Home ဆောင်းပါး မ‌ဝေး‌တော့သည့် ‌အောင်ပွဲသဘင်

မ‌ဝေး‌တော့သည့် ‌အောင်ပွဲသဘင်

2344
M. ထက်‌ခေါင်

(၁)
တရားဥပ‌ဒေဆိုသည်က‌တော့ တိုင်းပြည်တိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တရပ် ဖြစ်သည်။ အများ‌လေးစားလိုက် နာဖွယ်ရာ တရားဥပ‌ဒေမှာ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမှု အနိုင့်အထက် ပြုကျင့်မှုများမှ ကင်း‌ဝေးလိုသူတို့အတွက် ခိုလှုံရာ၊ ‌ကောင်း‌ရောင်း‌ကောင်းဝယ်၊ စိုက်ပျိုး ‌မွေးမြူ လုပ်ကိုင်စား‌သောက်ကြသူတို့အတွက် အမှီသဟဲပြုရာ၊ လူလတ်တန်းစားတို့၏ အကျိုးစီးပွားနှင့် အဖိနှိပ်ခံ နင်းပြား ‌ကျောမွဲလူတန်းစားတို့ ဘဝရပ်တည်‌ရေး ကာကွယ်‌စောင့်‌ရှောက်‌ပေးနိုင်သည့် အားကိုး အားထားရာအဖြစ် မတ်မတ်ခိုင်ခိုင် ရပ်တည်‌နေ‌သော မဏ္ဍိုင်တရပ် ဖြစ်‌လေသည်။ ဥပ‌ဒေ‌ကြောင်းအရ မိမိတို့၏ ရပိုင်ခွင့်များ ကို ရရှိ‌အောင် ‌ဆောင်ကြဉ်း‌ပေးနိုင်ပြီး လူတိုင်းရရှိမည်ဖြစ်‌သော ‌မွေးရာပါအခွင့်အ‌ရေးများ ချိုး‌ဖောက်ကျူး‌ကျော်ခံရမှုကိုလည်း တားဆီးကာကွယ်‌ပေးနိုင်မည် ဖြစ်သည်။

သို့ရာတွင် တရားဥပ‌ဒေ၏အထက်က စစ်အုပ်စုရှိ‌နေ‌သော ဤနိုင်ငံ၌ တရားဥပ‌ဒေဆိုသည်မှာ ၎င်းတို့လက်ခုပ်ထဲက ‌ရေပမာ သွန်လိုသွန် ‌မှောက်လို‌မှောက်ဖြင့် တရားလိုများ တရားခံဖြစ်ကာ ‌ရှေ့‌နေများပါ ‌ထောင်ကျ‌နေကြရ‌လေသည်။ ၎င်းတို့ စိတ်တိုင်းကျ ချမှတ်ထား‌သော ဥပ‌ဒေများကို ၎င်းတို့ကိုယ်တိုင်ပင် လိုက်နာမှုမရှိ ဖြစ်‌နေ‌ပေရာ ပြည်သူလူထုအ‌နေဖြင့် ထိုဥပ ‌ဒေများအား တ‌လေးတစား တန်ဖိုးထား လိုက်နာဖို့ရန်အတွက် အ‌တော်ပင် အခက်အခဲ ရှိကြ‌ပေလိမ့်မည်။

စစ်အုပ်စုလက်‌အောက် အဖိနှိပ်ခံတိုင်းပြည်၌ တရားစီရင်‌ရေးသည်လည်း ၎င်းတို့ပြုချင်တိုင်းပြု‌နေ‌သော တရားဥပ‌ဒေ လိုပင် ယိုင်နဲ့ပြိုပျက်‌နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၁၁လပိုင်း ၁၁ရက်‌နေ့ ၁၁နာရီတွင် ‌ထောင်ဒဏ် ၆၅နှစ်ချဆို‌သော ရူး‌ကြောင်‌ကြောင် ‌ဗေဒင်ကိန်းခန်းတွက်ချက်မှုများဖြင့် မတရားစီရင် ချမှတ်ထားသည်များကို တကယ့်တရားဝင်အစိုးရက တကယ်တမ်း တရားနည်းလမ်းတကျ ချမှတ်သည့် တရားစီရင်မှုမျိုးများနည်းတူ သ‌ဘောထားပြီး တ‌လေးတစား လိုက်နာ‌နေစ ရာ လိုမည်မဟုတ်‌ချေ။

တရားစီရင်‌ရေးမှာ မုန်းသူချစ်သူ မခွဲခြား၊ တရားဥပ‌ဒေ၏ မျက်နှာကိုသာ ‌ထောက်ရှုလျက် ဘက်မလိုက်ပဲ ဆုံးဖြတ်စီ ရင်ရမည် ဖြစ်သည်။ စစ်အုပ်စုလက်‌အောက် တရားသူကြီးများမှာမူ အမှားအမှန် ပိုင်းခြား ‌တွေးဆ ဆင်ခြင်မှု အသိဉာဏ်နှင့် တရားနည်းလမ်းအတိုင်း စီရင် ဆုံးဖြတ်ပိုင်ခွင့်တို့ ‌ပျောက်ဆုံးလျက် စစ်အုပ်စု အလိုကျ၊ စစ်အုပ်စု ခိုင်းသမျှ၊ စစ်အုပ်စုက ‌ရေး ‌ပေး‌သော စီရင်ချက်များကို ဖတ်ရှုပြရသည့်အဆင့်သာ ရှိ‌နေသည်။ တရားမျှတမှု ဆိတ်သုဉ်း‌နေ‌သော စစ်အုပ်စုလက်‌အောက် တရားရုံးများ၌ ၎င်းတို့အား ဆန့်ကျင်သူများအ‌ပေါ် မုန်းလျှင်မုန်းသလို ဥပ‌ဒေပုဒ်မ အမျိုးမျိုးဖြင့် နှစ်ရှည်‌ထောင်ဒဏ်များ ချမှတ် ပြီး ၎င်းတို့နှင့် ပလဲနံပသင့်သူများ၊ အကျိုးစီးပွားတူကြသူများကိုမူ ချစ်လျှင်ချစ်သလို ‌ငွေဒဏ်ခံဝန်ချုပ် စသည်တို့ဖြင့် သက်ညှာ စွာ စီရင်၍‌သော်လည်း‌ကောင်း၊ တရား‌သေ လွှတ်လိုက်ခြင်းများဖြင့်‌သော်လည်း‌ကောင်း ‌ဖောက်ပြန်ချင်တိုင်း ‌ဖောက်ပြန်‌နေမှု များအား ပြည်သူတို့အ‌နေဖြင့် မည်မျှအထိ သည်းညည်းခံနိုင်ကြမည်နည်း။

