Home ထိပ်တန်းသတင်း ကရင်နယ်ခြား‌စောင့်တပ်ရင်းသုံးရင်းမှ အဖွဲ့ဝင် ၁ဝဦး‌ကျော် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်များထံ လာ‌ရောက် ပူး‌ပေါင်း

ကရင်နယ်ခြား‌စောင့်တပ်ရင်းသုံးရင်းမှ အဖွဲ့ဝင် ၁ဝဦး‌ကျော် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်များထံ လာ‌ရောက် ပူး‌ပေါင်း

1793
ဒီဇင်ဘာလ ၁၈ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြား‌စောင့်တပ်ရင်း ၃ရင်းမှ တပ်မှူးတပ်သား ၁၆ဦးသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ၎င်းတို့တပ်ရင်းကို စွန့်ခွာ၍ ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်ဖွဲ့များထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိ ရှိရသည်။

ကရင်နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၉)၊ (၁၀၂၀)နှင့် (၁၀၂၂)မှ ဗိုလ်၊ တပ်ကြပ်အဆင့်ရှိသူများနှင့် တပ်သားများသည် ဒီ‌ကေဘီ ‌အေ တပ်မဟာ(၅)နှင့် ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံ တပ်ရင်း(၂၂)၊ တပ်ရင်း(၂၀၂)ထံသို့ ဒီဇင်ဘာလ ၁၄ရက်နှင့် ၁၅ရက်‌နေ့များတွင် ထွက်‌ပြေး‌ရောက်ရှိလာကာ ပူး‌ပေါင်းလိုက်ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေနှင့် ပူး‌ပေါင်းသည့် BGF (၁၀၂၂)မှ ဗိုလ်‌စော‌ဟောသကူး
ဒီဇင်ဘာလ ၁၅ရက်‌နေ့က နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၉)မှ တပ်သား ၄ဦးနှင့် တပ်ရင်း(၁၀၂၀)မှ တပ်ဖွဲ့ဝင် ၂ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ‌ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော ‌ဂျော်နီက ‌ကေအိုင်စီကို ယခုလို အတည်ပြု ‌ပြောဆိုသည်။

“BGF (၁၀၁၉) တပ်ရင်းက ရဲ‌ဘော် ၄‌ယောက်က ၁၅ရက်‌နေ့မနက်ပိုင်းမှာ ကျ‌နော်တို့တပ်‌တွေဆီ ‌ရောက်လာတယ်။ သူတို့မှာ AR ၃လက်၊ M-79 ၁လက်၊ မက္ကစင်းကျည်‌ဘောက် ၇ချပ်နဲ့ ကျည်ဆံအလုံး ၂၅ဝပါလာတယ်။ အဲဒီ‌နေ့ ည‌နေပိုင်းကျ‌တော့ BGF (၁၀၂၀)တပ်ရင်းက ၂‌ယောက်က AK ၁လက်၊ RPG ၁လက်နဲ့ ထပ်‌ရောက်လာတယ်။”ဟု ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက ‌ပြော သည်။

‌ကေအဲန်ယူ တပ်မဟာ(၇)သို့ ‌ရောက်ရှိလာသည့် ကရင်နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးဆန်းလင်း ဦးစီးသည့် (၁၀၂၀) တပ်ရင်း တပ်ခွဲ(၁)မှ ဒုတပ်ကြပ် ‌စောမို‌ကျေး ၄၇နှစ်၊ တပ်သား‌စော‌ကျော်စိုးတို့အပြင် ဗိုလ်မှူးလိုက်သိန့် ဦးစီးသည့် (၁၀၁၉) တပ်ရင်းမှ တပ်သား ၄ဦးမှာ စစ်သားအဖြစ် စု‌ဆောင်းခံရသည့် သာမန်အရပ်သားများဖြစ်၍ သတ်မှတ်ထားသည့်ကာလ ‌ကျော် လွန်‌သော်လည်း ထွက်ခွင့်မရသဖြင့် ထွက်‌ပြေးလာရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက‌ပြောသည်။

သူက “အခုထွက်လာတဲ့ ရဲ‌ဘော်‌လေး‌တွေက အသက်ငယ်ငယ်‌လေး‌တွေ။ တပ်ရင်း(၁၀၁၉)ကဆိုရင် အသက် ၁၇နှစ်အရွယ် က‌လေးစစ်သားတစ်‌ယောက် ပါတယ်။ သူတို့က လုပ်သက် တနှစ်ခွဲသမား‌တွေပဲ။ တနှစ် စစ်မှုထမ်းရမယ်လို့ ရွာထဲက ‌ခေါ်လာ ခံလိုက်ရပြီး သက်တမ်းပြည့်လို့ ဆက်မလုပ်ချင်‌တော့ လူချိန်းတာလည်း မရှိလို့ ထွက်‌ပြေးလာတာပဲ‌လေ။”ဟု ဆိုသည်။

