Home ထိပ်တန်းသတင်း ကရင်ဒုက္ခသည် ၆၀၀‌ကျော် မ‌လေးရှား UNHCR အသိအမှတ်ပြု

ကရင်ဒုက္ခသည် ၆၀၀‌ကျော် မ‌လေးရှား UNHCR အသိအမှတ်ပြု

1751
မတ်လ ၂၂ရက်။ ‌စောအဲ‌ခေါင် (‌ကေအိုင်စီ)

မ‌လေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က မ‌လေးရှားနိုင်ငံရှိ ကရင်တိုင်းရင်းသား ၆၀၀‌ကျော်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်‌ပေးလိုက်‌ကြောင်း သိရှိရသည်။

မတ်လ ၁၇ရက်‌နေ့မှ စတင်ကာ မတ်လ ၂၂ရက်‌နေ့အထိ ကရင်လူမျိုး ၆၀၅ဦးကို မ‌လေးရှား UNHCRက ဒုက္ခသည်အဖြစ် အ သိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD)ကဒ်များ အသုတ်လိုက်ခွဲကာ ထုတ်‌ပေးခဲ့ ‌ကြောင်း မ‌လေးရှားကရင်အစည်းအရုံး (MKO)က ဆိုသည်။

မ‌လေးရှားနိုင်ငံရှိ ကရင်တိုင်းရင်းသား ၉၀၀‌ကျော်ကို မ‌လေးရှားနိုင်ငံရှိ UNHCRက အသိအမှတ်ပြုကတ်များ ထုတ်‌ပေးနိုင်ရန် အတွက် လူ‌တွေ့‌မေးမြန်းရန် ‌ခေါ်ဆိုထား‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ၆၀၅ဦးသာ လူ‌တွေ့‌မေးမြန်းနိုင်ကာ ကဒ်များ ထုတ်‌ပေးနိုင်ခဲ့သည်ဟု MKO အတွင်း‌ရေးမှူး ‌စောဒန်းနရယ်က ‌ပြောဆိုသည်။

၎င်းက “အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ယူအဲန်ဘက်က လူ‌တွေ့‌မေးမြန်းတဲ့လူ‌တွေက ခွင့်ယူတဲ့လူ‌တွေ ဘာ‌တွေရှိ‌တော့ အားလုံး ကို အင်တာဗျူး မလုပ်နိုင်ဘူး‌ပေါ့။ အဲဒီအင်တာဗျူးတဲ့လူ‌တွေ မလုံ‌လောက်‌တော့ သတ်မှတ်ထားတဲ့ရက်အတွင်း ၉၀၀‌လောက် အင်တာဗျူးရမယ့် ‌နေရာမှာ ၆၀၀‌ကျော်‌လောက်ပဲ ဗျူးလို့ရသွားတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့်လည်း ကျန်တဲ့လူ‌တွေကို ‌နောက်မှာ ဆက်လက် လုပ်‌ဆောင်သွားဖို့ရှိပါတယ်”ဟု ‌ပြောဆိုသည်။

ထိုသို့ အသိအမှတ်ပြု လက်မှတ်ရရှိသွားသဖြင့် မ‌လေးရှားရဲကို ပြသရန် အ‌ထောက်အထားတခု ရသွားသည့်အပြင် တတိယ နိုင်ငံကို သွား‌ရောက်အ‌ခြေချ‌နေထိုင်ရန် ‌လျှောက်လွာတင်သည့် အခွင့်အ‌ရေးရရှိမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်‌ပြောဆို သည်။

အဆိုပါ UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု‌ပေးခံရသူတို့သည် မ‌လေးရှားနိုင်ငံတွင် တရားဝင်‌နေထိုင်ခွင့်နှင့် အလုပ် လုပ်ခွင့်ရရှိကြပြီး အစိုးရ‌ဆေးရုံ‌တွေများတွင်လည်း ‌ဆေးကုသစရိတ်ထက်ဝက်သာ ‌ပေး‌ဆောင်ကြရသည်ဟု ဒုက္ခသည်များက ‌ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၉ အတွင်း UNHCRက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ ၁၁၀၀ဝ ရှိပြီး ချင်းတိုင်းရင်းသား အများဆုံးဖြစ် ကာ ၅,၀၀ဝခန့်၊ မွန်တိုင်းရင်းသား ၂၀၀ဝခန့် ရှမ်း၊ ကရင်၊ ကချင်နှင့် မြန်မာမွတ်စလင် လူမျိုးများမှာ(၁,၀၀၀)‌ကျော်စီရှိသည်ဟု ဒုက္ခသည် ကူညီသည့်အဖွဲ့များကို ကိုးကားပြီး ‌ခေတ်ပြိုင်သတင်းဌာနတွင် ‌ဖော်ပြထားသည်။

မ‌လေးရှား UNHCR ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် ဩစ‌တြေးလျား၊ အ‌မေရိကန်၊ က‌နေဒါနှင့် ဥ‌ရောပနိုင် ငံအချို့တွင် အ‌ခြေချ‌နေထိုင်ခွင့် ရရှိကြမည်ဖြစ်ပြီး ယင်းသို့ တတိယနိုင်ငံများသို့ သွား‌ရောက်‌နေထိုင်ခွင့်ရရန် ‌စောင့်ဆိုင်း‌နေ စဉ်အတွင်း မ‌လေးရှားနိုင်ငံတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

မ‌လေးရှားနိုင်ငံတွင် အ‌ကြောင်းရင်းခံ အမျိုးမျိုး‌ကြောင့် ‌ရောက်ရှိကာ အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာပြည်သား‌ပေါင်း ၅သိန်း‌ကျော် ရှိသည်ဟု သိရှိရသည်။