Home သတင်း ကရင်နှင့် ‌ကျောင်းသားတပ်မ‌တော် ပူး‌ပေါင်း စစ်ဆင်‌ရေး ‌ကြေညာချက် ထုတ်ပြန်

ကရင်နှင့် ‌ကျောင်းသားတပ်မ‌တော် ပူး‌ပေါင်း စစ်ဆင်‌ရေး ‌ကြေညာချက် ထုတ်ပြန်

1573
ဇွန်လ ၉ရက်။ (‌ကေအိုင်စီ)

မြန်မာစစ်တပ်၏ စစ်ဆင်‌ရေးကွပ်ကဲမှု ပျက်ပြား‌စေရန် ရည်ရွယ်၍ “မာနယ်စိုးစစ်ဆင်‌ရေး (‌အောင်မြင်စိုးမိုးမှု)”ဟု အမည်ရ ‌သော ပူး‌ပေါင်းစစ်ဆင်‌ရေးနှင့် ပတ်သက်သည့် ‌ကြေညာချက် တစ်ခုကို ကရင်နှင့် ‌ကျောင်းသားတပ်မ‌တော်တို့က ဇွန်လ ၆ရက် ‌နေ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည် ဧပြီလက DKBA ကလိုထူး‌ဘော အ‌ခြေချဗျူဟာမှ စစ်‌ရေးအရှိန်မြှင့်တင်‌ရေး ‌ကြေညာချက်၏ ‌နောက်ဆက်တွဲအ ‌နေဖြင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ပူး‌ပေါင်းတပ်တို့က ကရင်ပြည်နယ်အတွင်း တစ် ‌နေရာ၌ ‌တွေ့ဆုံကာ မာနယ်စိုးစစ်ဆင်‌ရေးကို ညှိနှိုင်း‌ရေးဆွဲခဲ့ခြင်းဖြစ်သည်။

မာနယ်စိုးစစ်ဆင်‌ရေး ညှိနှိုင်းမှုတွင် DKBA မှ ဗိုလ်မှူးချုပ် ‌စောလားဘွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး)၊ စစ်ဆင်‌ရေးကွပ်ကဲ‌ရေးမှူး ဗိုလ် မှူးကြီးမူ‌ဆေး၊ KNLA တပ်မဟာ(၆)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီးဂျိုးဆွာ၊ ဒု-ဗိုလ်မှူးကြီးမန်းတင်လှိုင်၊ ဗိုလ်မှူးသန်းတင်‌အောင်နှင့် ABSDF မှ ဒုတိယတန်း စစ်ဦးစီးမှူး ရဲ‌ဘော်ထွန်းထွန်းတို့ ပါဝင်ခဲ့ပြီး ဗိုလ်မှူးကြီးဂျိုးဆွာအား စစ်ဆင်‌ရေးကွပ်ကဲ ‌ရေးမှူးအဖြစ် တာဝန်ယူ‌စေခဲ့‌ကြောင်း ‌ကြေညာချက်တွင် ပါရှိသည်။

ထိုစစ်ဆင်‌ရေးကို ဧပြီလကုန်ပိုင်း၌ ညှိနှိုင်း‌ရေးဆွဲခဲ့ပြီး ‌မေလ ၁ဝရက်‌နေ့မှ စတင် အ‌ကောင်အထည်‌ဖော်ခဲ့ရာ ယခုအချိန်ထိ မြန်မာစစ်တပ်ဘက်မှ ၄ဝဦး‌သေ၊ ၃၄ဦး ဒဏ်ရာရရှိခဲ့ပြီး မြန်မာစစ်တပ် ခလရ(၂၃၁)တပ်ရင်းမှ ရဲ‌ဘော် နှစ်ဦးနှင့် နယ်ခြား ‌စောင့်တပ်-BGF တပ်ဖွဲ့ဝင်(၅)ဦးတို့မှာ စစ်အသုံးအ‌ဆောင် အစုံအလင်ဖြင့် အဆိုပါစစ်ဆင်‌ရေးတပ်ဖွဲ့ဝင်များထံ လာ‌ရောက် ပူး‌ပေါင်းခဲ့သည်ဟု ဆိုသည်။

၎င်း‌ကြေညာချက်၏ နိဂုံးတွင် အလားတူ စစ်ဆင်‌ရေးများကို ‌ရှေ့ဆက်၍ အရှိန်မြှင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းနှင့် ရည် ရွယ်ချက်တူ၊ ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့်လည်း ယခုထက်ပို၍ မြန်မာစစ်တပ်အား စစ်ဆင်‌ရေးကို တိုးမြှင့်လုပ်‌ဆောင်သွားရန်လည်း မာနယ်စိုးစစ်ဆင်‌ရေးအဖွဲ့က တိုက်တွန်းထားသည်။