Hay Htoo
တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့
ဒီဇင်ဘာလ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၉ရက်နေ့က နအဖ ခမရ(၅၄၅)တပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အမျိုး သမီး ၁ဦး အပါအဝင် ရွာသူရွာသား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ထိုနေ့ညနေ ၅နာရီကျော်အချိန်တွင်...
သမိုင်း စာမျက်နှာသစ် ဖွင့်ချိန်တန်ပြီ
အဲခေါင်သောင့် (ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀)
နအဖစစ်အစိုးရဟာ ၎င်းတို့ စိတ်ကြိုက်အစိုးရတခု ပေါ်ထွက်လာဖို့အတွက် အတုအယောင် ရွေးကောက်ပွဲကြီးကို အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာတွေ ဝေဖန်နေတဲ့ကြားထဲ နိုဝင်ဘာလ ၇ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးပြဿနာ တိုင်းရင်းသားအရေး ပြဿနာတွေကို ပြေလည်အောင်...
နအဖက ၎င်းတို့ ရိက္ခာသယ်ယူ နေသည့် ကားလမ်းဟောင်းကို စတင်ပြုပြင်
ဒီဇင်ဘာလ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖ စစ်တပ်က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် သံလွင်မြစ်ကမ်းနံဘေးတလျှောက်ရှိ ၎င်းတို့၏ ရှေ့တန်းတပ်များအတွက် ဆောင်းနှင့် နွေရာသီအတွင်း ရိက္ခာသယ်ရန် နှစ်စဉ် အသုံးပြုနေသည့် ဖာပွန်မြို့နှင့် ကျောက်ညှပ်ကားလမ်းဟောင်းကို ပြီးခဲ့ သည့်အပတ်မှစ၍ ဘူဒိုဇာ(မြေတူးကား)နှစ်စီးဖြင့် စတင် ပြုပြင်နေပြီဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှစ၍...
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားဆဲ
ဒီဇင်ဘာ ၂ဝရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇)နယ်မြေများတွင် နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ယနေ့ အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရှိရသည်။
ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယနေ့မနက် ၁ဝနာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ...
ကရင်နယ်ခြားစောင့်တပ်ရင်းသုံးရင်းမှ အဖွဲ့ဝင် ၁ဝဦးကျော် ဒီကေဘီအေနှင့် ကေအဲန်ယူတပ်များထံ လာရောက် ပူးပေါင်း
ဒီဇင်ဘာလ ၁၈ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ်ရင်း ၃ရင်းမှ တပ်မှူးတပ်သား ၁၆ဦးသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ၎င်းတို့တပ်ရင်းကို စွန့်ခွာ၍ ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအိုင်စီက စုံစမ်းသိ ရှိရသည်။
ကရင်နယ်ခြားစောင့်တပ်ရင်း(၁၀၁၉)၊ (၁၀၂၀)နှင့် (၁၀၂၂)မှ ဗိုလ်၊ တပ်ကြပ်အဆင့်ရှိသူများနှင့် တပ်သားများသည် ဒီကေဘီ အေ...
နအဖနှင့် BGF ပေါင်းပြီး ရွာသားတဦးကို သတ်ဖြတ်
ဒီဇင်ဘာလ ၁၇။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်လှုပ်ရှားနေသည့် နအဖ ခမရ(၅၄၉)မှ ဗိုလ်နိုင်စီ ဦးစီးသည့်အဖွဲ့နှင့် နယ် ခြားစောင့်တပ် (BGF) တပ်ရင်း(၁၀၁၆)မှ မိုးဒီ ဦးစီးသောအဖွဲ့သည် ယခု ဒီဇင်ဘာလ ၈ရက်နေ့တွင် ထိုဒေသရှိ စက္ကဝက်ရွာသား တဦးကို သတ်ပစ်ခဲ့သည်ဟု ဒေသခံများ၏...
တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်ပြေး ရောက်ရှိ
ဒီဇင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောနယ်မြေအနီးတဝိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်းလုံးကြီးချောင်း)ချောင်းကမ်းနံဘေးတွင် ဒေသခံရွာသား ၆၅ဦး ထွက်ပြေးလာသည်ဟု ယမန်နေ့က သိရသည်။
ယင်းသို့ထွက်ပြေးလာသည့် ရွာသားများမှာ လှိုင်းဘွဲမြို့နယ်၊...
တရုတ်နိုင်ငံ လောင်ဂျန်းရေကာတာ သစ်ကြောင့် သောင်းနှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက်
ဒီဇင်ဘာလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လောင်ဂျန်းမြစ် (ရွှေလီမြစ်)ပေါ်တွင် တည်ဆောက်လိုက်သည့် ရေအား လျှပ်စစ်ထုတ် ရေကာ တာကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထားနေရသည့် သောင်း နှင့်ချီသော ရှမ်းရွာသားများ ဒုက္ခရောက်လျှက်ရှိကြောင်း ရှမ်းလူမှုအဖွဲ့နှစ်ခု၏ အစီရင်ခံစာက ယနေ့...
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနဲလေးရွာသားတဦး ဒဏ်ရာရရှိ
ဒီဇင်ဘာလ ၁၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဝေါ်လေဂွင်ရှိ ကနဲလေးစခန်ထိုင် နအဖတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝနာရီကျော်အချိန်တွင် ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားတဦး ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။
ကနဲလေးကျေးရွာ အခြေစိုက် နအဖ ခမရ(၄၀၄)နှင့် ခလရ(၉၇)တပ်ဖွဲ့ဝင်များက ၎င်းတို့တပ်စခန်းမှ...
နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
ဒီဇင်ဘာလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ဝင်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ...





