Hay Htoo
စာမေးပွဲအပြီး မြဝတီရှိ အစိုးရ ဌာနများကို ဝင်တိုက်မည့်သတင်း ကြောင့် မြို့ခံများ ထိတ်လန့်နေ
မတ်လ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်အစိုးရဌာနဆိုင်ရာ ရုံးများကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA)တပ်ဖွဲ့က ဆယ်တန်းစာမေးပွဲအပြီး ဝင်တိုက်မည်ဟု သတင်းထွက်ပေါ်သောကြောင့် အထိတ်တ လန့် ဖြစ်နေကြရကြောင်း မြဝတီမြို့ခံများက ပြောဆိုနေကြသည်။
ယနေ့သည် ဆယ်တန်းစားမေးပွဲနောက်ဆုံးရက်ဖြစ်သဖြင့် မနက်ပိုင်းကတည်းက မြို့လယ်ခေါင်ရှိ ဘုရင့်နောင်လမ်းမတစ် လျှောက်ရှိ...
ယာယီ စစ်ပြေးဒုက္ခသည်များ နေစရာ အမိုးအကာ အရေးတကြီး လိုအပ်နေ
မတ်လ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဖလူး၊ ဝေါ်လေတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေသည့် ကရင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များသည် ယခု ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လက်ရှိအချိန်တွင် နေစရာအမိုးအကာများ အရေးတကြီး လိုအပ်နေသည်ဟု ၎င်းဒုက္ခသည်များက ပြောသည်။
မဲဆောက်မြို့နယ် မော်ကဲထိုင်းရွာတွင် ခိုလှုံနေရသည့် စစ်ပြေးဒုက္ခသည် ရွာသူကြီးတဦးက...
နအဖ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဖြစ်နိုင်ချေနည်းဟု တိုင်းရင်းသား လက်နက်ကိုင်များ သုံးသပ်
မတ်လ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ်ဆန်းပိုင်းအတွင်း နအဖက တိုင်းရင်းသားလက်နက်ကိုင်ဒေသများကို ဖြတ်လေးဖြတ်ပုံစံဖြင့် ထိုးစစ်ဆင်ရန် သတင်း ထွက်ပေါ်နေသော်လည်း လက်တွေ့တွင် ဖြစ်နိုင်ချေနည်းသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သုံးသပ် ပြောဆိုနေကြသည်။
အာဏာရှင်ဟောင်း ဦးနေဝင်း(ကွယ်လွန်)လက်ထက် ၁၉၆၅မှ ၈၃ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအ စည်းအရုံး(KNU)အပေါ် ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်နှင့်...
အာဏာပိုင်များ တားဆီးမှုကြောင့် နယ်စပ်ကုန်သွယ်မှု ပိုမိုခက်ခဲလာ
မတ်လ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်း ဝင်ရောက်နေသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ဆက်လက် တင်သွင်းကုန်စည်ကူးသန်းခြင်း မပြုရန် မြဝတီမြို့ရှိ အစိုးရအာဏာပိုင်များက မတ်လအတွင်း သတ်မှတ်ပြောဆိုလိုက်သည့်အပေါ် နယ်စပ်ကုန်သွယ်မှုမှာ ပိုမို ခက်ခဲကြပ်တည်းလာသည်ဟု မြန်မာကုန်သည်ကြီးများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က မြဝတီခရိုင် အေးချမ်းသာယာရေးကောင်စီ (ခရက)...
မြန်မာဒုက္ခသည်များ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ပိုမိုကူညီမည်ဟု EU ပြော
မတ်လ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို သူတပါးအပေါ် မှီခိုရသည်ထက် မိမိကိုယ်ကို ရပ်တည်နိုင်အောင် အသက်မွေး ဝမ်းကျောင်းပညာရပ်များ ပိုမိုကူညီသွားမည်ဟု ဥရောပသမဂ္ဂ၏ လူသားချင်း ကူညီထောက်ပံ့မှုဆိုင်ရာ ကော်မရှင်(အီးယူ)က ပြောသည်။
အီးယူ ကော်မရှင်နာမင်းကြီး ခရစ္စတာလီးနား ဂျော်ဂျီဗား(Kristalina Georgieva.)သည် ယခုလ မတ်လ ၁၃ရက်နေ့တွင်...
တိုက်ပွဲနည်းလာသော်လည်း နအဖတပ်ဖွဲ့ဝင်များ ဆက်လက် မိုင်းထိမှန်နေ
မတ်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသော် လည်း ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည်ဟု သိရ သည်။
ကရင်ပြည်နယ်အတွင်း နအဖ လှုပ်ရှားတပ်ဖြစ်သည့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂)လက်အောက်ခံ ခမရ(၅၄၆)တပ်...
မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်း များ ရပ်တန့်ပေးရန် BRN က တောင်းဆို
မတ်လ ၁၄ရက်။ နန်းထူးစံ(ကေအိုင်စီ)
မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် ရေကာတာစီမံကိန်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ မြစ် ချောင်းများဆိုင်ရာကွန်ယက်(BRN)က မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများအား ယနေ့ ကျရောက်လာသည့် နိုင်ငံ တကာ ရေကာတာဆန့်ကျင်ရေးနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ရေကာတာစီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် နေရာပြောင်းရွှေ့မှု၊...
တောင်ပံတဖက်နှင့် ချိုးငှက်တကောင်
M.ထက်ခေါင်
(၁)
နှစ်စဉ် နှစ်ကုန်ခါနီးရက်များတွင် ပြုနေကျ ထုံးစံအတိုင်း ၂၀၁ဝခုနှစ်အတွင်း တနှစ်တာ လုပ်ဖြစ်ခဲ့သော အလုပ်များနှင့် မလုပ် ဖြစ်ခဲ့သော အလုပ်ကြွေးများကို ကျနော် ပြန်လည် စောင်းငဲ့ကြည့်ခဲ့သည်။ လုပ်ဖြစ်ခဲ့သမျှ အလုပ်များအတွက် ကျေနပ်မှု အနည်းငယ်ရသလို မလုပ်ဖြစ်ခဲ့သော အလုပ်များအတွက် ဘဝင်မကျ ဖြစ်ရသည်။
၂၀၁ဝခုနှစ်အတွင်း ကရင်သတင်းစဉ်တွင် တစ်လတည်းဖြင့်...
တောင်ငူဒေသတိုက်ပွဲတွင် နအဖဘက်မှ သေဆုံးမှုရှိ
မတ်လ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)နှင့် (၇)တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားသလို တောင်ငူခရိုင်၊ တပ်မဟာ(၂) သံတောင်မြို့နယ်ရှိ တောင်ငူ-ကြီးချောင်းကားလမ်း၌လည်း KNU လက် အောက်ခံတပ်များက နအဖ လှုပ်ရှားတပ်များကို မတ်လ ၈ရက်နေ့က ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်သား ၂ဦး...
ယနေ့တိုက်ပွဲ နအဖ ၁ဝဦးကျော်ထိခိုက်ကျဆုံး
မတ်လ ၁ဝရက်နေ့။ (ကေအိုင်စီ)
ကရင်ပြည်နယ်ရှိ ဝေါ်လေဒေသ၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁ဝဦးကျော် ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ယနေ့ညနေ ၅နာရီခွဲခန့်တွင် ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ...