တိုင်းပြည်ကို တကယ်တမ်း အုပ်ချုပ်ရမည့်သူများမှာ ၁၉၉ဝခုနှစ်တုန်းက လူထုဆန္ဒဖြင့် အ‌ရွေး‌ကောက်ခံခဲ့ရ‌သော ပုဂ္ဂိုလ်များ ဖြစ်၏။ တိုင်းပြည်အုပ်ချုပ်‌ရေးအာဏာအား ထိုပုဂ္ဂိုလ်တို့ကို သမာသမတ်ကျစွာ လွဲ‌ပြောင်းမ‌ပေးဘဲ လက်နက်အား ကိုး ချုပ်ကိုင်ထား‌သော စစ်အုပ်စု၏ အုပ်ချုပ်‌ရေးသည်လည်း ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ယဉ်‌ကျေးမှု စသည့် ကဏ္ဍအရပ်ရပ်တွင် အဖက်ဖက်မှ ချွတ်ခြုံကျကာ တိုင်းပြည်ကို ပြည့်တန်ဆာနိုင်ငံ၊ သူ‌တောင်းစားနိုင်ငံ၊ ကျွန်နိုင်ငံအဖြစ် တွန်း ပို့ခဲ့‌သော ၎င်းတို့ ‌ဆွေ‌တော်မျိုး‌တော်များ ‌ကောင်းစား‌ရေး ဦးတည်သည့် အုပ်ချုပ်‌ရေးသာ ဖြစ်‌လေသည်။

တိုင်းပြည် အချုပ်အခြာအာဏာ၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်‌သော ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေးနှင့် အုပ်ချုပ်‌ရေး တို့ ယိုယွင်းပျက်ပြား‌နေ‌သောအခါ ထိုတိုင်းပြည်၏ အချုပ်အခြာ အာဏာဟူသည်မှာ လက်နက်အားကိုး ထင်ရာစိုင်း ရိုင်းပျ‌နေ သည့် ‌အော့နှလုံးနာစရာ အချုပ်အခြာအာဏာသာ ဖြစ်‌နေ‌ပေ‌တော့သည်။

ဗမာပြည်သူလူထုကြီးအ‌နေဖြင့် လက်ရှိ အ‌ခြေအ‌နေအ‌ပေါ် အမှန်အတိုင်း ပီပီပြင်ပြင် မြင်တတ်ဖို့ လိုသည်။ လူလိမ် လူ‌ကောက်များ မဟုတ်မတရား ချမှတ်ထားသည့် တရားဥပ‌ဒေဆိုသည်ကို မိမိတို့က ‌လေးစား‌နေစရာ မလို။ ၎င်းတို့သည် မိမိ တို့ ပြည်သူလူထုအ‌ပေါ် စိတ်‌စေတနာ‌ကောင်း မထားရှိကြ။ ဒုက္ခကြုံရသူများအတွက် ပြည်သူလူထုချင်း ‌ပေးလှူလာသည့် စာ နာမှု အကူအညီများကို ပိတ်ပင်ဟန့်တား ‌နှောက်ယှက်ကာ ဖြတ်စားလျှပ်စား လုပ်ကြသူများ၊ နိုင်ငံတကာ အကူအညီများကို လည်း လူထုလက် မ‌ရောက်‌စေပဲ ၎င်းတို့ချည်း ‌မောင်ပိုင်စီး‌နေကြသူများ၊ လယ်သိမ်း၊ ‌မြေသိမ်း၊ ဆိုင်ခန်းများ ဖျက်၊ အဓမ္မလုပ် အား‌ပေး‌ခေါ်၊ က‌လေးစစ်သား‌ကောက်၊ ‌ရေကာတာ‌ဆောက် စသဖြင့် လူထုအကျိုးမဲ့ကိုသာ ပြုတတ်‌သော လူထုရန်သူများအ ဖြစ် ပီပီပြင်ပြင် သိရှိနားလည် သတ်မှတ်နိုင်ကြရမည် ဖြစ်၏။

တရားဥပ‌ဒေမဲ့ ထင်ရာစိုင်းကာ လူထုကို နှိပ်ကွပ်သတ်ဖြတ်‌နေ‌သော ရန်သူဟု သိနားလည်ထားလိုက်ပါက ၎င်းတို့၏ အဖမ်းကို ဘယ်‌သောအခါမျှ ခံနိုင်‌တော့မည် မဟုတ်‌ချေ။ ရန်သူ၏ ကျူး‌ကျော်‌စော်ကားမှုကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရင်ဆိုင် တိုက်ခိုက် သုတ်သင်ပစ်ကြရမည် ဖြစ်၏။ ဗိုလ်မှူးချုပ်‌စောလားပွယ်တို့၊ ဗိုလ်မှူးကြီး‌ကျော်သက်တို့၊ ဗိုလ်မှူးစန်း‌အောင်တို့၊ ဗိုလ် မှူး‌အေဝမ်းတို့ကို ရန်သူက အ‌သေရရ အရှင်ရရ လိုချင်‌နေသည်။ သို့ရာတွင် ၎င်းတို့ဖမ်း၍ မရကြ။ ဖမ်းဖို့ရန် ကြိုးစား‌နေကြသူ များမှာ အသက်ကို ဖက်ဖြင့် ထုပ်ထားကြရသည်။ အဘယ့်‌ကြောင် ဖမ်း၍ မရကြသနည်း။ လက်နက်မဲ့သူ‌တွေကိုသာ ညအချိန် မ‌တော် အိမ်တံခါး‌ခေါက်နှိုး၊ ခဏ‌လောက် လိုက်ခဲ့ပါဟု ‌ပြော၊ ကြိုးတုတ် သို့မဟုတ် လက်ထိပ်‌နောက်ပြန်ခတ်၊ မျက်နှာကို အဝတ်အုပ်‌ခေါ်သွားပြီးမှ ထိုးကြိတ်နှိပ်စက်ရဲကြ‌သော သူရဲ‌ဘော‌ကြောင်သူ‌တွေ ဖြစ်၏။ လက်နက်မဲ့သူ‌တွေကိုသာ ကြက်က ‌လေး ငှက်က‌လေး ဖမ်းသလို ဖမ်း‌ခေါ်နိုင်ကြမည် ဖြစ်၏။ အနိုင်ကျင့် ‌စော်ကားနိုင်ကြမည် ဖြစ်၏။ လက်နက်ရှိသူဆိုလျှင်‌တော့ ၎င်းတို့ကို ဒဏ်ရာ အနာတရဖြစ်‌အောင် ‌သေ‌ကြေ‌အောင် လုပ်နိုင်သူများအဖြစ် ဒူးတုန်‌အောင်ပင် ‌ကြောက်ရွံ့‌လေးစားကြ‌တော့ ၏။

ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူနှင့် ‌ကျောင်းသားတပ်မ‌တော်တို့က တိုက်ခိုက်တွန်းလှန်လိုက်‌သော‌ကြောင့် စစ်အုပ်စု၏တပ် များ ‌နေ့စဉ်နှင့်အမျှ ‌သေဆုံး ဒဏ်ရာရ‌နေကြသည့် သတင်းများမှာ ပြည်သူလူထုအတွက် အလွန်ပင် နားဝင်ပီယံ ဝမ်းသာအားရ ဖြစ်‌စေမည့်သတင်းများပင် ဖြစ်သည်။ ‌ရှေ့တန်းထွက် စစ်အုပ်စုတပ်များ၏ ကျန်ရစ်သူ မိသားစုတို့အ‌နေဖြင့်မူ ‌မျောက်မင်းအူသံ နှင့် ဗျိုင်း‌တောင်ရိုက်သံများကို နှလုံးသွင်း‌နေကြရ‌တော့မည် ဖြစ်၏။ ၎င်းတို့စစ်အုပ်စုသာ လက်နက်ကိုင်တတ်သူများ မဟုတ် ‌ကြောင်း ပြည်သူလူထုအ‌နေဖြင့် ရရာလက်နက်စွဲကိုင်ကာ လက်‌တွေ့ပြသရမည့်အချိန်သည်လည်း များစွာ မ‌ဝေး‌တော့ပြီ ဖြစ် ‌လေသည်။

(၂)
လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေအ‌ပေါ် ဗမာနိုင်ငံ ပြည်သူလူထု၏ သ‌ဘောထားဆန္ဒကို ‌ဒေါက်တာလွဏ်း‌ဆွေဘ‌လော့မှ စစ်တမ်း‌ကောက်ယူမှုများတွင် ပီပြင်ထင်လင်းစွာ ‌တွေ့မြင်နိုင်မည် ဖြစ်သည်။ ဓမ္မဓိဌာန် ‌မေးခွန်းပုံစံမျိုး ‌ရွေးချယ်‌ဖြေကြားရမည့် အ‌ကြောင်းအရာများ ‌ပေးထားသည်ကို ‌ဖြေဆိုသူတို့က ကိုယ့်‌တွေး‌ခေါ်စဉ်းစားမှုနှင့်ကိုယ် ‌ရွေး၍ ‌ဖြေကြရခြင်း ဖြစ်သည်။ အင် တာနက်မှ စစ်တမ်း‌ကောက်ယူမှုများဟု ဆို‌သော်လည်း အင်တာနက် မသုံးစွဲနိုင်ကြ‌သော ဗမာပြည်သူလူထုကြီးတရပ်လုံး၏ သ‌ဘောထားအမြင်‌တွေကိုပါ ကိုယ်စားပြုလျှက်ရှိသည်။

မြန်မာ့နိုင်ငံ‌ရေး အ‌ပြောင်းအလဲသည် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မည် သို့မဟုတ် ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်နိုင်ပါဟူ‌သော ထင်မြင်ချက် ‌ကောက်ခံမှုတွင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မည်ဆိုသည့်အမြင်က ၂၄ဝ မဲ (၁၉%) ရရှိပြီး ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်နိုင်ပါ ဆို‌သော စဉ်းစား‌တွေး‌ခေါ်မှုက ၉၆၁ မဲ (၈၀%) ရရှိသည်။ စစ်အုပ်စုလက်‌အောက်မှ‌နေ၍ အ‌ပြောင်းအလဲကို ‌ဖော်‌ဆောင်ရာ တွင် မည်သည့်နည်းနှင့်မျှ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နိုင်လိမ့်မည် မဟုတ်‌ကြောင်း လူထုက လက်ခံထားကြပြီး ဖြစ်၏။

‌ဒေါ်‌အောင်ဆန်းစုကြည်အား ဦးစား‌ပေး ကြိုးပမ်း‌ဆောင်ရွက်ဖို့ အကြံပြုရာတွင်လည်း အစိုးရ အ‌ပြောင်းအလဲဖြစ်‌ရေး ဟူ‌သော အကြံပြုချက်က ၅၂၇ မဲ (၃၀%)၊ နိုင်ငံ‌ရေးအကျဉ်းသားများ အားလုံးလွတ်‌မြောက်‌ရေးက ၂၉၃မဲ (၁၆%)၊ အ‌ထွေ ‌ထွေ သပိတ်တိုက်ပွဲ‌ဖော်‌ဆောင်‌ရေးက ၁၈၅မဲ (၁၀%)၊ ဒုတိယ ပင်လုံညီလာခံ ဖြစ်‌မြောက်‌ရေးက ၁၆၁မဲဖြင့် (၉%)၊ ‌တွေ့ဆုံ ‌ဆွေး‌နွေး‌ရေးက ၅၈၇မဲ (၃၃%)ဟု ‌ဖော်ပြထားသည်။ အများစုက ‌ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်အုပ်စုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး ‌စေလိုသည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း စစ်အုပ်စုကို ကမ်းလှမ်းထားခဲ့သည်။ သို့ရာတွင် လက်နက်မကိုင်သူ၏ ကမ်း လှမ်းမှုကို လက်နက်ကိုင် တိုက်ခိုက် အနိုင်ကျင့်‌ရေးသာ နားလည်ထား‌သော စစ်အုပ်စုက ဖုတ်‌လေသည့်ငါးပိ ရှိ‌နေသည်ဟူ၍ ပင် သ‌ဘောထားပုံမရ‌ချေ။

