Hay Htoo
ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ ထိခိုက်မှုရှိ
မတ်လ ၁ဝရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းတွင် ယခုလှုပ်ရှားလျှက်ရှိသည့် နအဖ တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ ထိမှန်ဒဏ်ရာရရှိမှုများရှိ ကြောင်း ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)လက်အောက်ခံ ဗျူဟာမှူးဇော် သိန်း ဦးစီးသည့်...
အကြိမ် (၁၀၀)မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ မဲဆောက်တွင် ကျင်းပ
မတ်လ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယနေ့ကျရောက်သည့် အကြိမ်(၁၀၀)မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း အမျိုးသမီးသမဂ္ဂ-မြန်မာနိုင်ငံ(WLB)က ဦးဆောင်၍ အခမ်းအနားတခု ပြုလုပ်ကျင်းပခဲ့သည်။
ယခုလို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ (WLB)သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်နိုးနိုးထက်စံက “ဒီနိုင်ငံ တကာ အမျိုးသမီးများနေ့ကို ကျမတို့ ကျင်းပရတာဟာ လွန်ခဲ့ပြီးတဲ့ အမျိုးသမီးတွေရဲ့...
Hobson's choice ရွေးကောက်ပွဲအစီရင်ခံစာ BNI ထုတ်ပြန်
မတ်လ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာစစ်အစိုးရ ကြီးမှူးကျင်းပသည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူများ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိသည့် အခြေအနေ နှင့် ပတ်သက်၍ ရည်ညွှန်းထားသော Hobson's Choice “ရွေးချယ်ခွင့် လမ်းမရှိသည့် ရွေးလမ်း”အမည်ရှိ အစီခံစာတစ်အုပ်ကို နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI) မှ ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ...
ကနဲလေးစခန်း ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ်
ဖေဖော်ဝါရီ ၈ရက်၊ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင်ရှိ နအဖ တပ်စခန်းတစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ယနေ့ နေ့လယ်၌ ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များ သွားရောက် ပစ်ခတ်ခဲ့ရာ နအဖ တပ်ဖွဲ့ဘက်က ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ ရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ယနေ့ နေ့လယ် ၁၂နာရီခွဲ၌ ကနဲလေးစခန်းတွင် ရောက်ရှိနေသည့်...
ကွယ်လွန်သူ ပဒိုမန်းရှာအား အမျိုးသားတန်းတူရေးဆု ပေးအပ်ချီးမြှင့်လိုက်ပြီ
မတ်လ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းအား အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ချီးမြှင့်မည့် အမျိုးသားတန်းတူရေးနှင့် သာတူညီမျှရေးဆု(National Equality Award)ကို မတ်လ ၅ရက်နေ့က ပေးအပ်ချီးမြှင့်လိုက်ပြီဟု သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက အဆိုပါဆုကို...
မြို့သစ်တည်ရန်အတွက် ဝန်ထမ်း များ လုပ်အားပေးသွားရ
မတ်လ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မုလအိတောင်ခြေရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည့် ချူကလိဒေသတွင် နအဖ စစ်အာဏာပိုင်မှ မြို့သစ်တည်မည့်စီမံကိန်းအတွက် လုပ်အားပေးရန် မြဝတီမြို့နယ်ရှိ ဝန်ထမ်းအချို့ကို ယမန်နေ့က ခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြဝတီမြို့နယ်ရှိ ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ ရယက...
အစိုးရစစ်တပ် ချုံခိုတိုက်ခိုက် ခံရပြန်
မတ်လ ၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါ်လေဒေသတွင် ယမန်နေ့က ရိက္ခာသယ်လာသည့် အစိုးရစစ်တပ်အား ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များက ၂ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ တပ်ဘက်မှ ၄ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ၆ဘီးကားတစီးလည်း ပျက်ဆီးသွားသည်ဟု သိရသည်။
ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး...
အဆိပ်ပြင်းမြွေများကြောင့် ကျေးရွာများတွင် လူ၊ တိရိစ္ဆာန် သေဆုံးမှုရှိ
မတ်လ ၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဖေဖော်ဝါရီလအတွင်း အဆိပ်ပြင်းမြွေများ အကိုက်ခံရ၍ ကျွဲ၊ နွား၊ ဆင်နှင့် လူ သေဆုံးမှုများ ရှိနေကြောင်း ကော့ကရိတ်မြို့ခံများက ပြောဆိုနေကြသည်။
ကော့ကရိတ်မြို့ခံတစ်ဦးက “ကော့ကရိတ်နဲ့ နည်းနည်း အလှမ်းဝေးတဲ့ အရူးနောင်ကိုင်းရွာမှာ ဒီလအတွင်း လူနဲ့ ကျွဲ...
နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့
မတ်လ ၃ရက်။ (ကေအိုင်စီ)
ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။
ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ...
ပစ်ခတ်မှုကြောင့် လူထု ၁,၀၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်ရ
ဖေဖော်ဝါရီလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းက ကျေးရွာအတွင်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ကျော် တောတောင်ထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ညအချိန်တွင်...





