Hay Htoo
မဝေးတော့သည့် အောင်ပွဲသဘင်
M. ထက်ခေါင်
(၁)
တရားဥပဒေဆိုသည်ကတော့ တိုင်းပြည်တိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တရပ် ဖြစ်သည်။ အများလေးစားလိုက် နာဖွယ်ရာ တရားဥပဒေမှာ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမှု အနိုင့်အထက် ပြုကျင့်မှုများမှ ကင်းဝေးလိုသူတို့အတွက် ခိုလှုံရာ၊ ကောင်းရောင်းကောင်းဝယ်၊ စိုက်ပျိုး မွေးမြူ လုပ်ကိုင်စားသောက်ကြသူတို့အတွက် အမှီသဟဲပြုရာ၊ လူလတ်တန်းစားတို့၏ အကျိုးစီးပွားနှင့် အဖိနှိပ်ခံ နင်းပြား...
ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ
ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ...
ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ
ဒီဇင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁ဝဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည်...
ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား
ဒီဇင်ဘာလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀ဝန်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ...
တပ်စခန်းကာရန် သစ်၊ ဝါးတောင်းခံ
ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ဝါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။
နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး...
ကရင်နှစ်သစ်ကူးအတွက် ကျေးနယ်တခု ငွေ ၅သိန်းစီ တောင်းခံ
ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဖားနွီးက ပိုင်ကျုံမြို့နယ်ရှိ ဖားအီးကျေးရွာ၌ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရန်အတွက် ကျေးနယ်အချို့ကို ငွေကျပ် ၅သိန်းစီ ကောက်ခံခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းမှ ပလောညာသီး၊ ကမို၊ ဖားကပ်၊ တခေါ်ဘီ(ကွမ်ဘီ)၊ နောတဲ စသည့် ကျေးနယ်...
ကော်သူးလေမျိုး သေရိုးမရှိ
လကင်္ာဒီပ (၂၄.၁၂.၂၀၁၀)
သူ့လုပ်ရပ် သူ့အခြေ
အခြေခံလူတန်းစားတွေဘက်က ရှိတယ်။
သူ့အတွေး သူ့အရေး
ပြည်သူ့သွေးချွေးတွေကို ဖော်ပြတယ်။
သူ့သတိ သူ့အသိ
ပြည်သူ့ဂတိတွေရှိတယ်။
သူ့အသက် သူ့ခန္ဓာ
ပြည်သူ့တွက်သာ ရှင်သန်ရာဖြစ်တယ်။
သူ့ပညာ သူ့ဇွဲ
တိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြတယ်။
စစ်သွေးကြွနေခြင်းမမည်တဲ့
ခုခံတဲ့ကာကွယ်စစ်ပွဲထဲ
သူရဲကောင်းတွေပေါ်ထွန်းလာခဲ့တယ်။
ရဲဘော်.........
ဦထောင်ပဲ့ကျိုး
အိုးနင်းခွက်နင်းမဖြစ်တဲ့
တဗိုလ်ပဲ့သွားလည်း
လှည်းမှူးကောင်းတွေဖြစ်ထွန်းရာ
ကော်သူးလေကမ္ဘာဆီမှာ
နင်ပြန်အလာကိုမျှော်နေကြသမို့
တို့ရဲ့တခုတည်းသော အလံတော်အောက်
အရောက်ပြန်ဆုံနိုင်ရေး
နှလုံးသွေးနဲ့ ကြိုလင့်နေမယ်ရဲဘော်။
လှိုင်းဘွဲမြို့နယ်ရှိ ရွာသူရွာသားများ အား နအဖစစ်တပ်မှ ပေါ်တာဆွဲနေ
ဒီဇင်ဘာလ ၂၃ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးနယ်များမှ ရွာသူရွာသားများအား ဒီဇင်ဘာလလယ်ပိုင်းမှ ယခုအချိန်ထိ နအဖ စစ်တပ်နှင့် နယ်ခြားစောင့်တပ်များမှ ပေါ်တာအဖြစ် အဓမ္မခေါ်ယူအသုံးချနေကြောင်း နယ်စပ်မှလာသည့် သတင်းများအရသိရသည်။
နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် စစ်ကွပ်ကဲရေးဌာနချုပ်(၁၉) လက်အောက်ခံတပ်ရင်းများသည် လှိုင်းဘွဲမြို့နယ်၊ ကဆောဝါးလေး(ဆင်ဖြူတောင်)ရှိ ၎င်းတို့၏ ရိက္ခာစုဆောင်းထားရှိရာနေရာသို့ တပ်ရိက္ခာပို့ဆောင်ရန်အတွက်...
စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ KNU ချမှတ်
ဒီဇင်ဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၎င်းတို့၏ နှစ်ပတ်လည် အစည်းအဝေးတွင် ၂၀၁ဝ ရွေးကောက်ပွဲအပြီးကာလ ဖြစ်ပေါ်လာနိုင်မည့် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ပြန်လည်သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ကာ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်နေ့အထိ ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာ၌...
တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ
ဒီဇင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသ ဖလူးလေးကျေးရွာအနီးတွင် နအဖနှင့်ဒီကေဘီအေတို့ကြား ယနေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားရာ နအဖဘက်က ၂ဦးကျဆုံးခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ (၉၀၂)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်သက်က “ဒီနေ့မနက် ၁၁နာရီ...





