Hay Htoo
အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို
မေ ၂၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။
ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁)...
ကားလမ်းဘေးချုံရှင်းရန် ဒေသခံများ အဓမ္မခိုင်းစေခံရ
မေလ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ပဲခူးတိုင်းအတွင်းရှိ အစိုးရလှုပ်ရှားတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခလရ(၃၄၉)တပ်ရင်းသည် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁ဝရွာကျော်မှ ရွာသူရွာသားများကို နံ့သာကွင်း-ကျောက်ကြီးမြို့နှင့် ကျောက်ကြီးမှ ကျောက်မော်သို့သွားသည့် ကား လမ်းတစ်ဖက်တချက်ကို ခုတ်ထွင်ရှင်းလင်းရန် ယခုလ တတိယအပတ်မှစ၍ အဓမ္မခိုင်းစေခဲ့သည်ဟု သိရသည်။
အဆိုပါတပ်များသည် ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏...
မြဝတီမြို့တွင် ဗုံးတစ်လုံး ပေါက်ကွဲ
မေလ ၁၉ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီခွဲခန့်အချိန်၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံ အမျိုးသမီးတဦးက “ဒီမနက်မှာ မြဝတီမြို့ စာတိုက်ဝင်းထဲက အများသုံးဖုန်းရုံထဲမှာ ဗုံးတ လုံး ပေါက်ကွဲသွားတယ်။ အဲဒီနားက သံဇကာတံခါးတော့ ပေါက်ကွဲတဲ့အရှိန်နဲ့ လွှင့်ထွက်သွားပြီး ပစ္စည်းတွေ...
ရွာပေါင်း ၂ဝမှ လယ်တဲများကို အစိုးရတပ် အဓမ္မ ဖြိုဖျက်ခိုင်း
မေလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂ဝမှ လယ်သမားများ၏ လယ်တဲများကို မြန်မာအစိုးရတပ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခ လက်အောက်ခံ ခမရ(၃၄၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးရန်ဝင်း ဦးဆောင်သည့်တပ်ဖွဲ့က မေလ ၁၅ရက်နေ့မှစ၍ အကုန် ဖြိုဖျက်ခိုင်းသည်ဟု ကျောက်ကြီးမြို့နယ် သတင်းရပ်ကွက်အရ သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ...
သံတောင်မြို့နယ်တွင် အစိုးရ စစ်တပ်က စပါးမျိုးစေ့များနှင့် တဲအိမ်များကို မီးရှို့ဖျက်ဆီး
မေလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ရင်း ၂ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ တောင်ယာစပါးမျိုးစေ့များနှင့် လူနေတဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉) လက်အောက်ခံ ခမရ(၅၄၁)နှင့် ခမရ(၃၇၆) တပ်ရင်းတို့သည် ပြီးခဲ့သည့်...
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အပေါ် ရှုတ်ချဝေဖန်မှုများ ရှိနေ
မေလ ၁၇ရက်။ ကေအိုင်စီ
အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက်၍ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ အမိန့်ကြေညာချက်အပေါ် အဖွဲ့အစည်း အသီးသီးမှ ရှုတ်ချဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုးက “လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ထောင်ခါရတယ်။ အခုဟာက ထောင်ဒဏ် လျော့ပေါ့ တာပဲ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘာမှမကိုက်ညီဘူး။ ထောင်...
ရွာပေါင်း ၄ဝခန့်ကို BGF အိမ်မိုးဖက်တောင်းခံ
မေလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များက ၎င်းတို့တပ်စခန်းအမိုးအတွက် မောလော်ကလိုးနှင့် ကမ မောင်း အနီးဝန်းကျင်ရှိ ရွာပေါင်း ၄ဝခန့်မှ တအိမ်ထောင်လျှင် အိမ်မိုးဖက် ၁၀ဝပျစ်စီ BGF စခန်းသို့ မေလကုန်အရောက် ပေးပို့ ရန် တောင်းခံခဲ့သည်။
နယ်ခြားစောင့်-BGF (၁၀၁၃)နှင့် (၁၀၁၄)တပ်ရင်းများသည်...
ကျိုက်ဒုံမြို့နယ်ခွဲ ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ
မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ်တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃ဝရက်နေ့အထိ...
စစ်ဘေးဒဏ်ကြောင့် ဖာပွန်ဒေသခံ ၉,၀၀ဝနီးပါး စားနပ်ရိက္ခာပြတ် လပ်မှုကြုံရ
မေလ ၁၃။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေရသည့် ဒေသခံလူထု ၉,၀၀ဝဦး ခန့်သည် လက်ရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က မေလ ၁၁ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ရွာပေါင်း ၁၁၈လုံးမှ လူထု ၈,၈၈၅ဦးခန့်သည်...





