Home ထိပ်တန်းသတင်း လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ကနဲ‌လေးရွာသားတဦး ဒဏ်ရာရရှိ

လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ကနဲ‌လေးရွာသားတဦး ဒဏ်ရာရရှိ

1946
ဒီဇင်ဘာလ ၁၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ဝေါ်‌လေဂွင်ရှိ ကနဲ‌လေးစခန်ထိုင် နအဖတပ်ဖွဲ့ဝင်များသည် ယ‌နေ့နံနက် ၁ဝနာရီ‌ကျော်အချိန်တွင် ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားတဦး ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့‌ကြောင်း ရွာခံများ၏ ‌ပြောပြချက်အရ သိရသည်။

ကနဲ‌လေး‌ကျေးရွာ အ‌ခြေစိုက် နအဖ ခမရ(၄၀၄)နှင့် ခလရ(၉၇)တပ်ဖွဲ့ဝင်များက ၎င်းတို့တပ်စခန်းမှ ရွာအတွင်းသို့ ပစ်ခတ် ခြင်းဖြစ်‌ကြောင်း ‌ဝေါ်‌လေ‌ဒေသတွင် အ‌ခြေစိုက်သည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)၏ ဒုရင်းမှူး ဗိုလ်မှူး‌စောကြည် ‌အောင်က ယခုလို အတည်ပြု ‌ပြောဆိုခဲ့သည်။

“ကနဲ‌လေးမှာ အ‌ခြေစိုက်တဲ့ ခမရ(၄၀၄)နှင့် ခလရ(၉၇)တပ်ဖွဲ့‌တွေက ဒီမနက် ၁ဝနာရီ‌ကျော်‌ကျော်မှာ လက်နက်ကြီး‌တွေ လိုက် ပစ်တယ်။ ငါးချက်‌လောက် ပစ်တာ။ သူတို့ပစ်တာက ကနဲ‌လေးရွာထဲကို တည့်တည့်ဆို‌တော့ အဲဒီမှာ ရွာသားတ‌ယောက် ဒဏ် ရာရသွားတယ်။ သူ့ရဲ့ တင်ပါးနဲ့ ‌ခြေသလုံးမှာ လက်နက်ကြီးအစ ထိမှန်သွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နအဖ စစ်တပ်များ ယ‌နေ့မနက် ပစ်ခတ်လိုက်သည့် လက်နက်ကြီးတလုံးမှာ ဒဏ်ရာရရှိသွားသည့် ကနဲ‌လေးရွာသား ‌စော‌ဟေ့ သား ၃ဝနှစ်၏ အိမ်အနားတွင် ကျ‌ရောက်ခဲ့ပြီး ထိခိုက်သွားသည်ကို အဆိုပါ နအဖတပ်ဖွဲ့ဝင်များက ‌ကျေးရွာထဲကို ဝင်‌ရောက် ကာ ဒဏ်ရာရသူ ရွာသားကို သွား‌ရောက်ကြည့်ရှုခဲ့‌ကြောင်း ‌ဒေသခံတဦးက ‌ပြောသည်။

သူက “ကျ‌နော်သိရသ‌လောက် စစ်တပ်က သူတို့ စခန်းထဲမှာ‌နေပြီး‌တော့ ‌ရေဆင်းချိုးဖို့ကို အနီးအနားမှာ ဘာရှိသလဲဆိုတာ သိရ‌အောင် လှမ်းပစ်တာတဲ့။ အဲလိုပစ်လိုက်လို့ ဒဏ်ရာရသွားတဲ့ ရွာသားကို သူတို့ သွားကြည့်တယ်လို့ ကျ‌နော်ကြားတယ်။ ဒီ နအဖတပ်‌တွေကလည်း ကရင်စစ်သား‌တွေ ဘယ်မှရှိမှန်းမသိဘဲ အရမ်း‌လျှောက်ပစ်တာကိုး။ ရွာသား‌တွေကို ထိမှာ‌ပေါ့။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နအဖ တပ်များသည် ၎င်းတို့ဝင်‌ရောက်လှုပ်ရှားသည့် ‌ဒေသများတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့များ ၏ ချုံခို‌ပြောက်ကျားတိုက်ခိုက်ခြင်းကို ခံရဖန်များလာသည့်အတွက် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များ ရှိနိုင်သည့်‌နေရာများကို ခန့်မှန်းကာ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်‌လေ့ရှိရာမှ ‌ဒေသခံများ ထိခိုက်‌သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ရက်‌နေ့က နအဖတပ်မှ ‌ဝေါ်‌လေ‌ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့မှု‌ကြောင့် ရွာသားတဦး ဒဏ်ရာရရှိခဲ့သလို ၁ဝရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းရွာတွင် နအဖမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးအ စ ထိမှန်ခဲ့ခြင်း‌ကြောင့် ၁၃နှစ်အရွယ် မိန်းက‌လေးတဦး ‌သေဆုံးခဲ့ပြီး ‌ယောက်ျား‌လေးတဦး ဒဏ်ရရှိခဲ့‌သေးသည်။