နေ့ စကားဝိုင်းဆွေးနွေးပွဲကို...

၆ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးခဲ့ဟု KNU ထုတ်ပြန်

ဇူလိုင်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ယခုနှစ် ၂၀၂၂ ခုနှစ်၊ နှစ်ဝက်တာကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အသီးသီး၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ထောင်ကျော် သေဆုံးသွားခဲ့ကြောင်း ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်သည့် KNU ၏ နှစ်ဝက်ကာလ တိုက်ပွဲအနှစ်ချုပ်ထုတ်ပြန်ချက်အရ...

ဝင်းရေးဒေသ ကရင်အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ သင်ထောက်ကူပစ္စည်းများ အခက်အခဲရှိလာ

ဇူလိုင် ၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ပျော်သာယာကျေးရွာတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD က ဖွင့်လှစ်ထားသည့် အထက်တန်း စာသင်ကျောင်းတွင် ယခုနှစ် ကျောင်းသားဦးရေတိုးလာနေသည့်အတွက် ပုံနှိပ်စာအုပ်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လျက်ရှိသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။ ယခင်နှစ်...

စားသောက်ကုန်စျေးနှုန်းများမြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုကြပ်တည်းလာ

ဇူလိုင်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ကရင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာ ခြင်းကြောင့် ဒေသတွင်း အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် ဝင်ငွေထွက်ငွေမမျှတသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ကရင်ပြည်နယ်၏ နယ်စပ် ဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်အဟုန်မြင့် ဖြစ်ပွားနေသလို...

ကေအိုင်စီသို့ ကဗျာတစ်ပုဒ်

ကေအိုင်စီသို့ ကဗျာတစ်ပုဒ် ခေတ်ရေစီးမှာ ခေတ်ပြိုင်တွေနဲ့ အပြိုင်ရင်ပေါင်တန်း ဒီလိုနဲ့ …. ၂၅-နှစ်သက်တမ်း ပြည့်ခဲ့ပြီ…။ ပြန်ကြားမယ် ပညာပေးမယ် ဖျော်ဖြေတင်ဆက် ပြည်သူ့အတွက်ဆို နား သို့မဟုတ် မျက်စိ အချိန်နဲ့ တပြေးညီ ရှိနေမယ်…။ သတင်းဟာ တိကျမယ် မှန်ကန်မယ် မြန်ဆန်မယ် ဘက်လိုက်မှုကင်းမယ် အတင်းအဖျင်း...

ရာသီပေါ် အလုပ်သမားငှားမရသည့်အတွက် ကျုံဒိုးဒေသတွင် မိုးစပါးအများစု မစိုက်ပျိုးဖြစ်

ဇူလိုင်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကျုံဒိုးဒေသအတွင်း ကျေးရွာများတွင် ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရန် ရွှေ့ပြောင်းရာသီပေါ် အလုပ်သမားများ ငှားရမ်း၍မရသည့် အခြေအနေနှင့် လယ်ပိုင်ရှင်အများစု မိုးစပါးမစိုက်ပျိုးဖြစ်ကြကြောင်း လယ်ပိုင်ရှင်များထံမှ သိရသည်။ ကျုံဒိုးဒေသ လယ်ပိုင်ရှင်တစ်ဦးက " စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့်...
Donate