Hay Htoo
အစိုးရစစ်တပ်မှ နွားများ ပစ်သတ်ပြီး ရွာတွင်း ဝင်ရောက် ရမ်းကား
စက်တင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ရွာတရွာအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၄ရက်နေ့ က အစိုးရစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နွား ၄ကောင် ထိခိုက်သေဆုံးသည့်အပြင် ရွာသားများ၏ နေအိမ် များကိုလည်း သေနတ်ဖြင့် ရမ်းကားပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ထိုနေ့က...
မိုးကြီးကာ ရေတိုက်စား၍ ကရင်နီဒုက္ခသည်စခန်းတွင် အိမ်များပျက်စီး
စက်တင်ဘာလ ၅ရက်။ စောခါးစူး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့နယ်အတွင်းရှိ ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်း၌ မိုးသည်းထန်ပြီး ရေတိုက် စားမှုကြောင့် မဲ့စရင်းချောင်း ကမ်းနံဘေးရှိ ဒုက္ခသည်နေအိမ် ၄လုံး စက်တင်ဘာလ ၃ရက်နေ့က ပျက်စီးသွားခဲ့သည်။
“မိုးက ကြီးတဲ့အခါကျတော့ မြစ်ကမ်းပါးပေါ်ကနေ စီးဆင်းလာတဲ့ ရေဟာ တဖြည်းဖြည်းတိုက်စားပြီး မြေက...
ကျိုက်မရောမြို့နယ်တွင် ဘိလပ်မြေစက်ရုံ နှစ်ရုံတည်ဆောက်မည်
စက်တင်ဘာလ ၅ရက်။ (ကေအိုင်စီ)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပါနော့ကျေးရွာအနီး ထုံးကျောက်တောင်များအနီးတွင် ဘိလပ်မြေစက်ရုံ နှစ်ရုံ တည် ဆောက်သွားမည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
အမှတ်(၁) စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ တန် ၁,၀၀ဝကျ ဘိလပ်မြေစက်ရုံများအတွက် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ် သည့် ပီအေစီလင့်ခ် ထရိတ်ဒင်းကုမ္မဏီနှင့် ဂျွန်ကုမ္ပဏီတို့...
ရွှေတူးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား
စက်တင်ဘာလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အနောက်ဘက်ရှိ မယ်ကလယ့်လော်ချောင်း၊ မယ်တိုးချောင်း၊ မဲဝယ်ချောင်းနှင့် ဘောလော ချောင်းများအတွင်း မြန်မာပြည်ရှိ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု များပြားသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က စက်တင်ဘာလ ၂ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၀၉ခုနှစ်မှစ၍ ယခုအချိန်ထိ...
DKBA ကို အသိအမှတ်မပြုကြောင်း KSDDP သဘောထားထုတ်ပြန်
စက်တင်ဘာလ ၃ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်တွင် DKBA အမည်ခံ၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖွဲ့အစည်းအား DKBA အဖြစ် အသိအမှတ် မပြုကြောင်း ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)က ယမန်နေ့ ရက်စွဲ ဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ယနေ့ထုတ် မြန်မာ့အလင်းနှင့်...
ကရင်နီစခန်း(၁)တွင် လူ ၅၀၀ကျော် တုပ်ကွေးနှင့် မျက်စိနာရောဂါဖြစ်ပွားနေ
စက်တင်ဘာလ ၁ရက်။ စောခါးစူး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ ကရင်နီဒုက္ခသည် စခန်းအမှတ်(၁)တွင် လူ ၅၀၀ကျော် ကူးစက် များဖြစ်သည့် တုပ်ကွေးနှင့် မျက်စိနာရောဂါများ ဖြစ်ပွားလျက်ရှိသည်။
ယခင်လမှ စတင်ကာ တုပ်ကွေးနှင့် မျက်စေ့နာရောဂါ ဖြစ်ပွားလျက်ရှိရာ ယခုလက်ရှိအချိန်တွင် တုပ်ကွေးကူးစက်သူ ၄၀ဝဦးနှင့် မျက်စိနာ ကူးစက်သူ...
ပဒိုမန်းငြိမ်းမောင်ကိစ္စ တရုတ်နှင့် မြန်မာအစိုးရများထံ KNU တရားဝင် စုံစမ်းမည်မဟုတ်
စက်တင်ဘာလ ၁ရက်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ပျောက်ဆုံးလျက်ရှိခြင်းနှင့် ပတ်သက်၍ တရုတ်နှင့် မြန်မာအစိုးရတို့အား တရားဝင် ဆက်သွယ်မေးမြန်းမည့် အစီအစဉ် မရှိသေးဟု KNU က ပြောသည်။
ပဒိုမန်းငြိမ်းမောင်သည် ဇူလိုင်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်သည့် ခရီးစဉ်မှ ပြန်လာစဉ် ပျောက်ဆုံးခဲ့ သည်ဟု...
မြစ်ဆုံစီမံကိန်း တရုတ် အရှိန်မြှင့်လုပ်ဆောင်နေ
ဩဂုတ်လ ၃၁ရက်။ စောခါးစူး (ကေအိုင်စီ)
ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA အကြား စစ်ပွဲများ ဖြစ်ပွားနေသည့်တိုင် တရုတ် ကုမ္ပဏီဘက်မှ မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ကချင်လူမှုဖွဲ့ဖြိုးရေးကွန်ယက်အဖွဲ့-KDNG ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေကာတာတည်ဆောက်ရေးအဖွဲ့ ဆိုင်နိုဟိုက်ဒရိုကော်ပိုရေးရှင်း (Sinohydro Corporation) ကုမ္ပ...
ကွန်ပြူတာသင်တန်း အကျိုးရှိဟု ကရင်လူငယ်များ ပြောဆို
ဩဂုတ်လ ၃၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လောင်းကိုင်ကျေးရွာတွင် တစ်လကြာ သင်ကြားပို့ချခဲ့သည့် ကွန်ပြူတာသင်တန်းမှာ အကျိုးရှိသည်ဟု ဩဂုတ်လ ၂၉ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ ကရင်လူငယ် သင် တန်းသားများက ပြောဆိုသည်။
ဖလုံပညာတိုးတက်ရေးယူနစ် (Plone Education Development Unit-PEDU) မှ...
တံတားကျိုးကျ၍ လူတစ်ဦး သေဆုံး
ဩဂုတ်လ ၃၁ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အရှေ့ဘက်ရှိ သစ်သားတံတားတစ်စင်းမှာ ဩဂုတ်လ ၂၉ရက်နေ့က ကျောက်တင်ကားတစ်စီး ဖြတ်သွားကာ ကျိုးကျသွားပြီး ကားပေါ်ပါလာသူများအနက် အမျိုးသမီးတစ်ဦး ကျောက်တုံးပိကာ သေဆုံးသွားကြောင်း သိရှိရသည်။
ထိုတံတားပေါ် ဖြတ်သန်းသွားသည့် ကျောက်တင်ကားပေါ်တွင် ကားမောင်းသူနှင့်အတူ လမ်းကြုံခရီးသည် ဇနီးမောင်နှံနှစ်ဦး ပါလာပြီး တံတားကျိုးသည့်အခါ ၎င်းတို့မှာ ကားနှင့်အတူ...





