Home ထိပ်တန်းသတင်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့တဖွဲ့ အလင်းဝင်ဟု အစိုးရသတင်းစာတွင် ‌ဖော်ပြ

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့တဖွဲ့ အလင်းဝင်ဟု အစိုးရသတင်းစာတွင် ‌ဖော်ပြ

1879
ဇွန်လ ၂၂ရက်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် ငြိမ်းချမ်း‌ရေး‌ကောင်စီ လက်‌အောက်ခံ တပ်ရင်း (၇၀၉)မှ တပ်ခွဲမှူး ဦးစီးအင်အား ၂၅ဦးသည် လက်နက်နှင့်အလင်းဝင်‌ရောက်သည့် အခမ်းအနားကို ဇွန်လ ၁၃ရက်‌နေ့က မွန် ပြည်နယ် ကျိုက်မ‌ရောမြို့ရှိ ရဲသံလွင်ခမ်းမတွင် ကျင်းပခဲ့သည်ဟု ယ‌နေ့ထုတ် ‌ကြေးမုံသတင်းစာ၌ ‌ဖော်ပြထားသည်။

ထိုသို့ အလင်းဝင်‌ရောက်သည့် ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့တင် တပ်ခွဲမှူး ဗိုလ်ကြီးအဆင့်ရှိ ‌စောလှသန်း အပါအဝင် တပ်ခွဲမှူး နှစ်ဦး၊ ဒုတပ်ခွဲမှူးတစ်ဦး၊ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၂၁ဦးတို့ ပါဝင်ပြီး ၎င်းတို့နှင့်အတူ ပွိုင့် ၄၅ ပစ္စတိုတစ်လက်နှင့် ကျည် ၁၂‌တောင့်၊ ကျည်အိမ်တစ်ခု၊ ပွိုင့် ၃ဝ ကာဘိုင်တစ်လက်နှင့် ကျည် ၁၁‌တောင့်၊ ကျည်အိမ်နှစ်ခု၊ ပွိုင့် ၃၈ ကာဘိုင်တစ် လက်နှင့် ကျည် ၅‌တောင့်၊ တ‌တောင့်ထိုး‌ပြောင်းရှည်တစ်လက်နှင့် ‌ပြောင်းတိုတစ်လက်၊ ဘီ‌အေ-၉၁ လက်ပစ်ဗုံး ၃လုံး၊ အမှတ်-၃၆ လက်ပစ်ဗုံး ၂လုံး၊ M-၁၆ ကျည်အိမ်အတို ၂ခု၊ ၅.၅၆ ကျည် ၂၁‌တောင့်၊ ရိုင်ဖယ်ပစ်ဗုံး ၅လုံးနှင့် လမ်း‌လျှောက်စကား‌ပြော စက် ၁လုံး ယူ‌ဆောင်ခဲ့သည်ဟုလည်း ‌ဖော်ပြပါရှိသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်း‌ရေး‌ကောင်စီ နိုင်ငံခြားဆက်သွယ်‌ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ‌ဒေါက်တာတီမ‌သေက “ဗမာအ စိုးရက လက်နက်‌လေး ထပ်ဖြည့်တပ်ဆင်‌ပေးလိုက်ပြီး Propaganda လုပ်‌နေတာပဲ‌လေ။ ဒီအဖွဲ့ဟာ အမှန်‌တော့ အစပိုင်းက ဒီ‌ကေဘီ‌အေ။ အဲဒီက‌နေ ‌ဟောင်သ‌ရော(KPF)အဖွဲ့။ ပြီး‌တော့ ငြိမ်းချမ်း‌ရေး‌ကောင်စီကို ဝင်လာကြတဲ့သူ‌တွေ။ ‌ခေါင်း‌ဆောင် ‌တွေ‌တောင် သူတို့ကို အကုန်လုံး သိတာမဟုတ်ဘူး။”ဟု ‌ပြောဆိုခဲ့သည်။

