Home ထိပ်တန်းသတင်း ဖာပွန်မြို့နယ်အ‌ခြေစိုက် နယ်ခြား‌စောင့်တပ်ရင်းတရင်း မာနယ်ပ‌လော‌ဒေသသို့ စစ်ကူအဖြစ်သွား

ဖာပွန်မြို့နယ်အ‌ခြေစိုက် နယ်ခြား‌စောင့်တပ်ရင်းတရင်း မာနယ်ပ‌လော‌ဒေသသို့ စစ်ကူအဖြစ်သွား

1746
ဒီဇင်ဘာလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)‌ကျေးရွာအုပ်စုတွင် အ‌ခြေစိုက် လှုပ်ရှား‌နေသည့် အင်အား ၂၀၀ဝန်းကျင် ရှိ နယ်ခြား‌စောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်း‌ချောင်း အ‌ရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပ‌လော‌ဒေသ သို့ စစ်ကူအဖြစ် ယမန်‌နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပ‌လော‌ဒေသဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်‌နေ‌သော‌ကြောင့် အဆိုပါ BGF တပ်ရင်းက သွားရခြင်းဖြစ်နိုင်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ် ဒို့က ယခုလို ‌ပြောသည်။

သူက “ဗိုလ်မှူး‌စော‌မောင်ချစ် ဦး‌ဆောင်တဲ့ BGF (၁၀၁၄)တပ်‌တွေ မ‌နေ့က ‌နေ့လည်‌လောက်မှ စထွက်တာ‌ပေါ့‌နော်။ မာနယ်ပ ‌လောဘက်နယ်‌မြေတဝိုက်က ဘွားဒဲ‌ကျေးရွာအုပ်စု မယ်ပရွာဘက်ကို သွားမယ်လို့ သတင်းရတယ်။ မ‌နေ့က‌တော့ မ‌ရောက် ‌သေးဘူး။ သူတို့ဒီလို သွားရတာဟာ စစ်ကူအဖြစ် သွားတာပဲ။ ဘာဖြစ်လို့လဲဆို‌တော့ အဲဒီဘက်မှာ တိုက်ပွဲ‌တွေ ပြင်းထန်‌နေ တယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

KNU တပ်မဟာ(၇)နယ်‌မြေရှိ မာနယ်ပ‌လော‌ဒေသတွင် ဒီဇင်ဘာလဆန်း ၅ရက်‌နေ့မှစ၍ ၂၄ရက်‌နေ့ထိ နအဖတပ်နှင့် ကရင်အ မျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (KNLA)တို့ ရင်ဆိုင်တိုက်ပွဲနှင့် ‌ပြောက်ကျားတိုက်ပွဲ‌ပေါင်း ၁၃ကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ‌သေဆုံးသူ ၁၇ဦးနှင့် ဒဏ်ရာရှိသူ ၁၃ဦးရှိ‌သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်‌သေဆုံး မရှိ‌သေး‌ကြောင်း KNU တပ်မဟာ(၇) ရုံး ထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်‌လျှောက်တွင် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများသည့်အ‌ပေါ် အင်အားဖြည့်သည့်အ‌နေဖြင့် ယခု လို စစ်ကူအဖြစ် ‌ရောက်ရှိလာခြင်းဖြစ်နိုင်‌ကြောင်းလည်း သူက ဆက်လက်၍ သုံးသပ်‌ပြောဆိုခဲ့သည်။

“မာနယ်ပ‌လောမှာ ဖြစ်တဲ့တိုက်ပွဲ‌တွေမှာ နအဖဘက်က ထိခိုက်‌သေဆုံးမှု များတယ်‌လေ။ ဒါ‌ကြောင့် သူတို့ အင်အား‌တွေ ထပ် ဖြည့်တဲ့သ‌ဘောနဲ့ BGF တပ်ရင်းကို စစ်ကူအ‌နေနဲ့ ထပ်‌ခေါ်တဲ့သ‌ဘောပဲ။ BGF ဟာ ကိုယ့်ကရင်အချင်းချင်း ဖြစ်တဲ့အတွက် လုံးဝ မတိုက်ချင်‌ပေမဲ့ တက်လာရင်‌တော့ မတတ်နိုင်ဘူး။ ကိုယ့်အမျိုးသား‌ရေးဘက်ကို ရပ်တည်ပြီး သူတို့ကို ရင်ဆိုင်ရမှာပဲ။” ဟု ဗိုလ်မှူး‌စောအယ်ဆဲဆဲက ‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်‌နေ့က မာနယ်ပ‌လောနယ်‌မြေတဝိုက်တွင် နအဖ စစ်တပ်နှင့် KNLA ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ‌ကြောင့် မာနယ်ပ‌လော‌ဒေသရှိ နို‌ဒေးရွာသူရွာသားအားလုံးနီးပါး နယ်စပ်နှင့် ထိုင်းနိုင်ငံ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မူယူထာ့(မိုင်း လုံးကြီး)‌ချောင်းကမ်းနံ‌ဘေးသို့ ထွက်‌ပြေးလာခဲ့သည်။

ယခု BGF တပ်ရင်း(၁၀၁၄) သွား‌ရောက်မည့် ဘူးသိုမြို့နယ်အတွင်း ဘွားဒဲ‌ကျေးရွာအုပ်စုရှိ မယ်ပ‌ကျေးရွာအုပ်စုတွင် ဘွားဒဲ၊ ‌ချောလယ်ဒဲ၊ ဖီဒိဒဲ၊ ‌လောဖလာ့‌သေ့၊ ‌သေ့‌ဂေမူဒဲ၊ ပါ့သာ့၊ တညာ့ခီး၊ နို့ပူ၊ တိုးညိုး၊ က‌လောခို့၊ ကျိသူးပူ၊ မာ့မု၊ ကနယ်ခို့၊ ‌ဂေ‌ကေ တု၊ မာ့အိုးဝါး၊ ဟိဖိုးသာ့ခီး၊ မယ်ပ‌ခေါ်ကလား၊ မယ်ပက‌လော်‌ဝေါ်နှင့် မယ်ပဝါ့ခယ်ကလား စသည့်‌ကျေးရွာများ တည်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါ BGF တပ်ရင်း အ‌ခြေစိုက်ခဲ့သည့် ဒွယ်လိုးမြို့နယ် ကတိုင်တိ‌ကျေးရွာအုပ်တွင် အင်အား ၂၀ဝခန့်ရှိ နအဖ စကခ(၄) လက်‌အောက်ခံ ခမရ(၇၀၂)တပ်ရင်း ဆက်လက်လှုပ်ရှား‌နေ‌ကြောင်း ၎င်းနယ်‌မြေခံ ‌ကေအဲန်ယူတပ်များက ‌ပြောသည်။

မာနယ်ပ‌လော‌ဒေသတွင် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်‌အောက်ခံ ခလရ(၂၈)၊ ခလရ(၆၁)၊ ခလရ(၆၂)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ နအဖ စစ်တပ် စကခ(၁၉)လက်‌အောက်ခံ ခမရ(၃၄၃)၊ ခမရ(၅၈၇)၊ ခလရ(၁၀၆)တပ်ရင်းများ စစ် ‌ရေးလှုပ်ရှား‌နေသလို ‌ကေအဲန်ယူ တပ်မဟာ(၇)လက်‌အောက်ခံ KNLA တပ်ရင်း(၂၀၂)၊ ဗဟိုအထူး‌ပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO)တပ်များ လှုပ်ရှားလျှက်ရှိသည်။