နအဖ စစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်‌နေသည့် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီ‌ကေဘီ‌အေကို ဝိုင်းဝန်းကူညီသင့် သည်၊ တပြိုင်နက်တည်း စစ်မျက်နှာဖွင့် တိုက်ပွဲဝင်သင့်သည်၊ ‌စောင့်ကြည့်သင့်သည်ဟူ‌သော ဆန္ဒ‌ကောက်ယူရာတွင်လည်း ဒီ ‌ကေဘီ‌အေကို ဝိုင်းဝန်းကူညီသင့်သည် ဆို‌သောအမြင်က ၂၂၈မဲ (၁၅%) ရရှိပြီး တပြိုင်နက်တည်း စစ်မျက်နှာဖွင့် တိုက်ပွဲဝင် သင့်သည်ဆို‌သော အယူအဆမှာ ၁၀၄၈မဲဖြင့် ဆန္ဒမဲ ၇၃% ရရှိထား‌လေသည်။ နဝတစစ်အုပ်စုအ‌ပေါ် လူထုအများစုက ဝိုင်း ပြီး သယ်လို‌နေကြသည့် သ‌ဘောထားကို ဤစစ်တမ်းတွင် ‌တွေ့ရှိနိုင်မည် ဖြစ်သည်။ ရှားရှားပါးပါးပင် ‌စောင့်ကြည့်သင့်သည်ဟူ ‌သော အယူအဆ ရှိသူအချို့လည်း ဤစစ်တမ်းမှာ ပါလာသည်။ ဦး‌ရေအားဖြင့် ၁၅၂‌ယောက်၊ ဆန္ဒ‌ပေးကြသူ စုစု‌ပေါင်း၏ ၁၀% မျှ ရှိသည်။ ၎င်းတို့မှာ ကိုယ်ကျိုးအတွက် ‌စောင့်ကြည့်ကြမည့် ‌လှေနံနှစ်ဘက်နင်း သာရာစီးများနှင့် နဝတတို့၏ ဒလံများ သာ ဖြစ်သည်ဟု ခန့်မှန်းရ‌လေသည်။

Negotiation ဆိုသည်မှာ တဘက်နှင့် တဘက် အလွန်အကျွံ‌တွေ မဖြစ်မီကတည်းက မဟုတ်တာ‌တွေ မလုပ်ကြ၊ မဖြစ်ကြရ‌အောင် ‌ဆွေး‌နွေးညှိနှိုင်းခြင်း ဖြစ်၏။ မဟုတ်တာ‌တွေ လုပ်လွန်းမက လုပ်လာ‌သော‌ကြောင့် ထိပ်တိုက်ဖြစ်ကြရပြီဆို လျှင်‌တော့ မည်သို့မျှ ညှိနှိုင်း‌နေစရာ မလို‌ချေ။ ရန်သူသတ်မှတ်၍ အပြတ်ရှင်းရမည်သာ ဖြစ်‌လေသည်။ လူထု၏ တခဲနက် ‌ထောက်ခံမှုကို ရရှိထား‌သော လူထု‌ခေါင်း‌ဆောင်အ‌နေဖြင့် လူမှု‌ရေး အဖွဲ့အစည်း အ‌ရေခြုံကိုယ်ကျိုးရှာ နိုင်ငံ‌ရေးသမားများနှင့် ပူး‌ပေါင်းမည့်ကိစ္စကို အ‌ဝေးက ‌ရှောင်ရှားရမည်ဖြစ်သလို စစ်အုပ်စုနှင့် ပူး‌ပေါင်း၍ နိုင်ငံ‌ရေးလုပ်မည်ဆိုသူများ၊ ခ‌မောက်ပုံကို ခိုး ယူသည့်အပြင် လွတ်‌မြောက်နယ်‌မြေမှ တိုင်းရင်းသားတို့၏ အမျိုးသားဒီမိုက‌ရေစီ တပ်‌ပေါင်းစု အဂင်္လိပ် အ‌ခေါ်အ‌ဝေါ် အတို ‌ကောက်ကိုပါ ‌ဗြောင်ကျကျ ခိုးယူထားသူများ၊ မိမိအဖွဲ့အစည်းအ‌ပေါ် သစ္စာမရှိသူများ၊ ရပ်တည်ချက် မခိုင်မာသူများနှင့်လည်း ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ရန် မည်သည့်အခါမျှ မစဉ်းစားသင့်။

