Home ထိပ်တန်းသတင်း ‌ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် ၂ဦး ကျဆုံး

‌ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် ၂ဦး ကျဆုံး

2243
ဧပြီလ ၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ဧပြီလ ၇ရက်‌နေ့မှစ၍ ယ‌နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ် (၂)ဦး အပါအဝင် ၄ဦး ကျဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၇)မှ ထိပ်တန်းအရာရှိတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

ယခုလ ၇ရက်နှင့် ၈ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေ ခလယ်‌ဒေးဂွင်၌ လှုပ်ရှား‌နေ‌သော အင်အား (၈၀)‌ကျော်ရှိ နအဖ စကခ(၁၉) လက်‌အောက်ခံ ဒုဗိုလ်မှူးကြီးမြင့်တိုး ဦး‌ဆောင်သည့် ခမရ(၅၈၈)တပ်ရင်းနှင့်တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယ‌နေ့မနက်၌ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ အင်အား (၁၀၀)‌ကျော်ရှိ ဒုဗိုလ်မှူးကြီးခင်‌မောင်ကို ဦးစီး ‌သော ခလရ(၂၇၅)တပ်ရင်းနှင့်တကြိမ် ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲနှစ်ရက်တွင် နအဖစစ်တပ်ဘက်မှ ဒုဗိုလ်တဦး အပါအဝင် ၄ဦး‌သေဆုံးပြီး ၄ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

၎င်းက “၇ရက်‌နေ့က ဝိုင်း‌ထော်နဲ့ ရှမ်းရွာသစ်ကြားမှာ ကျ‌နော်တို့လှုပ်ရှားတပ်ဖွဲ့နဲ့ ခမရ(၅၈၈) တကြိမ်ဖြစ်တယ်။ အဲဒီမှာ နအဖ ဒုဗိုလ်တ‌ယောက် ‌သေသွားတယ်။ တပ်သား (၂)‌ယောက် ဒဏ်ရာရတယ်။ ၈ရက်‌နေ့မှာ အဲဒီအဖွဲ့နဲ့ပဲ တကြိမ်ထပ်ဖြစ်တယ်။ နအဖဘက်က ဗိုလ်ကြီးတ‌ယောက် အပါအဝင် (၃)‌ယောက်‌သေပြီး (၂)‌ယောက်ဒဏ်ရာရတယ်။ ဒီ‌နေ့မနက် (၉)နာရီ (၁၅)မိ နစ်‌လောက် မယ်သ‌ဝေါကားလမ်းမှာ ရတခ ခလရ(၂၇၅)တပ်ဖွဲ့နဲ့ ‌ခြောက်မိနစ်‌လောက် အပြန်အလှန် ပစ်ခတ်ကြပြီး ထိခိုက်မှု ‌တော့ မသိရ‌သေးဘူး။ ကျ‌နော်တို့ဘက်က ထိခိုက်မှု တစုံတရာမှ မရှိဘူး”ဟု ‌ပြောသည်။

ထို‌ဒေသတွင် အ‌ခြေချလှုပ်ရှားလျှက်ရှိသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မ ဟာ(၉၉၉) တပ်ရင်း(၇)မှ တပ်မှူးတဦးက အဆိုပါတိုက်ပွဲမှာ အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟု အတည်ပြု‌ပြောဆိုသည်။

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်က ‌ကေအဲန်အယ်လ်‌အေနှင့် နအဖစစ်တပ်ဖွဲ့ဝင်တို့ကြား တိုက် ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ၂၀၁ဝခုနှစ် ၃လ‌ကျော်အတွင်း ယ‌နေ့အထိ ‌လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အလားတူ ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ၌လည်း ပြီးခဲ့သည့် မတ်လ ၂၉ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက် ‌အောက်ခံ တပ်ရင်း(၉၀၇)နှင့် နအဖစစ်တပ် စကခ(၁၂)လက်‌အောက်ခံ ခမရ (၉၀၄)ပူး‌ပေါင်းတပ်နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)တို့ကြား ၂၂မိနစ်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်သား (၂)ဦးထိခိုက်ဒဏ်ရာရရှိပြီး ‌ကေအဲန်အယ်လ် ‌အေမှ ၁ဦး ထိခိုက်မှုရှိ‌ကြောင်း ၎င်း‌ကေအဲန်အယ်လ်‌အေတပ်ရင်းမှ ဗိုလ်မှူး‌စောကြည်‌အောင်က ‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံခရိုင်အတွင်း၌ နအဖ စကခ(၁၉)နှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်းများ၊ ဒီ ‌ကေဘီ‌အေ တပ်မဟာ(၃၃၃)၊(၅၅၅)၊(၉၉၉)၊ လက်‌အောက်ခံတပ်ရင်းများနှင့် ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံတပ် ရင်းတို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။