Hay Htoo
အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စု
အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့
အကြမ်းဖက် (စကစ) စစ်အုပ်စု
မောင်ကျော်စွာ
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်)
“အကြပ်အတည်းပေါင်းစုံအကြားမှာ ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စု”လို့ ခေါင်းစဉ်ပေး ရတာဟာ အောက်ပါအချက်အလက် (၂)ခုကို အခြေခံစဉ်းစားသုံးသပ်ရင်း တွေ့ရှိလာရတဲ့ အနေအထားပေါ်ကနေ သတ် မှတ်ပေးလိုက်တာဖြစ်ပါတယ်။
ပထမ အချက်အလက်က အကြမ်းဖက် (စကစ)စစ်အုပ်စုက...
ကော်သူးလေတပ်မတော်အသစ်ဖွဲ့စည်းလိုက်သူ စောနယ်ဒါးမြကို KNU အဖွဲ့မှ ထုတ်ပယ်
ဇူလိုင်လ ၂၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) ကို အသစ်ဖွဲ့စည်း တည်ထောင်လိုက်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ကို ကရင်အမျိုးသားအစည်းအရုံး-KNU မှ ထုတ်ပယ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ ၂၀ရက် ယမန်နေ့ညက ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသစ်ကို...
ထိုင်းဘတ်ငွေလဲလှယ်စျေးမတည်ငြိမ်သည့်အတွက် ပြည်တွင်းသို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း ဘတ်ငွေ/မြန်မာငွေ လဲလှယ်နှုန်းများမြင့်တက်နေမှုနှင့်ငွေလဲလှယ်စျေးမတည်ငြိမ်သည့် အခြေအနေကြောင့် မြန်မာပြည်တွင်းသို့ ငွေလွှဲလုပ်ငန်းလုပ်သူများ အခက်တွေ့နေရသည်ဟု သိရသည်။
မဲဆောက်မြို့တွင် မြန်မာပြည်ငွေလွှဲ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက " မနက်ငွေလဲနှုန်းတစ်မျိုး၊ နေ့ခင်း၊ ညနေတစ်မျိုး မငြိမ်ဘူး၊ ကျပ်စွန်း၊ ပြားစွန်းအလိုက် ငွေလဲနှုန်းမှာ ကွာဟသွားရင်...
BGF ၏ ကမမောင်း-ကတိုင်တိ ရေလမ်းကြောင်း ပိတ်ထားမှုကြောင့် ဒေသခံများအလုပ်အကိုင်အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်နေ
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကမမောင်း-ကတိုင်တိ လမ်းတစ်လျှောက်ရှိ ရွာများ၏ ရေလမ်းကြောင်းကို ယမန်နေ့ဇူလိုင်လ (၂၀)ရက်နေ့မှ စပြီး နယ်ခြားစောင့်တပ်-BGFမှ အကန့်အသတ်မရှိပိတ်ပင်သွားမည်ဖြစ်သောကြောင့် ဒေသခံများအတွက် ကုန်စီးဆင်းမှုနှောင့်နှေးပြီး ကုန်စည်တင်ပို့ရောင်းချခွင့်မရရှိတော့မည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ဆိုသည်။
အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူး...
အရပ်သားနှစ်ဦး စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ရှပ်ထိ
ဇူလိုင်လ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ယနေ့ည ပစ်ခတ်မှုကြောင့် ကော့နွဲရွာ သားနှစ်ဦးမှာ ကျည်စ အနည်းငယ် ရှပ်ထိခဲ့ကြောင်း ထိခိုက်သူနှင့်နီးစပ်သူများထံမှ သိရသည်။
ဇူလိုင်လ ၂၀ရက်နေ့တွင် ကော့ကရိတ်အခြေစိုက် ခလရ(၉၇)မှ လက်နက်ကြီး ၅လုံးဖြင့် ညဘက်အချိန်တွင် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ...
ကေအဲန်ယူ တပ်မဟာ(၄) နှင့် (KNDO) အထူးတပ်ရင်းကြား ပြဿနာကို ကြားနေသူများ ဝင်ဖြေရှင်းစေလိုဟု ဆို
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၄ နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း ဗိုလ်စောအယ်ကွီး(ခေါ်) ကော်လာဖိုးဦးစီးသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အထူးတပ်ရင်းနှင့် ကေအဲန်ယူ တပ်မဟာ(၄) လက်အောက်ခံတပ်ဖွဲ့များအကြားဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုပြဿနာများကို ကြားဝင်ဖြေရှင်းပေးမှုလိုအပ်ကြောင်း KNU ဘက်က ပြောသည်။
ယခုဇူလိုင်လမှစ၍ ကေအဲန်ယူ တပ်မဟာ(၄)နှင့် KNDO...
တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုး CDM ပြုလုပ်
ဇူလိုင်လ ၂၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၊ တပ်မ ၄၄ လက်အောက်ခံ ခမရ -၂၀၇ တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုးသည် စစ်ရေးနယ်မြေအတွင်းမှ ဇူလိုင်လ ၁၆ ရက်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...