(၃)
‌ဒေါ်‌အောင်ဆန်းစုကြည်က အကြမ်းမဖက်နည်းဖြင့် ဆက်လုပ်မည်ဟုဆို‌သော အင်တာနက်သတင်းတွင် ‌ဝေဖန်မှုများ ‌ပေါ်လာသည်ကို ‌တွေ့ရ၏။ အဦးဆုံး‌တွေ့ရ‌သော ‌ဝေဖန်မှု အားလုံးလိုလိုပင် အကြမ်းမဖက်နည်းဖြင့် ဆက်လုပ်မည့်ကိစ္စအ‌ပေါ် သ‌ဘောမတူမှု၊ စိုးရွံ့မှု၊ သတိ‌ပေး ‌စောဒကတက်မှု‌တွေ ဖြစ်‌နေသည်။ ဦးသန့် အ‌ရေးအခင်း၊ ၈၈ အ‌ရေးအခင်းနှင့် ‌ရွှေဝါ‌ရောင် ‌တော်လှန်‌ရေးတို့ကို တကယ်တမ်း ကိုယ်‌တွေ့လုပ်‌ဆောင် ဖြတ်‌ကျော်ခဲ့ရ‌သော လူထုထံမှ ‌ဝေဖန်မှု‌တွေ ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က လုပ်ရဲတာ သတ္တိမဟုတ်၊ ခံရဲတာမှ သတ္တိဟု ဆိုခဲ့ဘူးသည်။ သူများအ‌ပေါ် ‌စော်ကားနှိပ် စက်တတ်သူများသည် ကိုယ်ခံရမည့်အလှည့်မှာ‌တော့ သူတို့လုပ်သလို ပြန်ခံကြရမည်ကို အလွန်ပင် ‌ကြောက်ရွံ့တတ်ကြ‌သော သူရဲ‌ဘော‌ကြောင်သူများ ဖြစ်သည်။ သူများအ‌ပေါ်သာလုပ်ရဲပြီး ကိုယ်ခံရဖို့ကျ မခံရဲကြသူများမှာ တကယ်တမ်း သတ္တိရှိသူများ မဟုတ်။ သတ်ရဲ၊ ‌သေရဲ၊ အနိုင်ယူရဲ ဟူသည့် ဗကပ၏ ရဲသုံးရဲ စကားမျိုးလို လုပ်စရာရှိလျှင် လုပ်ရဲသလို ခံစရာကြုံလည်း ခံရဲရ မည် ဆို‌သောစကားကို မဆိုပဲ လုပ်ရဲတာ သတ္တိမဟုတ်၊ ခံရဲတာမှ သတ္တိဟု ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆိုခဲ့သည့်စကားမှာ အလွန်ပင် တာသွား‌လေသည်။ ဗမာပြည်သူလူထုကြီးတရပ်လုံး အနှစ် နှစ်ဆယ်‌ကျော်ကြာခဲ့သည့်တိုင် အကြမ်းမဖက် အနု နည်းဖြင့် ‌ထောင်ကျခံ၊ ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်ခံကာ စစ်အုပ်စုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်၏။

နှိပ်စက်သူ‌တွေမှာ ၎င်းတို့ကို ပြန်လုပ်မည့်သူမရှိလျှင် ‌ပျော်‌ပျော်ကြီး နှိပ်စက်နိုင်ကြသူများ ဖြစ်၏။ စစ်‌ဆေး‌မေးမြန်း နှိပ်စက်ရင်း လက်လွန်သွားလျှင်လည်း ၎င်းတို့အ‌ပေါ် အမှုမပတ်တတ်။ အမျိုး ဘာသာ သာသနာအတွက် တကယ်တမ်း သတ္တိ ရှိသူများမှာ မျိုးဖျက် သာသနာဖျက် သူခိုးဓားပြများ၏ နှိပ်စက်မှုကို ခံ‌နေကြရ‌လေသည်။
ထိုသို့ အနှိပ်စက်ခံရသည့်အ‌ပေါ် ညည်းညူမိမည်ကိုပင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ရှက်တတ်‌သေးသည်။ မညည်း ညူစတမ်း အနှိပ်စက်ခံလိုက်ချင်‌သော သ‌ဘောထားရှိသည်။ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်မှ ‌ခေါင်း‌ဆောင်တဦးပင်ဖြစ်‌သော ဆရာကြီးဦးဝင်းတင်၏ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သ‌ဘောထားကို ‌တွေ့ရသည်။

“ကျမ စစ်‌ကြော‌ရေးမှာ လက်သည်းခွံခွာတာမျိုး၊ မျက်နှာပိတ် ‌ရေ‌လောင်းတာမျိုး၊ ညို့သကျည်း ဝါးလုံးလှိမ့်တာမျိုး‌တွေ လုပ်ခံရမှာ မ‌ကြောက်ဖူး။ စစ်‌ကြော‌ရေးလုပ်သူ‌တွေ‌ရှေ့မှာ နာလို့ မျက်နှာရှုံ့မိတာတို့၊ ‌အော်သံထွက်မိမှာတို့ပဲ ‌ကြောက်တယ်။ နာလွန်းရင် အဲဒီလိုဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်ရင် အ‌တော် ရှက်စရာ‌ကောင်းတယ်လို့ ထင်တယ်။ ကိုယ့်ကို ညှင်းပမ်း‌နေတဲ့သူ ‌တွေ‌ရှေ့မှာ ‌အော်မိ၊ ညည်းမိ၊ မဲ့မိ၊ တွန့်မိတာမျိုး မဖြစ်ချင်ဘူး။ လူဆို‌တော့ ညှဉ်းရင် နာမှာ‌ပေါ့။ နာရင် တုန်မိ ‌အော်မိမှာ‌ပေါ့။ ကျမက‌တော့ အဲဒါမျိုး ဖြစ်မိမှာစိုးတယ်။ ဖြစ်မိရင်လည်း ရှက်စရာ‌ကောင်းတယ်လို့ ထင်တယ်”

