Home ရင်ဖွင့်သံများ ‌ပြော‌တော့ မျှတတဲ့ ‌ရွေး‌ကောက်ပွဲတဲ့

‌ပြော‌တော့ မျှတတဲ့ ‌ရွေး‌ကောက်ပွဲတဲ့

1822

ဗမာပြည်က မိန်းက‌လေး‌တွေ အ‌တော်များများဟာ ထိုင်းနိုင်ငံမှာလာပြီး ဘဝ‌တွေပျက်တယ်။ ဒုက္ခ‌တွေ‌ရောက်တယ်။ ဘာဖြစ် လို့ ဒုက္ခ‌ရောက်လဲဆို‌တော့ ‌ပြောမယ်။ ဗမာပြည်မှာ အလုပ်‌တွေက ‌ပေါပါတယ်။ ရတဲ့လစာက မိသားစုအတွက် မလုံမ‌လောက် ဘူး။ ဟုတ်လား။ အဲဒါကြည့်။ ဗမာပြည်က မိန်းက‌လေး‌တွေ ထိုင်းနိုင်ငံလာပြီး ဘဝပျက်တယ်။ ဒုက္ခ‌တွေ ‌ရောက်ကြတယ်။ နအဖ အဲဒါကို မကြည့်ဘဲနဲ့ လျစ်လျူရှုထားတယ်။ သူတို့ဘဝအတွက်‌တော့ သူတို့ပဲ သတင်း‌တွေထဲမှာ‌တော့ ဟုတ်‌နေတာပဲ။ ထိုင်းနိုင်ငံမှာ လာကြည့်ပါ။ သန်း‌ရွှေ လာကြည့်ပါ။ ဗမာပြည်က မိန်းက‌လေး‌တွေဘဝဟာ ပျက်စီးပြီး ဒုက္ခ‌တွေ ‌ရောက်‌နေကြရတယ်။

ဒီဝမ်း‌ရေး‌ကြောင့် မိသားစုအတွက်‌ကြောင့် ဒီမှာလာပြီး စ‌တေးချ‌နေကြရတယ်။ နအဖကို အဲဒါ သိ‌စေချင်တယ်‌လေ။ ဟုတ်တယ် မဟုတ်လား။ အ‌ပျော်တခုတည်းဆိုရင် မြန်မာပြည်မှာလည်း ‌ပျော်လို့ရတာပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါ နအဖက မသိဘူး။ အခုလို လူတန်းစား အဆင့်အတန်း ခွဲခြားတာလည်း ဒါ နအဖ‌ကြောင့်။ ချမ်းသာတဲ့သူက ချမ်းသာတယ်။ ဆင်းရဲတဲ့သူကလည်း ဆင်းရဲသွားတယ်။ ဒါ နအဖ မသိဘူး‌လေ။ သူတို့သာသိလို့ရှိရင် ကိုယ့်မြန်မာပြည်မှာပဲ ကိုယ် ‌အေး‌အေး‌ဆေး‌ဆေး လုပ်ကိုင်ပြီး ကိုယ့်မိသားစုနဲ့ ‌ပျော်‌ပျော်ပါးပါး ‌နေမှာ‌ပေါ့။

