Hay Htoo
အိန္ဒုတွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ
စက်တင်ဘာလ ၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အိန္ဒုကျေးနယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဟု နာမည်ကြီးနေသူ အသက် ၅၀ ကျော်အရွယ် ဦးခွင့်လွတ်ပါဆိုသူအား ယနေ့ စက်တင်ဘာလ ၈ရက်၊ ညနေ ၇ နာရီခန့်တွင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခြင်းခံရသည်ဟု သတင်းရရှိသည်။
အမည်မဖော်လိုသူ...
တပ်ချိန်းပြန်သည့် စစ်ကောင်စီတပ် အရပ်သား ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်
စက်တင်ဘာ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေ စစ်ကောင်စီတပ်စခန်းမှ တပ်ချိန်းအပြောင်းအလဲလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံအရပ်သား (၉)ဦးကို လူသားဒိုင်းအဖြစ် စက်တင်ဘာလ (၆)ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူက ယမန်နေ့ စက်တင်ဘာလ ၇...
ဖားအံမြို့ စစ်ကောင်စီ လှေလှော်ပြိုင်ပွဲ မြို့ခံများ ဝေဖန်
စက်တင်ဘာလ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏မြို့တော် ဖားအံမြို့ ကန်သာယာ၌ ယနေ့ စက်တင်ဘာလ (၈)ရက် နံနက်တွင် စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး ဦးဆောင်ကျင်းပသည့် လှေလှော်ပြိုင်ပွဲကို မြို့ခံများက ဝေဖန်လျက်ရှိသည်ဟု သိရသည်။
ပြည်နယ်၏ မြို့နယ်တော်တော်များများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုအကြား နှစ်ဖက်တိုက်ပွဲများ...
ဖလူး-ဝေါလေလမ်းပိုင်း နေရာများဘက်သို့ အတွဲလိုက်ဒုံးသီးများဖြင့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်
စက်တင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းတစ်လျှောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားသည့်နေရာများဘက်သို့ စစ်ကောင်စီတပ်က အတွဲလိုက်ရော့ကက်ဒုံးလက်နက်ဖြင့် ညဘက်ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်အရ သိရသည်။
"စစ်ကောင်စီတပ်က ၃ ထပ်ကွေ့ ကျော်ဝါးဘိုးဂိတ်ဟောင်း ဘုရားကုန်းကနေ လက်နက်ကြီးတွေ...
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ကိုးကားစာအုပ်နှစ်အုပ် BNI မိတ်ဆက်ထုတ်ပြန်
စက်တင်ဘာ ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
Burma News International (BNI)၏ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေး(MPM) လုပ်ငန်းစဉ်မှ ၂၀၁၉-၂၀၂၀ ခုနှစ် နှင့် ၂၀၂၁-၂၀၂၂ခုနှစ်များအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်ရေးသားပြုစုထားသည့် အချက်အလက် များပါဝင်သော ကိုးကားစာအုပ်နှစ်အုပ် မိတ်ဆက်အစီအစဉ်ကို အွန်လိုင်းမှတဆင့် စက်တင်ဘာလ ၈ရက်၊ ယနေ့ မိတ်...















