Home သတင်း ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်

ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်

2003
ဇွန်လ ၁၀။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ‌ဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက် မှ စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်‌နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်ဘက်တွင် အစိုးရစစ်တပ်အား ကရင်ပူး‌ပေါင်းတပ်ဖွဲ့ များက ‌နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်‌နေသဖြင့် ယခုလို စစ်‌ရေးပြင်ဆင်မှုများ လုပ်‌ဆောင်ခြင်းဖြစ်သည် ဟု ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၆)မှ ဗိုလ်ကြီး‌စောထဲ‌နေက ‌ပြောသည်။

၎င်းက “ဘုရားသုံးဆူမြို့ စရဖရုံးမှာ ဝင်ပစ်တဲ့ကိစ္စရယ်၊ ‌နောက်တခု မဲ့ကသာရွာမှာလည်း ပစ်ခတ်မှု‌တွေ ဖြစ် ပွားခဲ့တယ်‌လေ။ အဲဒါ‌ကြောင့် စစ်‌ရေးပြင်ဆင်မှု‌တွေလုပ်တာ ဖြစ်နိုင်တယ်။ အဲဒါ‌တွေဟာ ဘုရားသုံးဆူ ‌ဒေသ လုံခြုံ‌ရေးအတွက်ပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုအချိန်တွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ပိုမို များပြားလာ‌သော‌ကြောင့် နယ်စပ်တပ်များနှင့် တပ်ရင်းတပ်ဖွဲ့များအ‌နေဖြင့် လူ၊ လက်နက်ခဲယမ်းများကို အသင့်ဖြစ်‌စေရန်နှင့် စစ်ကူပစ်ကူ‌ပေးနိုင်‌ရေးအ တွက် ကြိုတင်ပြင်ဆင်ထားကြရန် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်-ရတခက ညွှန်ကြားလိုက်သည်ဟု စစ် ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဘုရားသုံးဆူမြို့ လုံခြုံ‌ရေးအတွက် ဒီ‌နေ့ ခလရ(၁၀၆) တက်လာမယ်လို့ ဘုရား သုံးဆူမြို့မှာရှိတဲ့ စစ်တပ်ကလူ‌တွေ ‌ပြောကြတယ်။ တပ်အင်အား ၃၀၀‌ကျော် ပါမယ်လို့ ‌ပြောတာပဲ။”ဟု ‌ပြော သည်။

ထို့အပြင် ကရင်ပူး‌ပေါင်းတပ်များဖြစ်ကြသည့် KNU နှင့် DKBA တပ်ဖွဲ့ဝင်များသည် အင်အားစုဖွဲ့ပြီး ဘုရား သုံးဆူမြို့နှင့် ‌ကော့ကရိတ်မြို့ဝန်းကျင်များတွင် လှုပ်ရှားမှုများရှိ‌နေ‌သော‌ကြောင့် ‌ရှေ့တန်း အ‌မြောက်စခန်း များအားလုံး လုံခြုံ‌ရေး အထူးဂရုပြုကြရန်နှင့် စစ်ကူ‌တောင်းခံလာပါက အမြန်ထိ‌ရောက်သည့် အကူအညီများ ‌ပေးနိုင်‌ရေး ကြိုတင်‌ဆောင်ရွက်ထားရန် ရတခက ညွန်ကြားထားသည်ဟု သိရသည်။

ယမန်‌နေ့ည ၉နာရီ‌ကျော်အချိန်ကလည်း ဘုရားသုံးဆူမြို့တွင် အမည်မသိ ‌သေနတ်သမား ၂ဦးကို ဆိုင်ကယ် ဖြင့် ‌ရောက်ရှိလာပြီး ရပ်ကွက်(၄)ရှိ ခလရ(၂၈၄)တပ်ဖွဲ့အား ပစ္စတိုလက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ အစိုးရစစ်တပ် ဘက်မှ ၂ဦး ထိမှန်သွားခဲ့သည်ဟု မြို့ခံများက ‌ပြောသည်။