Home ထိပ်တန်းသတင်း ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် UKL သတ်မှတ်မှုအ‌ပေါ် ကန့်ကွက်မှုများရှိ

ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် UKL သတ်မှတ်မှုအ‌ပေါ် ကန့်ကွက်မှုများရှိ

1550

ဧပြီလ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen League-UKL) ပါတီက ကရင်အမျိုးသားအလံ‌တော်ကို ပါတီ အလံအဖြစ် အသုံးပြုပြီး မှတ်ပုံတင်‌လျှောက်ခဲ့ခြင်းအ‌ပေါ် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများအတွင်း ကန့်ကွက်မှုများ ရှိခဲ့ကြ သည်။

UKL သည် ပါတီ၏ အလံအဖြစ် ကရင်အမျိုးသားအလံ‌တော်နှင့် ပါတီတံဆိပ်ကို တပါတည်း ထည့်သွင်းကာ ဧပြီလ ၈ရက်‌နေ့ တွင် နိုင်ငံ‌ရေးပါတီ မှတ်ပုံတင်‌လျှောက်ခဲ့သည့်အ‌ပေါ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပါတီအမည်၊ အလံနှင့် တံဆိပ် တို့ကို ကန့်ကွက်လိုက (၇)ရက်အတွင်း ခိုင်လုံ‌သော အ‌ထောက်အထားများဖြင့် လာ‌ရောက်ကန့်ကွက်နိုင်ပါ‌ကြောင်း နိုင်ငံ‌ရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ‌ဒေများ ၁၄(ဃ)အရ ဧပြီလ ၁ဝရက်‌နေ့တွင် မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာတို့၌ ‌ကြေ ညာခဲ့သည်။

ထို‌ကြေညာချက်ပါ သတ်မှတ်ရက်အတွင်း UKL ပါတီအလံအဖြစ် ကရင်အမျိုးသားအလံကို အသုံးပြုခြင်းအား ကန့်ကွက် ‌ကြောင်း ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)၏ အတွင်း‌ရေးမှူးကိုယ်တိုင် ယခုလ (၁၆) ရက်‌နေ့တွင် ‌နေပြည်‌တော်ရှိ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ သွား‌ရောက်အသိ‌ပေးကန့်ကွက်ခဲ့သည်ဟု ကရင်နှစ်သစ်ကူးဗဟို‌ကော်မတီနှင့် နီးစပ်သူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “UKL ပါတီက ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုမယ်ဆိုတဲ့အ‌ကြောင်း ဒီလ ၁ဝရက်‌နေ့မှာ သတင်း စာထဲမှာပါလာတယ်။ အဲဒါကို ကရင့်နှစ်သစ်ကူး ကျင်းပ‌ရေးဗဟို‌ကော်မတီဝင်က (၇)ရက်အတွင်း ကန့်ကွက်တဲ့အ‌နေနဲ့ ‌ကော် မတီ အတွင်း‌ရေးမှူး‌စောလှထွန်း ကိုယ်တိုင် ဧပြီလ ၁၆ရက်‌နေ့က ‌နေပြည်‌တော်မှာ ကန့်ကွက်စာ သွားတင်တယ်။ ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်ကလည်း ဒါကို လက်ခံထားလိုက်ပြီး တမျိုးသားလုံးရဲ့အလံ ဖြစ်ပါ‌ကြောင်း ခိုင်လုံတဲ့ အ‌ထောက်အထား တင်ပြ‌ပေး ဖို့ ပြန်လည်‌တောင်းဆိုထားတဲ့ အ‌နေအထားမှာ ရှိတယ်”ဟု ဆိုသည်။

UKL သည် ပါတီ၏ယခင်အလံ ရှိထားနှင့်‌သော်လည်း ယခုလို အမျိုးသားအလံကို ‌ပြောင်းလဲအသုံးပြုခြင်းအ‌ပေါ် ကရင်ပြည်သူ အ‌တော်များများက နားမလည်နိုင်ကြသလို လက်ရှိအသုံးပြုထားသည့် ပါတီတံဆိပ်မှာလည်း မဟာရန်ကုန်၊ ကရင်နှစ်သစ်ကူး ဗဟို‌ကော်မတီ၏ တံဆိပ်‌ဟောင်းသာဖြစ်‌ကြောင်း အဆိုပါ နီးစပ်သူက ထပ်မံ‌ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုမှုအ‌ပေါ် ကန့် ကွက်သည့် ‌ကြေညာချက်ကို ဧပြီလ ၁၆ရက်တွင်ပင် ထုတ်ပြန်ခဲ့ရာ အလံ‌တော်သည် ကရင်တမျိုးသားလုံး၏ ‌နေ့ထူး‌နေ့မြတ်နှင့် ကရင့်ရိုးရာယဉ်‌ကျေးမှုပွဲများ၌သာ သုံးခွင့်ရှိပြီး ယခုလို ပါတီအလံအဖြစ် အသုံးပြုခြင်းအားဖြင့် ကရင်လူထုအတွင်း အ‌တွေးအ ‌ခေါ် ကွဲပြားသွားနိုင်သည်ဟု KNU ဒုဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက ယခုလို ‌ပြောသည်။

