Home ထိပ်တန်းသတင်း ဖားအံမြို့မှ ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ များကို ‌နေပြည်‌တော်ရဲများ လိုက်လံ ဖမ်းဆီး‌နေ

ဖားအံမြို့မှ ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ များကို ‌နေပြည်‌တော်ရဲများ လိုက်လံ ဖမ်းဆီး‌နေ

2704
ဇွန်လ ၂၉ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူများကို ‌နေပြည်‌တော်မှ ဆင်းလာသည့် ရဲတပ်ဖွဲ့ဝင်များက ဇွန် လ ၂ဝရက်‌နေ့မှစ၍ ယ‌နေ့အထိ လိုက်လံဖမ်းဆီးလျှက်ရှိ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် ရဲယူနီ‌ဖောင်းများ ဝတ်ဆင်ခြင်းမရှိဘဲ အရပ်ဝတ်များဖြင့် ‌ဈေးဆိုင်များတွင် စုံစမ်း‌မေးမြန်းကာ ယခုအချိန်ထိ ဖမ်းဆီး‌နေဆဲဖြစ်‌ကြောင်း ဖားအံမြို့အ‌ရှေ့ဘက် လမ်းဂွတွင် ‌နေထိုင်သူတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြော သည်။

Photo-KIC (နှစ်လုံးထီများကို ယခုလို ‌ငွေ‌ချေဖြတ်ပိုင်းဖြင့် ‌ရောင်း‌နေစဉ်)
‌နေပြည်‌တော်က ရဲ‌တွေဆင်းလာပြီး ချဲဒိုင်နဲ့ ‌ကော်မရှင်သမား‌တွေကို လိုက်ဖမ်းတယ်။ စဖမ်းတာ‌တော့ ၂ဝရက်‌နေ့က‌နေ အခု ချိန်ထိပဲ။ တချို့ချဲဒိုင်‌တွေ ဖမ်းမိတယ်လို့ ကျ‌နော်ကြားတယ်။ ဘယ်နှစ်‌ယောက် ဖမ်းမိတယ်ဆိုတာ‌တေ့ အတိအကျ မသိဘူး။ အခုထိ‌တော့ လိုက်ဖမ်း‌နေတုန်းပဲ။ လူ‌တွေက ချဲထိုးချင်ရင် သူတို့အဆက်နဲ့ သူတို့ လိုက်ထိုး‌နေကြတယ်။ ခိုးထိုးရတာ‌ပေါ့။”ဟု ‌ပြောသည်။

ဖားအံမြို့တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ အများစုမှာ နယ်‌မြေခံရဲများကို လစဉ်‌ကြေး ‌ပေးထားသဖြင့် ပိုက်ဆံ‌ပေးနိုင်သည့် ချဲ ဒိုင်များကို မဖမ်းဘဲ ပိုက်ဆံမ‌ပေးနိုင်သည့် ဒိုင်များကိုသာ ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း အမည်မ‌ဖော်လိုသူ ဒိုင်တစ်ဦးက ‌ပြောဆိုသည်။

“အခု လိုက်ဖမ်းတဲ့ ရဲ‌တွေက ‌နေပြည်‌တော်ကပါ။ နယ်ခံရဲ‌တွေလည်း အချို့လိုက်ပါလာတယ်။ လိုက်ဖမ်း‌နေတာ ‌ခြောက်လပိုင်း အစကတည်းကပါ။ လကုန်ခါနီးမှပဲ အခုလို သတင်းပြန့်သွားတာ။ နယ်ခံရဲ‌တွေကို ကျ‌နော်တို့က လစဉ်‌ကြေး ‌ပေးထား‌တော့ သူ တို့က ကျ‌နော်တို့ကို ‌ပြောပြတယ်‌လေ။ ကျ‌နော်တို့ကို ‌ရောင်း‌ပေးတဲ့ ‌ကော်မရှင်သမားတစ်‌ယောက်အတွက်ဆို တ‌နေ့ ၂‌ထောင် နှုန်း ‌ပေး‌သေးတယ်။ အဖမ်းခံရတဲ့ ဒိုင်သမားနှစ်‌ယောက်‌တော့ လစဉ်‌ကြေးမ‌ပေးလို့ပါ။ နယ်ခံရဲ‌တွေကို ‌ငွေ‌ပေးထားတဲ့ ဒိုင်အ များစုက‌တော့ ဖမ်းဆီးခံရတာ မ‌တွေ့ရ‌သေးဘူး။”ဟု ဖားအံမြို့တွင် ချဲဒိုင်လုပ်‌နေသူ ‌မော်လမြိုင်မြို့ခံတစ်ဦးက ‌ပြောသည်။

