Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကျောက်ကြီးမြို့အတွင်းရှိ ကရင်အများစုနေထိုင်ရာ မေတ္တာရပ်ကွက်ကို လျှပ်စစ်မီးဖြတ်တောက်ခြင်းပြုလုပ်ခံရ

ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့အတွင်းရှိ ကရင်အများစုနေထိုင်ရာ မေတ္တာရပ် ကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တစ်ဖက်သတ် လျှပ်စစ်မီး ဖြတ်တောက်ခံရမှု ကြုံတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ ကျောက်ကြီးမြို့တွင် ရပ်ကွက် ၇ ခုရှိသည့်အနက်...

တစ်ရက်တာ ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲ၌ လူငယ် ၁၅၀ကျော် တက်ရောက်ခဲ့

ဩဂုတ်လ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ လန်းဖားကျေးရွာတွင် လူငယ်နှီးနှောဖလှယ်ပွဲကို ဩဂုတ်လ ၂၈ရက်(ယနေ့) ကျင်းပပြုလုပ်ခဲ့ရာ လူငယ်လူရွယ် ၁၅၀ဦးကျော် ပါဝင်တက် ရောက်ခဲ့ကြသည်။ လန်းဖားကျေးရွာအုပ်စုရှိ လန်းဖား၊ ကော့ဆိုင်နှင့် ပိန္နဲကုန်းကျေးရွာများမှ လူငယ်မောင်မယ်များ တက်ရောက်ခဲ့သည့် အဆိုပါနှီးနှောဖလှယ်ပွဲတွင် လူငယ်များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို...

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အောက်ဆီဂျင်အိုးများ ပြတ်လပ်လျက်ရှိ

ဩဂုတ် ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရက်ရှည်ကြာ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်သောကြောင့် အောက်ဆီဂျင် စက်ရုံများတွင် အောက်ဆီဂျင်အရည်မဖြည့်ပေးနိုင်တော့ဘဲ အောက်ဆီဂျင်အိုးများ ပြတ်လပ်နေကြောင်း မြို့ခံများက ပြောသည်။ မြဝတီ မြို့တွင် အခုရက်ပိုင်းအတွင်း မီးပြတ်လပ်မှုများရှိနေကြောင့် အောက်ဆီဂျင်စက်ရုံက အရည် ပုံမှန်မဖြည့်နိုင်တော့ဘဲ ပရဟိတ လုပ်ကိုင်သူများအနေဖြင့်...

ဒွယ်လိုးမြို့နယ်အတွင်း မှတ်ပုံတင်မပါဘဲ သွားလာသူများကို ဒဏ်ငွေ ကျပ် ၂ သိန်းရိုက်မည်ဟု BGF အမိန့်ထုတ်

ဩဂုတ် ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင် မပါဘဲသွားလာပါက ဒဏ်ငွေ ကျပ် (၂)သိန်းရိုက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)မှ အမိန့်စာထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ဒွယ်လိုးမြို့နယ်ရှိ မာထော၊ လေးဖိထာ့၊ ကတိုင်တိနှင့် ထိသဘလုထကျေးရွာများတွင်...

မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေမှုကြောင့် မြ၀တီမြို့အပါအ၀င် မြို့နယ် ၃ ခုနှင့် ကျေးနယ် ၅၀ ခန့် ...

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြ၀တီ-ကော့ကရိတ် လမ်းပိုင်းဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၀ ရက်က တိုက်ပွဲဖြစ်စဉ်အတွင်း ကော့နွဲရွာနှင့် အံကလော်ရွာ အကြားနေရာရှိ မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေခြင်းကြောင့် မြ၀တီ မြို့အပါအ၀င်...
Donate