၎င်းအပြင် ဒီဇင်ဘာလ ၁၄ရက်‌နေ့တွင် မြဝတီအ‌ခြေစိုက်၊ နယ်ခြား‌စောင့်တပ်(၁၀၂၂)တပ်ရင်းမှ ဒုတပ်ခွဲမှူး ဗိုလ်‌စော‌ဟောသ ကူးနှင့် အဖွဲ့ဝင် ၁ဝဦးတို့သည် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော အ‌ခြေစိုက် စစ်ဗျူဟာ(၁) စစ်ဆင်‌ရေးမှူး G2 ဗိုလ်မှူး‌စောဆန်း ‌အောင်ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့ပြီး ထွက်လာရသည့်အ‌ကြောင်းရင်းကို ဗိုလ်‌ဟောသကူးက ယခုလို ‌ပြောသည်။

“နယ်ခြား‌စောင့်တပ်အ‌နေနဲ့ ကျ‌နော်တို့ ရပ်တည်ရတာ မလွတ်လပ်‌တော့ဘူး။ သူတို့(စစ်တပ်)ရဲ့ လမ်းစဉ်‌တွေ၊ စည်းမျဉ်းစည်း ကမ်း‌တွေကို ကျ‌နော်တို့ မလိုက်နာနိုင်ဘူး‌လေ။ အမျိုးသား‌ရေးလည်း ဘာမှမလုပ်နိုင်‌တော့ဘူး။ ဒါ‌ကြောင့် ကရင်အမျိုးသားနဲ့ တိုင်းရင်းသားအားလုံး လွတ်‌မြောက်‌ရေးအတွက် ဗိုလ်မှူးချုပ်နှုတ်ခမ်း‌မွှေးနဲ့အတူ တိုက်ပွဲဝင်ဖို့ ကျ‌နော်တို့ ပြန်လာပူး‌ပေါင်းရ တာပဲ။ ကျ‌နော်တို့ ထွက်လာတုန်းက ၁၆‌ယောက်ရှိတယ်။ အချို့လူ‌တွေက သားမယားရှိတယ်ဆို‌တော့ ထွက်ခွင့်‌တောင်းတယ် ‌လေ။ ကျန်‌နေတဲ့ ကျ‌နော်တို့ ၁၀‌ယောက်က ‌တော်လှန်‌ရေးပြန်လုပ်မယ်။”ဟု ဆိုသည်။

၎င်းတို့အဖွဲ့သည် RPG, AK အပါအဝင် လက်နက်ကြီးငယ် စုစု‌ပေါင်း ၁၁လက် ယူ‌ဆောင်လာကာ ဒီ‌ကေဘီ‌အေနှင့် လာ‌ရောက် ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ရက်‌နေ့က KNU ‌စောလားဘွယ်အဖွဲ့မှ နိုင်လွင်၊ ‌စောလှဒါး၊ ‌စော‌အောင်ဆန်း၊ ‌နော်တယာ၊ ချင်းလုံ၊ ‌စောစိန်သန်းနှင့် စိုးမိုးတို့ အပါအဝင် အဖွဲ့ဝင် ၅၁ဦးသည် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်နယ်‌မြေတွင် စစ်အစိုးရ၏ ဥပ‌ဒေ ‌ဘောင်အတွင်း ဝင်‌ရောက်လာ‌ကြောင်း ဒီဇင်ဘာလ ၁၄ရက်‌နေ့ထုတ် မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာများတွင် ‌ဖော်ပြထား သည်။

ဒီ‌ကေဘီ‌အေမှ G2 ဗိုလ်မှူး‌စောဆန်း‌အောင်က နအဖနှင့် ပြန်ပူး‌ပေါင်းသွားသူများမှာ ဒီ‌ကေဘီ‌အေ အဖွဲ့ဝင်များဖြစ်ကြပြီး ‌စော လားပွယ်မှာလည်း ‌ကေအဲန်ယူ မဟုတ်ဘဲ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူးဖြစ်‌ကြောင်း ‌ပြောသည်။

“ဗိုလ်မှူးချုပ်‌စောလားပွယ်ဟာ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူးပါ။ ကျ‌နော်တို့ဆီက‌တော့ ဗိုလ်ချင်းလုံနဲ့ အဖွဲ့ဝင် ၇‌ယောက်။ ‌နောက် ဘုရားသုံးဆူ အ‌ခြေစိုက် အမှတ်(၂) ဗျူဟာမှူး ဗိုလ်‌နော်တယာနဲ့သူ့တပည့် ၂‌ယောက်ပဲ နယ်ခြား‌စောင့်တပ်(၁၀၂၂)နဲ့ ပြန်‌ပေါင်းတယ်။ သူတို့မှာ ဘာလက်နက်မှ မပါသွားဘူး။ စစ်တပ်က လက်ခံ‌ကောင်း‌အောင် ဗိုလ်မုတ်သုန်က လူ‌တွေ၊ လက် နက်‌တွေ ဖြည့်‌ပေးလိုက်တာဖြစ်မယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူက “ကျ‌နော်တို့ စုံစမ်းသိရှိရသ‌လောက်‌တော့ နအဖဘက်က ဗိုလ်‌နော်တယာနဲ့ ဗိုလ်လှဒါးတို့ကို နိုင်ငံ‌တော် ပုန်ကန်မှုနဲ့ စွပ်စွဲထားပြီး ‌နေ့တိုင်း ရိုက်နှက်နှိပ်စက်‌နေတယ်လို့ ကြားတယ်။”ဟု ဆိုသည်။