‌လောင်းကစားများကို အထက်မှ ညွှန်ကြားချက်ဖြင့် လာ‌ရောက်ဖမ်းဆီးပါက ‌ရောင်းသားများအတွက် ပြစ်မှုဆိုင်ရာ ‌လောင်းက စား ဥပ‌ဒေ ပုဒ်မ ၁၅(က)အရလည်း‌ကောင်း၊ ထိုးသားများကိုမူ ပုဒ်မ ၁၆(က)အရလည်း‌ကောင်း ‌ငွေဒဏ်‌ကော ‌ထောင်ဒဏ်ပါ အ‌ရေးယူခံရနိုင်‌ကြောင်း ရဲဝန်ထမ်း‌ဟောင်းတစ်ဦးဖြစ်သူ ‌မောင်တိုးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “အထက်က အဲလိုလာဖမ်းတယ်ဆိုရင်‌တော့ လွှတ်ဖို့မလွယ်ဘူး‌လေ။ ‌ငွေဒဏ်‌ကော ‌ထောင်ဒဏ်ပါ နှစ်မျိုးစလုံး ခံရမှာပဲ။ ဥပ‌ဒေမှာက ဒိုင်၊ ‌ကော်မရှင်သမားဆိုပြီး မရှိဘူး‌လေ။ ‌ရောင်းသားဆိုရင် ဒိုင်‌ရော၊ ‌ကော်မရှင်သမား‌ရော အကျုံးဝင်တယ်။ သူတို့ က ‌လောင်းကစားပုဒ်မ ၁၅(က)အရ ‌ထောင်ဒဏ်တနှစ်က‌နေ သုံးနှစ်အထိနဲ့ ‌ငွေဒဏ်က တစ်‌ထောင်က‌နေ ငါး‌ထောင်အထိ။ ထိုးသားဆိုရင် ပုဒ်မ ၁၆(က)အရ ‌ထောင်ဒဏ် ၆လက‌နေ တနှစ်အထိနဲ့ ‌ငွေဒဏ်တစ်‌ထောင်အထိ ကျခံရတယ်။”ဟု ဆိုသည်။

ထို့အပြင် သက်‌သေခံပစ္စည်းများဖြစ်သည့် ‌ရောင်းသား‌ငွေများအတူ ဖမ်းဆီးရမိပါက ‌ရောင်းသားဖြစ်‌စေ၊ ထိုးသားဖြစ်‌စေ ၎င်းတို့ ပိုင်ဆိုင်သည့် ‌နေအိမ်များကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းနိုင်‌ကြောင်း ဥပ‌ဒေတွင် ပါရှိသည်။

ဖမ်းဆီးမှုများ ရှိ‌နေသည့်ကြားက ဆက်လက်‌ရောင်း‌နေသူ ‌ကော်မရှင် အမျိုးသမီးတစ်ဦးက “လမ်း‌ဘေးဆိုင်တိုင်းလိုလို အရပ် ဝတ်ရဲ‌တွေ ရှိကြတယ်။ အချို့‌ကော်မရှင်သမား‌တွေ ‌ကြောက်လို့ နားကြတယ်‌လေ။ ကျမတို့ဒိုင်က ‌ပေး‌ရောင်းထား‌ပေမဲ့ ခိုး ‌ရောင်းရတယ်။ ကျမက တစ်အိမ်ဝင် တစ်အိမ်ထွက် ‌ရောင်းတယ်‌လေ။ ကျမလည်း ‌ရောင်းအားက ၅‌သောင်း‌ကျော် ၆‌သောင်း ‌လောက် ရတယ်။ တစ်‌သောင်း‌ရောင်းရရင် ကျမအတွက် ‌ကော်မရှင်ခ ၁,၅၀ဝကျပ် ရတယ်။”ဟု ဆိုသည်။

ဖားအံမြို့တွင် တစ်လ နှစ်‌ခေါက်သာ ထွက်သည့် ချဲထီထက် တစ်ရက် နှစ်‌ခေါက်နှုန်းဖြင့် တစ်ပတ်လျှင် ဆယ်ကြိမ်ထိုးရသည့် နှစ်လုံးထီက ပိုတွင်ကျယ်‌နေပြီး ‌လောင်းကစားများ ပ‌ပျောက်‌ရေးအတွက် ဝန်ထမ်းများ လာဘ်စားမှုမရှိမှသာ ဖြစ်နိုင်‌ကြောင်း ဖားအံမြို့ အမှတ်(၂)ရပ်ကွက်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ‌ပြောသည်။

“ချဲထီ‌တွေက ပ‌ပျောက်ဖို့လည်း မလွယ်ပါဘူး။ နယ်ခံရဲ‌တွေကလည်း လစာမ‌လောက်‌တော့ ဒိုင်၊ ‌ကော်မရှင်‌တွေဆီက လစဉ် ‌ကြေး ရ‌နေတယ်‌လေ။ ဆက်‌ကြေးအခွန်သ‌ဘောမျိုးပါပဲ။ အခုလို လာဖမ်းချိန်မှာ ခိုး‌ရောင်း‌နေကြတာ‌ပေါ့။ တကယ်ပ‌ပျောက်ချင် ရင် လာဘ်စားမှု‌တွေ မရှိမှ လုပ်နိုင်မှာ။”ဟု ဆိုသည်။

နယ်‌မြေခံရဲ၏ ‌ပြောပြချက်အရ ‌နေပြည်‌တော်ရဲများမှာ အဖွဲ့လိုက် လာ‌ရောက်ဖမ်းဆီး‌နေခြင်းဖြစ်ပြီး ‌မော်လမြိုင်မြို့သို့လည်း သီးသန့်တဖွဲ့ သွား‌ရောက်စစ်‌ဆေး‌နေ‌ကြောင်းနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း အစိုးရသစ် တက်လာသည်အထိ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ‌လောင်းကစားလုပ်ကိုင်သူများကို နယ်ဆင်းဖမ်းဆီးမှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။