‌ဒေါ်‌အောင်ဆန်းစုကြည်၏ အရှက်မှာ လမ်းလွဲ‌နေ‌သောအရှက် ဖြစ်သည်။ နှိပ်စက်မှု‌တွေကို ‌အော်မိခြင်းမှာ ခန္ဓာကိုယ် ၏ သဘာဝသာ ဖြစ်သည်။ စိတ်နှင့်မဆိုင်။ မည်မျှပင် သတ္တိ‌ကောင်းသူ၊ ကြံ့ခိုင်သူဖြစ်‌စေ နံရံမှာ ကြိုးတုတ်ပြီး လျှပ်စစ်ဖြင့်တို့ လျှင် (သို့မဟုတ်) ‌ပေါင်တွင်း‌ကြောကို ပလာယာဖြင့် ဆွဲလိမ်လျှင် (သို့မဟုတ်) နှာ‌ခေါင်း၊ နားရွက်တို့ကို ပလာယာဖြင့် ညှပ် လျှင် စသဖြင့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စက်လျှင် မိမိကိုယ်တိုင်က မ‌အော်လိုသည့်တိုင် ကိုယ်ခန္ဓာက ငယ်သံပါ‌အောင် ‌အော်မိ ကြမည်သာ ဖြစ်သည်။ မည်မျှပင် နှိပ်စက်‌စေကာမူ ရန်သူကို အရှုံးမ‌ပေး‌သော စိတ်ဓာတ်ရှိထားလျှင် ‌အော်သံထွက်မိခြင်းအ တွက် ရှက်စရာမလို။ ရန်သူကို ‌ကြောက်သွား၊ ဖြုံသွားပြီး ငိုယို‌တောင်းပန်လျှင် သို့မဟုတ် မကြည့်ရဲ ရင်မဆိုင်ရဲ မ‌တော်လှန်ရဲ ‌တော့သည့် စိတ်မျိုး‌ပေါ်လာလျှင် သို့မဟုတ် အရှုံး‌ပေးအညံ့ခံ ဘက်‌ပြောင်းသွားလျှင်သာ ရှက်စရာ‌ကောင်းမည် ဖြစ်သည်။

ဗမာနိုင်ငံသာမက ကမ္ဘာအရပ်ရပ်က လူအများစု၏ တန်ဖိုးထား ‌လေးစား ချစ်ခင် ယုံကြည်မှုကို ခံယူရရှိ‌နေ‌သော လူထု‌ခေါင်း‌ဆောင်တဦးအ‌နေဖြင့် စကားတခွန်း ‌ပြော‌တော့မည်ကြံတိုင်း၊ အလုပ်တခု လုပ်‌တော့မည်ကြံတိုင်း လက်လွတ်စပယ် လုပ်ကိုင် ‌ပြောဆိုမှု မပြုပဲ ‌သေချာစွာ စဉ်းစားဆင်ခြင်လျက် အများအကျိုးဖြစ်‌စေမည့် စကားမျိုးကိုသာ ‌ပြောဆိုသင့်‌လေသည်။ မှန်ကန်‌သော ‌ရှေ့‌ဆောင်မှု‌ကြောင့် လူထုအများစုအဖို့ ‌ကောင်းကျိုး‌တွေ ရသင့်သ‌လောက် ရဖို့ရန် မ‌သေချာ‌သော်လည်း ‌ခေါင်း ‌ဆောင်ဖြစ်သူ၏ မှားယွင်း‌သော သ‌ဘောထား ထင်မြင်ချက်‌ကြောင့် ‌နောက်လိုက်‌နောက်ပါ လုပ်‌ဖော်ကိုင်ဖက်များအတွက် ဆိုး ကျိုးများ တန်းစီ‌စောင့်‌နေကြမည် ဖြစ်၏။ ရုပ်ရှင်ဇာတ်လမ်းထဲမှ မင်းသား မင်းသမီးတို့ သတ်‌သေကြသည့်နည်းတူ အပြင်မှာ လိုက်၍‌သေကြ‌သော စုံတွဲ‌တွေ ‌ပေါ်ခဲ့ဘူးသည့်အဖြစ်ကို အမှတ်ရဖွယ် ‌ကောင်း‌လေသည်။

(၄)
တ‌လောက မင်းကိုနိုင်၏ ‌နောက်ကြည့်မှန် လုံးချင်းဝတ္ထု စာအုပ်ငယ်က‌လေးကို ဖတ်ခဲ့ရသည်။ အ‌ရေးအခင်းထဲ ပါဝင် လှုပ်ရှားခဲ့‌သော‌ကြောင့် စစ်‌ထောက်လှမ်း‌ရေးများ၏ လိုက်လံဖမ်းဆီးမှုမှ ရုပ်ဖျက်‌ရှောင်တိမ်း‌နေ‌သော ‌ကျောင်းသား‌ခေါင်း ‌ဆောင်တဦးနှင့် ‌တောမြို့က‌လေးတမြို့မှ မီးရထားဘူတာရုံပိုင်တဦး၏ သမီးတို့ ‌တွေ့ကြုံခဲ့ကြသည့် ဇာတ်လမ်းက‌လေး ဖြစ် သည်။ အ‌တော်ပင် ဖတ်၍‌ကောင်း၏။ စာဖတ်ဝါသနာပါ‌သော ထို‌ကျောင်းသား‌ခေါင်း‌ဆောင်မှာ ဦးထုပ်‌ပျော့ကို ‌ဆောင်းပြီး ငှက် ပစ်ဖို့မဟုတ်ပဲ ‌လေးခွတလက်ကိုလည်း ‌ဆောင်ထားသည်။ အ‌နေအထိုင် လျှို့ဝှက်သိုသိပ်စွာ ‌နေခဲ့‌သော်လည်း ‌နောက်ပိုင်းမှာ ‌တော့ သူ့ဇာတ်‌ကြောင်းမှန်‌ပေါ်သွားပြီး လျှို့ဝှက်စွာ အား‌ပေးကူညီမှုများ ရရှိခဲ့သည်။ သို့ရာတွင် စစ်အုပ်စု လက်ကိုင်တုတ်များ နှင့် ‌ထောက်လှမ်း‌ရေးများ၏ရန်က ရှိ‌နေဆဲဖြစ်သည်။

ဇာတ်လမ်းထဲက အကြိုက်ဆုံးအခန်းမှာ ‌ကျောင်းသား‌ခေါင်း‌ဆောင်အ‌ပေါ် တတ်စွမ်းသမျှ အကူအညီ‌ပေး‌နေ‌သော ရုံ ပိုင်ကြီးသမီးကပါ ‌လေးခွပစ် ‌လေ့ကျင့်ထားခဲ့ပြီး ‌ကျောင်းသား‌ခေါင်း‌ဆောင်ကို ဖမ်းရန် ဝိုင်းလာကြ‌သော စစ်အုပ်စုဩဇာခံ ရွာ လူကြီးသားနှင့် အဖွဲ့အား ‌လေးခွဖြင့် ‌ဆော်ထည့်သည့်အခန်း ဖြစ်သည်။ ‌ကျောင်းသား‌ခေါင်း‌ဆောင်ကလည်း သူ့အား လာဖမ်း ဆီးမည့်သူများကို ‌လေးခွဖြင့်‌ဆော်ရန် ပြင်ဆင်ထားသူပီပီ လက်ဦးမှု ယူနိုင်ခဲ့‌လေသည်။