ယခုလို ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ နအဖ စစ်တပ်ထံ ပြန်‌ပေါင်းရခြင်းမှာ တိုက်ပွဲ၏ ‌ရေရှည်အခက်အခဲကို ဆက်လက် ခံနိုင် ရည်မရှိခြင်း၊ မိသားစုဖိအား‌ပေးခံရခြင်းအပြင် ၎င်းတို့မှာ စီးပွား‌ရေးအမြင်သာရှိသည့်အတွက်‌ကြောင့် ဖြစ်‌ကြောင်း ကျန်ရှိသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များက ‌ပြောသည်။

ဒီ‌ကေဘီ‌အေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ
ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည့် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်‌နေ့မှစ၍ စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်း လဲဖွဲ့စည်းခဲ့ပြီး‌နောက် အင်အား ၁,၇၀၀‌ကျော်မှာ စစ်အစိုးရပို့ချသည့် တစ်လကြာ စစ်သင်တန်းကို စက်တင်ဘာလ ၂၇ရက်‌နေ့ မှ ‌အောက်တိုဘာလအထိ မွန်ပြည်နယ်၊ သထုံမြို့နှင့် သံဖြူဇရပ်မြို့နယ်ရှိ ဝဲဂလိ‌ကျေးရွာတို့တွင် တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူနှင့် လာ‌ရောက်ပူး‌ပေါင်းခဲ့သူ တပ်သား‌စော‌ကျော်စိုး ၃၁နှစ်က “ကျ‌နော်က ဝဲကလိရွာမှာ စစ်သင်တန်းတက်ခဲ့ရ တယ်။ သင်တန်းမှာ‌တော့ ‌သေနတ်ပစ်‌လေ့ကျင့်ခန်း‌တွေ ဘာ‌တွေက ၁၅ရက်ပဲ။ ကျန်တဲ့ရက်က ရုံးမှာ နိုင်ငံ‌ရေးဝါဒအ‌ကြောင်း ‌တွေ သူတို့‌ပြောတာက အစိုးရကို ‌တော်လှန်တဲ့ အကြီးဆုံးအဖွဲ့က ကရင်ပဲတဲ့။ ကျ‌နော်က စာမတတ်‌တော့ အကုန်လုံး နားမ လည်ဘူး‌လေ။ သင်တန်းတက်တာ ကျ‌နော့်လိုစာမတတ်တာ အ‌တော်များတယ်။ ကျ‌နော် နားလည်တာက ကရင်အချင်းချင်း ပြန်တိုက်ရမယ်ဆိုရင် ကျ‌နော် မပစ်ချင်ဘူး။ အခု‌ပြောသံကြား‌နေတာက ကရင်အချင်းချင်း ပြန်တိုက်ရမဲ့သ‌ဘော။ အဲလိုဆိုရင် မပစ်ချင်တဲ့သူ‌တွေက ကျ‌နော်တို့ နယ်ခြား‌စောင့်မှာ အများကြီးပဲ။”ဟု ‌ပြောသည်။

အဆိုပါနယ်ခြား‌စောင့်များ၏ ‌ပြောပြချက်အရ ဖားအံခရိုင်၊ ‌မော်ဖားသူးရှိ နယ်ခြား‌စောင့်တပ်စခန်း‌နေရာတွင် နအဖ စစ်တပ်မှ တပ်ရင်း ၅ရင်း လာ‌ရောက်စခန်းထိုင်မည်ဖြစ်ပြီး နဂို ရှိ‌နေသည့် နယ်ခြား‌စောင့်တပ်များက တိုက်ပွဲဖြစ်ပွားရာ ဖလူးဘက်ကို သွား‌ရောက်ရမည်ဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေတွင် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ(၂၈)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)နှင့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၉) လက်‌အောက်ခံ ခမရ(၃၄၃)၊ ခမရ(၅၈၇)တပ်ရင်း များ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသလို နယ်ခြား‌စောင့်(၁၀၁၉)တပ်ရင်းမှာ မဲ့ပလဲ‌ကျေးရွာ၊ (၁၀၂၀)တပ်ရင်းမှာ ထာ့‌လော့‌နေရာ နှင့် (၁၀၂၂)တပ်ရင်းမှာ မြဝတီမြို့တွင် အ‌ခြေစိုက်လျှက်ရှိသည်။

ဒီဇင်ဘာလ ၁၆ရက်‌နေ့ည ၁၁နာရီမှ မနက် ၁နာရီအထိ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော အ‌ခြေစိုက် စစ်ဗျူဟာ(၁)နှင့် နအဖ စကခ(၁၉) လက်‌အောက်ခံ ခလရ(၃၅၆)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံးပြီး ထိခိုက်မှုကို မသိရ‌ကြောင်း အဆို ပါစစ်ဆင်‌ရေးမှူး G2 ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောဆိုသည်။