သူတို့က ဒီမိသားစု‌တွေ၊ ကိုယ့်မြန်မာနိုင်ငံသား‌တွေ ဘာဖြစ်လို့ ဘယ်လိုဒုက္ခ‌ရောက်လဲ။ စီးပွား‌ရေး အ‌ခြေအ‌နေ ဘယ်လိုရှိလဲ ဆိုတာကို သူတို့ မ‌လေ့လာဘူး‌လေ။ သူတို့က‌တော့ သတင်း‌တွေထဲမှာ ဘယ်လို ဆက်သွယ်‌ရေး၊ ဘယ်လိုမျိုးလမ်း‌ကောင်း ‌အောင်နဲ့ ဘယ်ဘုရားတည်မှာလဲ။ ဒါနဲ့ သူတို့က ဟုတ်‌နေတာပဲ။ ဒီလိုမျိုး မိန်းက‌လေး‌တွေ ဘဝပျက်တယ်။ မိသားစုနဲ့‌ဝေးပြီး ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေကို လာပြီး ‌မေးပါလား။ လာ‌မေး‌လေ။ လာ‌ပြော‌လေ။ အခု ပတ်စ်ပို့ မရှိတဲ့ မိန်းက‌လေး‌တွေ ဒီမှာကြည့် ‌လေ။ ‌နေထိုင်ခွင့်ကဒ်ရှိမှ ပတ်စ်ပို့လုပ်လို့ရတယ်။ ‌နေထိုင်ခွင့်မရှိတဲ့ ညီမတို့လို မိန်းက‌လေး‌တွေ ပတ်စ်ပို့ ဘယ်လိုသွားလုပ်မ လဲ။ တကယ်သာ မှန်ကန်တိကျတဲ့ နအဖက ပတ်စ်ပို့ရှိရှိ၊ မရှိရှိ။ ‌နေထိုင်ခွင့်မရှိရှိ တကယ်အမှန်အကန် လုပ်‌ပေးရမယ် အကုန် လုံးကို။ ‌နေထိုင်ခွင့်‌တွေ၊ ဘာ‌တွေ ရှိစရာ မလိုဘူး‌လေ။ တကယ်မြန်မာပြည်သား‌တွေ အကုန်လုံးကို ပတ်စ်ပို့လုပ်‌ပေးတယ်ဆို ရင် အကုန်လုပ်‌ပေးရမှာ‌ပေါ့။ သူတို့က တခါတည်း ဟိုပတ်စ်ပို့ရှိမှ၊ ‌နေထိုင်ခွင့်ကဒ်ရှိမှ၊ ဘာကန့်သတ်မှုရှိမှတို့ဆို‌တော့ တွက် ကြည့်‌လေ။ အဲဒါ ဘာတုန်း။ အဲဒါ မျှတမှုလား။ မျှတတဲ့ ဥစ္စာလား။

‌ပြော‌တော့ မျှတတဲ့ ‌ရွေး‌ကောက်ပွဲတဲ့။ ဒီလုပ်ရိုးလုပ်စဉ်‌တောင် မမျှတဲ့ဟာကို ဒီ‌ရွေး‌ကောက်ပွဲက မျှတပါ့မလား။ တကယ်သာ မှန်ကန်လို့ရှိရင် ဗမာမိန်းက‌လေး‌တွေ ဒီနိုင်ငံကို လာစရာ မလိုပါဘူး။ ဟို မြန်မာပြည်မှာ ‌နေမှာ‌ပေါ့။ ဆန်‌ရေစပါး ထွက်တာက လည်း မြန်မာပြည်ကပဲ။ သယံဇာတ‌တွေ ထွက်တာကလည်း မြန်မာပြည်ကပဲ။ ‌ရေနံ၊ ဓာတုတွင်းထွက်ပစ္စည်း၊ သတ္တု‌တွေ ထွက် တာလည်း မြန်မာပြည်ကပဲ။ အဲဒါ‌တွေထွက်‌ပေမယ့် မြန်မာပြည်က စီးပွား‌ရေးဟာ ဘာမှ မ‌ပြောင်းလဲဘဲနဲ့ သူများနိုင်ငံမှာ မိန်း က‌လေး‌တွေ ကျွန်လာလုပ်‌နေရတယ်ဆို‌တော့ အဲဒါ သူတို့ မ‌ကောင်းလို့လား။ ဒီမိန်းက‌လေး‌တွေပဲ မ‌ကောင်းလို့လား။ ‌ကောင်း လို့လား။ စဉ်းစားကြည့်‌ပေါ့။ သူတို့လည်း ဦး‌ဏှောက်ရှိတဲ့ လူသား‌တွေပဲဟာ။ ဟုတ်တယ် မဟုတ်လား။ အဲဒါ အမှန်ပဲ‌လေ။

ထိုင်း‌ရောက် ဗမာမိန်းက‌လေး