မင်းကိုနိုင်‌ပေး‌သော မက်‌ဆေ့ဂျ်ကို ကျ‌နော်တို့ ‌ကောင်းစွာ ရလိုက်သည်။ တိုင်းပြည်လွတ်‌မြောက်‌ရေး ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်မည့်သူများကို အကူအညီ‌ပေးသူများ ပြည်တွင်း၌ ရှိ‌နေသည်။ မိမိတို့သည် မ‌ကောင်းမှုလုပ်‌သော လူဆိုးသူခိုးများ မဟုတ်။ တရားခံများ မဟုတ်။ တရားဥပ‌ဒေအထက်က စစ်အုပ်စုရှိ‌နေ‌သော နိုင်ငံတွင် တရားခံမဟုတ်ပဲ ‌ထောင်ကျကြရသူ‌တွေ တပုံတပင် ရှိ‌နေသည်။ မိမိတို့အ‌နေဖြင့် ‌ထောင်ထဲမှာ အချိန်ဖြုန်း အနှိပ်စက်မခံနိုင်။ တရားခံမဟုတ်ပါပဲ တရားခံအဖြစ် ဖမ်းဆီး ‌ထောင်ချရန် ကြံစည်ချဉ်းကပ်လာသူများကို ကာကွယ်တားဆီးရမည်သာ ဖြစ်သည်။

မင်းကိုနိုင်သည် အကြမ်းမဖက် ဆန္ဒပြ လှုပ်ရှား‌ဆောင်ရွက်သူဖြစ်‌သော်လည်း ‌နောက်လူများအ‌နေဖြင့် အလဟဿ ဖမ်းဆီး‌ထောင်ချခြင်း မခံရစိမ့်‌သောငှာ အဖမ်းမခံ တွန်းလှန်‌ရေးလမ်း‌ကြောင်းကို ‌လေးခွဖြင့် ပြသွားခဲ့သည်။ ‌လေးခွသည် လက် နက်ကိုင်တိုက်ပွဲအတွက် ဥပမာ‌ပေးလိုက်‌သော လက်နက်ငယ်‌လေးတခုသာ ဖြစ်သည်။ ‌လောက်စာလုံး သို့မဟုတ် ‌ကျောက်ခဲ ထည့်ပစ်လျှင် ‌လေးခွဖြစ်ပြီး သံချွန်ထည့်ပစ်ပါက ဂျင်ဂလိ ဖြစ်သွား‌ပေလိမ့်မည်။ စစ်အုပ်စုတို့ အသုံးပြုခဲ့ပြီး သူတို့အ‌ပေါ် တန် ပြန်အသုံးပြုခံရမည်ကို အလွန်‌ကြောက်‌သော လက်နက်က‌လေးပင် ဖြစ်‌လေသည်။ ထို့ထက်ပို၍ အစွမ်းထက်‌သော လက်နက် များလည်း အများအပြားပင် ရှိ၏။ တွန်းလှန်ရဲသူတို့အ‌နေဖြင့် ရန်သူ့အဖမ်းကို ခံစရာမလို၊ ရန်သူ့ အနှိပ်စက်ကို ခံစရာ မလို။

ဟံသာဝတီ ဦးဝင်းတင်‌ပေး‌သော မက်‌ဆေ့ဂျ်ကိုလည်း ဘာလဲဟဲ့ လူ့ငရဲ စာအုပ်တွင် ‌တွေ့ရှိရသည်။ ရန်သူကို အရှုံးမ ‌ပေး၊ ဒူးမ‌ထောက်၊ မ‌ကြောက်မရွံ့ အာခံခြင်းပင် ဖြစ်၏။
စစ်အုပ်စုအား တိုက်ရိုက်ရင်ဆိုင်ရမည့် ကိစ္စမျိုးကို ‌ရှောင်လွဲလို၍ စကားကို ထိန်းထိန်းသိမ်းသိမ်း ‌ပြော‌နေခဲ့‌သော ‌ဒေါ် ‌အောင်ဆန်းစုကြည်ထံမှ လူထုအတွက် ပီပြင်ပြတ်သား‌သော ‌ရှေ့‌ဆောင်လမ်းပြ စကားမျိုးကို ရက်များမကြာမီကပင် ကြား လိုက်ရ‌လေသည်။ ကျ‌နော် အ‌တော်ပင် ဝမ်းသာသွား၏။ “ပင်လုံညီလာခံ၊ အမျိုးသား ရင်ကြား‌စေ့‌ရေး၊ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ‌တွေ ‌ပေါ်လာဖို့ဆိုတာမှာ တဦးနဲ့တဦး တကယ်ပဲ ‌တွေ့ပြီး‌တော့ ‌ပြေလည်‌အောင်လို့ ညှိနှိုင်းတိုင်ပင်ချင်တဲ့စိတ်‌တွေ ‌ပေါ်လာမှ ဖြစ်မှာပါ။ ဒီလို ညှိနှိုင်းတိုင်ပင်ချင်တဲ့စိတ်‌တွေ ‌ပေါ်လာ‌အောင်လို့ အဖက်ဖက်က ကြိုးစားရမယ်။ ဒါလည်း ကျမတို့ တချိန်လုံး ‌ပြော‌နေတဲ့ကိစ္စပါ။ အဖက်ဖက်က‌နေပြီး မကြိုးစားလို့က‌တော့ မြန်မြန်ဆန်ဆန် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ‌ပေမဲ့ ကျမတို့က ယုံ ကြည်ချက်နဲ့ ခိုင်ခိုင်မာမာ လုပ်‌နေတဲ့သူ‌တွေမို့လို့ ဒီလိုကိစ္စမျိုးကို တ‌နေ့တချိန်တခါမှာ ‌ပြေလည်‌အောင် လုပ်နိုင်မယ်ဆိုတာ ယုံ ကြည်ပါတယ်။”

