Home ထိပ်တန်းသတင်း ဝါးခယ်မမြို့နယ်တွင် လူငယ်များ စစ်မှုထမ်းရန် စု‌ဆောင်းခံ‌နေရ

ဝါးခယ်မမြို့နယ်တွင် လူငယ်များ စစ်မှုထမ်းရန် စု‌ဆောင်းခံ‌နေရ

1836
မတ်လ ၂၂ရက်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် နအဖ စစ်တပ်မှ အသက် ၁၈နှစ်မှ ၃၈နှစ်ကြား လူငယ်များအား မတ်လ ၇ရက်မှစ၍ ယခုအချိန်ထိ စစ်မှုထမ်းရန် အဓမ္မ လိုက်လံစု‌ဆောင်းလျှက်ရှိသည်ဟု သိရသည်။

ဝါးခယ်မမြို့နယ်၊ ‌ညောင်ဝိုင်း၊ လမ်းသမိုင်၊ ကျုံစိန်၊ ဒယင်း‌ကျေးရွာများတွင် စစ်သားစု‌ဆောင်းရန် တာဝန်‌ပေးခံရသည့် တပ် ကြပ်ကြီးခင်‌မောင်မျိုး၊ တပ်ကြပ်ကြီးတင်စိုးနှင့် ဒုတပ်ကြပ် ဝင်းသိန်းထိုက်တို့က ‌ဖော်ပြပါအရွယ်ရှိ လူငယ်များကို မြူဆွယ်၍ လည်း‌ကောင်း၊ ခြိမ်း‌ခြောက်၍လည်း‌ကောင်း အမျိုးမျိုး လိုက်လံစု‌ဆောင်းလျှက်ရှိသည်ဟု မြို့ခံတဦးက ‌ပြောသည်။

“စစ်မှုထမ်းဖို့ စစ်သားစု‌ဆောင်းလို့မရတဲ့အတွက် ‌ကျေးရွာလူကြီး‌တွေက စစ်သားစု‌ဆောင်း‌ရေး တာဝန်ခံ တပ်ကြပ်ကြီး‌တွေကို တရွာမှာ ‌ငွေကျပ် တစ်‌သောင်းက‌နေ နှစ်‌သောင်းအထိ ဒဏ်‌ငွေ‌ပေး‌ဆောင်‌နေရတယ်”ဟု အဆိုပါမြို့ခံက ဆိုသည်။

ယခုအချိန်တွင် ဧရာဝတီတိုင်းအတွင်းရှိ ‌ကျေးလက်ကရင်လူငယ်များသည် ယခုလို အတင်းအဓမ္မ စစ်သားစု‌ဆောင်းမှု‌ကြောင့် ရန်ကုန်မြို့သို့ သွား‌ရောက်ကာ အလုပ်အကိုင်များ သွား‌ရောက် ရှာ‌ဖွေ‌နေကြရသည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက “စစ်သားစု‌ဆောင်းကာ ‌ရှောင်ရှားဖို့ လူငယ်‌တွေက ရန်ကုန်ကိုတက်ပြီး စား‌သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်‌တွေမှာ သွားလုပ်ကြတယ်။ အချို့ကလည်း သီရိမဂင်္လာ‌ဈေး၊ စံပြငါး‌ဈေး‌တွေမှာ ကုန်ထမ်းအလုပ်သမား၊ စက်မှုဇုန်က စက်ရုံ၊ အလုပ်ရုံ‌တွေမှာ ‌နေ့စားအလုပ်ကြမ်းသမား‌တွေအ‌နေနဲ့ လုပ်‌နေကြရတယ်”ဟု ‌ပြောဆိုသည်။

အလားတူ စစ်သား‌ကောက်ခံမှုများကို မြို့နှင့် အလှမ်းကွာ‌ဝေး‌သော ကရင်ပြည်နယ်၏ နယ်စပ်‌ကျေးလက်‌ဒေသများတွင် နအဖ တပ်များက ပြုလုပ်လျှက်ရှိသလို ဒီ‌ကေဘီ‌အေတပ်ဖွဲ့ကလည်း ဆယ်‌ကျော်သက်အရွယ် ကရင်လူငယ်များကို စစ်သားများအ ဖြစ် ယခုအချိန်ထိ လိုက်လံစု‌ဆောင်းလျှက်ရှိရာ အချို့မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်‌ပြေးလာကာ လုပ်ကိုင်စား‌သောက်‌နေကြရ သည်။