အလားတူ ငြိမ်းချမ်း‌ရေး‌ကောင်စီ စစ်‌ထောက်ချုပ် ဗိုလ်မှူးချုပ်‌စောရင်နုကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ “ဒီအဖွဲ့က ဘုရားသုံးဆူမှာရှိတဲ့သူ‌တွေ ဖြစ်မယ်။ ကျ‌နော်တို့အဖွဲ့ရဲ့ တပ်ရင်း(၇၀၉)က ဘုရားသုံးဆူဘက်မှာ ရှိတာ‌တော့ ဟုတ်တယ်။ ဒါ‌ပေမဲ့ သူတို့ကို‌တော့ အ‌သေအချာ မသိဘူး။ ‌မေးကြည့်ရအုံးမယ်။”ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

သို့‌သော် အစိုးရသတင်းစာ ‌ဖော်ပြချက်ထဲတွင် ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့ဝင် ၂၅ဦးကို မွန်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေး ရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး‌ဌေး‌အောင်မြင့်က ကြိုဆိုပြီး မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန ဝန်ကြီး ဦး ‌စော‌အောင်‌ကျော်သိန်းက လက်နက်နှင့် အလင်းဝင်‌ရောက်ခြင်းအ‌ပေါ် ဝမ်း‌မြောက်ဂုဏ်ယူ‌ကြောင်း ‌ပြောကြားခဲ့သည်။

(တပ်ခွဲမှူး ဗိုလ်ကြီး‌စောလှသန်းက လက်နက်များ လွှဲ‌ပြောင်းအပ်နှံ‌နေစဉ်)
အဆိုပါ ငြိမ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ‌ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၂၅သိန်းကို ဗိုလ်မှူးကြီး‌ဌေးမြင့်‌အောင် ကလည်း‌ကောင်း၊ ဆန် ၂၅အိတ်နှင့် ကုလားပဲ ၃အိတ်ကို ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး‌နေမျိုးကလည်း‌ကောင်း ‌မော်လမြိုင်ခ ရိုင်၊ ကျိုက်မ‌ရောမြို့ အမှတ်(၁၅) ရဲတပ်ရင်း၏ ရဲသံလွင်ခမ်းမတွင် ပြုလုပ်သည့် အလင်းဝင် အခမ်းအနားတွင် ‌ထောက်ပံ့‌ပေး အပ်ခဲ့သည်။

“အခု ပြန်လက်နက်ချတဲ့သူ‌တွေကလည်း မျိုးချစ်စိတ်ဓာတ်ရှိတဲ့သူ‌တွေ မဟုတ်ဘူး။ သူတို့က အခွင့်သာလို့ ငြိမ်းချမ်း‌ရေး ‌ကောင်စီကို ‌ရောက်လာကြတာ။ ဒီလိုလူမျိုး‌တွေက တစ်ပုံကြီး။ ဒီအစိုးရက ကျ‌နော်တို့ကို ‌ပြောင်းလဲဖွဲ့စည်း‌ရေး အရင်က အကြိမ်ကြိမ် ဖိအား‌ပေးလာ‌ပေမဲ့ ‌လော‌လောဆယ်‌တော့ ဘာမှမ‌ပြောလာ‌သေးသလို ကျ‌နော်တို့ကလည်း နားမ‌ထောင်ဘူး။”ဟု ‌ဒေါက်တာတီမ‌သေက ‌ပြောသည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက ‌ကေအဲန်ယူ တပ်မဟာ(၇)မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူး‌ပေါင်းခဲ့ပြီး ၂၀၁ဝ နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲမတိုင်ခင် စစ်အုပ်စု၏ နယ်ခြား‌စောင့်တပ်နှင့် ပြည်သူ့စစ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်း ‌ရေးကို ငြင်းဆန်ခဲ့သည့် ကရင်အပစ်ရပ်အဖွဲ့ဖြစ်သည်။