“ကရင့်အမျိုးသားအလံ‌တော်ဟာ အမျိုးသားတခုလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း သို့မဟုတ်ရင်လည်း တမျိုးသားလုံးကို ကိုယ်စားပြုတဲ့အစိုးရ၊ အမျိုးသား‌ရေး အခမ်းအနားနဲ့ ‌နေ့ကြီးရက်ကြီးအပြင် သိက္ခာရှိတဲ့ အခမ်းအနား‌တွေမှာ သုံးပါတယ်။ ပါတီ ဆိုတာက တမျိုးသားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ တစိတ်တပိုင်း‌လောက်သာ ကိုယ်စားပြုတာ ဖြစ်တယ်။ အခုဖွဲ့တဲ့ပါတီက နအဖက ခင်းကျင်းထားတဲ့ ‌ရွေး‌ကောက်ပွဲကိုဝင်မယ့် ပါတီဖြစ်တဲ့အတွက် မသုံးသင့်ဘူးဆိုပြီး ကန့်ကွက်တာဖြစ်တယ်”ဟု သူ က ဆိုသည်။

ထို့အပြင် ပြည်ပရှိ Karenunited ဝိုင်း‌တော်သားများကလည်း စစ်အစိုးရသည် သံဃာ‌တော်များကိုပင် သတ်ဖြတ်ရန် ဝန်မ‌လေး သည့်အတွက် အနာဂတ်တွင် UKL ပါတီကို မတရားအသင်း ‌ကြေညာလိုက်ပါက ကရင်အမျိုးသားအလံ‌တော်သည် တရားမဝင် အလံအဖြစ်သို့ ‌ရောက်ရှိသွားနိုင်သည့်အတွက် ဧပြီလ ၁၃ရက်‌နေ့စွဲဖြင့် ကရင်အလံ‌တော်အား UKL ပါတီအလံအဖြစ် မှတ်ပုံ တင်ခြင်းကို စတင်ကန့်ကွက်ခဲ့သည်။

အခြား ဩစ‌တြေးလျား၊ ဂျပန်၊ အ‌မေရိကန်၊ ကိုရီးယား၊ မ‌လေးရှားနိုင်ငံ အပါအဝင် ပြည်ပ‌ရောက် ကရင်ပြည်သူများကလည်း ကရင်အမျိုးသားအလံ‌တော်ကို ကာကွယ်ကြရန် အွန်လိုင်း‌ပေါ်မှတဆင့် နှိုး‌ဆော်ခဲ့ကြသည်။

UKL ပါတီသည် ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ကရင်တိုင်းရင်းသား ကိုယ်စားပြုပါတီတခုအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့‌သော် လည်း လွှတ်‌တော်အမတ်တ‌နေရာမှ မရရှိခဲ့‌ပေ။ ထိုအချိန်က ပါတီဥက္ကဌမှာ မန်းတင်‌အောင်သန်း၊ ဒုဥက္ကဌ ‌စောသန်း‌အောင်၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်းမျိုးညွှန့်နှင့် တွဲဖက်အတွင်း‌ရေးမှူးမှာ ‌စောဂျူးတို့ဖြစ်‌သော်လည်း ယခု ပြန်လည်မှတ်ပုံတင် ‌လျှောက်ရာတွင်မူ ‌ကော်မတီဝင်အ‌ဟောင်းများ မပါရှိ‌ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အမည်မ‌ဖော်လိုသူ ရန်ကုန်မှ ကရင်အမျိုး သားတဦးက ‌ပြောသည်။

ပြည်‌ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL)၏ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ် ကွက် အမှတ်(၁) ‌စော‌တေလိန်းနှင့် ဦးလူနီလမ်းတွင် တည်ရှိပြီး စစ်အစိုးရ ကြီးမှူးကျင်းပမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ဝင် ‌ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်သူ့ပါတီ(KPP) အပါအဝင် အခြား နိုင်ငံ‌ရေးပါတီ (၁၉)ပါတီနှင့်အတူ မှတ်ပုံတင်‌လျှောက်ထားပြီး ဖြစ်သည်။

၁၈၈၁ခုနှစ်က ဖွဲ့စည်းခဲ့‌သော ‌ဒေါကလူအဖွဲ့ကြီးမှ ဦး‌ဆောင်၍ ကရင်တမျိုးသားလုံးနှင့်သက်ဆိုင်‌သော (၁)ကရင်နှစ်သစ်ကူး ‌နေ့ (၂)ကရင်အမျိုးသားသီချင်း (၃)ကရင်အမျိုးသားအလံ‌တော်ကို ၁၉၃၆ခုနှစ်၌ သဘာပတိ ဆရာစံ‌ဘော်လက်ထက်တွင် လွှတ်‌တော်သို့ တင်သွင်း‌တောင်းဆိုခဲ့ပြီး ၁၉၃၇ခုနှစ်တွင် ဥပ‌ဒေမူကြမ်းအမှတ် ၂၆၊ ၁၉၃၇ဖြင့် ၎င်း‌တောင်းဆိုချက်ကို အတည် ပြု သတ်မှတ်ခဲ့သည်။