“ဒါ‌ပေမဲ့ ဒီတ‌နေ့တချိန်တခါ ဆိုတာဟာ သိပ်ပြီး‌တော့ ကြာ‌နေလို့ မဖြစ်ပါဘူး။ ကျမတို့နိုင်ငံဟာ အင်မတန်မှ ပြုပြင် ‌ပြောင်းလဲ‌ရေး‌တွေ ဖြစ်‌ပေါ်ဖို့လို‌နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒါ‌ကြောင့်မို့လို့ ကျမတို့ ပြည်သူအားလုံးဟာ ဒီ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ‌တော့ အ‌ဖြေရှာတဲ့နည်းလမ်းကို လိုချင်ပါတယ်။ နိုင်ငံ‌ရေးဖြစ်စဉ်မှာ အားလုံး ပါဝင်ပြီး‌တော့ ညီညီညွှတ်ညွှတ်နဲ့လုပ်တာကို လို လားပါတယ်ဆိုတာကို စိတ်ထဲမှာထားတဲ့အပြင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြစ်‌မြောက်‌အောင်လို့လည်း နည်းလမ်း‌တွေ ရှာကြပါလို့ ကျမ ‌ပြောချင်ပါတယ်။”

“ကျမတို့ ဒီမိုက‌ရေစီကို ဦးတည်တဲ့လူ‌တွေဟာ အထက်က‌နေပြီး‌တော့ ဒီလိုလုပ်ပါ။ ဒီလိုလုပ်ပါလို့ ‌ပြောတာ‌တွေကို မ ‌စောင့်ပဲ ကိုယ့်ဟာကိုယ် ငါ ဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားပြီး‌တော့ လုပ်တတ်ဖို့ လိုတယ်လို့ ကျမ ထင်ပါတယ်။”

‌ဒေါ်‌အောင်ဆန်းစုကြည်‌ပေး‌သော မက်‌ဆေ့ဂျ်ကို ပြည်သူလူထု အများစု ‌ကောင်း‌ကောင်းကြီး ကြားလိုက်ရလိမ့်မည်ဟု ကျ‌နော် ယူဆသည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်က မိမိတို့ လုပ်ရမည့်အလုပ်ကို သိပ်ပြီး‌တော့ ကြာကြာ‌စောင့်‌နေ၍ မဖြစ်။ အထက်က ခိုင်းတာ‌တွေကို ‌စောင့်မ‌နေပဲ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး၊ ဒီမိုက‌ရေစီရရှိ‌ရေး ကိစ္စများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နည်း လမ်း‌တွေရှာကြ၊ ငါတို့ ဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားပြီး‌တော့ လုပ်ကြဟု ‌ပြောဆိုလိုက်ခြင်းကို လူထုအ‌နေဖြင့် ‌ကောင်းစွာ သ‌ဘော‌ပေါက်မိကြ‌ပေလိမ့်မည်။
မိမိတို့၏ လိုအပ်ချက်ကို လက်ဖြန့်‌တောင်းပြီး ထိုင်‌စောင့်‌နေလို့က‌တော့ ဘယ်‌သောအခါမျှ ရလိမ့်မည် မဟုတ်။

ယခုရက်များအတွင်း ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောခဲ့‌သော စကားများထဲမှ လူထုအတွက် အားတက်ဖွယ်‌ကောင်း ‌သော စကားတခွန်း ရှိ‌သေးသည်။
“ဘယ်လိုအ‌ခြေအ‌နေပဲ ဖြစ်လာဖြစ်လာ၊ ဒီအ‌ခြေအ‌နေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး‌တော့ ကိုယ့်ဟာကိုယ် လုပ်နိုင် တဲ့အရည်အချင်း၊ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့သတ္တိ‌တွေ ရှိလာ‌အောင်လို့ ပြုစုပျိုး‌ထောင်‌ပေး‌နေပါတယ်။ ဘယ်‌လောက်‌အောင် မြင်မလဲ ဆိုတာ‌တော့ တကယ် အ‌ရေး‌ပေါ် အ‌ခြေအ‌နေ ‌ပေါ်လာလို့ရှိရင် သိရလိမ့်မယ်။”

အ‌ရေး‌ပေါ် အ‌ခြေအ‌နေဆိုသည်က‌တော့ မလွဲမ‌သွေ ဖြစ်လာ‌တော့မည့် ကိစ္စပင် ဖြစ်၏။ ဖြစ်လာမှာကို ‌ကြောက်မ‌နေ နှင့်။ ဖြစ်လာပြီဆိုလျှင်လည်း ‌ကြောင်မ‌နေနှင့်။ မိမိတို့ကျရာ အခန်းကဏ္ဍမှ‌နေ၍ တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်လိုက်ကြရ မည် ဖြစ်သည်။ လူငယ်‌တွေ‌ကော လူကြီး‌တွေပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြဖို့၊ ‌အောင်ပွဲရမည်ဆိုသည်ကို ယုံကြည်တတ်ကြ ဖို့ လိုအပ်‌နေပြီ ဖြစ်၏။

ပြည်သူလူထုအား စစ်ကျွန်များအဖြစ် အရှက်သိက္ခာမဲ့စွာ စာရိတ္တ ကိုယ်ကျင့်တရား ချွတ်ခြုံကျစွာ ကမ္ဘာ့အလယ် ‌ခေါင်းမ‌ဖော်ဝံ့‌သော အ‌ခြေအ‌နေသို့ တွန်းပို့ခဲ့သူများ၊ တိုင်းရင်းသားများ အပါအဝင် တတိုင်းတပြည်လုံးကို မီး‌လောင်တိုက် သွင်း လိုကြသူများအား ဖယ်ရှားရှင်းလင်း‌ရေး ဝိုင်းဝန်း အ‌ကောင်အထည်‌ဖော်လိုက်ကြမည် ဆိုပါက တိုင်းရင်းသားပြည်သူတရပ်လုံး ၏ ‌အောင်ပွဲအစစ်အမှန်ကို ရရှိနိုင်ကြမည် ဖြစ်‌လေသည်။