Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

တုပ်‌ကွေးဖြစ်ပွား‌နေသည့် ကိုယ်ထူကိုယ်ထ‌ကျောင်းမှ က‌လေးငယ် ၄၀‌ကျော် ‌ဆေးဝါးလိုအပ်‌နေ

စက်တင်ဘာလ ၈ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စီဖိုးခီး‌ကျေးရွာ၌ တုပ်‌ကွေး‌ရောဂါ ကူးစက်ဖြစ်ပွား‌နေသည့် ကိုယ်ထူကိုယ်ထ မူလ တန်း‌ကျောင်းမှ က‌လေးငယ်‌ပေါင်း ၄၀‌ကျော်အတွက် ‌ဆေးဝါးလိုအပ်လျက်ရှိသည်။ တုပ်‌ကွေး‌ရောဂါ ကူးစက်ခံရသူများမှာ ထို‌ကျောင်း၏ ‌ဘော်ဒါ‌ဆောင်နှင့် ရွာတွင်းမှ က‌လေးငယ်များဖြစ်ကြပြီး ယခုလဆန်းပိုင်း မှစ၍ နှာ‌စေးခြင်း၊ ‌ချောင်းဆိုးခြင်းများ စတင်ဖြစ်ပွားခဲ့ကာ...

နို့ဖိုးဒုက္ခသည်စခန်းတွင် လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့

စက်တင်ဘာလ ၈ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် တာ့ခ်ခရိုင် အကြီးအကဲများ၏ ညွှန်ကြားမှု‌ကြောင့် ယခုလ ၂ရက်‌နေ့က ဒုက္ခ သည် လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။ ထိုသို့ လူဦး‌ရေ ‌ကောက်ခံရာတွင် တာ့ခ်ခရိုင်အကြီးအကဲက စခန်းရှိ ထိုင်းအုပ်ချုပ်‌ရေးအဖွဲ့မှတဆင့် ညွှန်ကြားမှု‌ကြောင့် စခန်း ရှိ...

အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ဝင်တိုက်

စက်တင်ဘာလ ၈ရက်။ ‌စောခါးစူး (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့အနီး မြန်မာအစိုးရစစ်တပ်၏ ကားလမ်းဂိတ်စခန်း ၃ခုကို တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မ‌တော်-DKBA က ယမန်‌နေ့ ည‌နေ ၁နာရီ‌ကျော်အချိန်တွင် ‌ပြောက်ကျားစနစ်ဖြင့် တပြိုင်နက်တည်း ဝင်‌ရောက် တိုက်ခိုက်ခဲ့သည်။ အစိုးရစစ်တပ် တပ်မ(၁၂)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း ခလရ(၃၅၅) အ‌ခြေစိုက်လျှက်ရှိသည့် ‌ကော့ကရိတ်မြို့နှင့်...

DKBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ပြီ

စက်တင်ဘာလ ၇ရက်။ ‌စောခါးစူး (‌ကေအိုင်စီ) အစိုးရ၏ နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းလဲ‌ရေး အစီစဉ်ကို လက်မခံနိုင်သည့်အတွက် အစိုးရစစ်တပ်ကို ပြန်လည်တိုက်ခိုက် ‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBAသည် ၎င်း၏ နိုင်ငံ‌ရေး၊ စစ်‌ရေး စွမ်း‌ဆောင်နိုင်မှုများ အား မြှင့်တင်နိုင်‌အောင် စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု ယ‌နေ့ ထုတ်‌ဖော်‌ပြောသည်။ ဩဂုတ်လ ၁၄ရက်‌နေ့က...

အ‌ပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ စာ‌ပေ‌ဟော‌ပြောပွဲ ပြီးစီး

စက်တင်ဘာလ ၇ရက်။ (‌ကေအိုင်စီ) မွန်ပြည်နယ်မြို့ ‌မော်လမြိုင်မြို့တွင် ကရင်လူငယ်များ ဦးစီးကာ စက်တင်ဘာလ ၄ရက်‌နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် စာ‌ပေ‌ဟော‌ပြောပွဲသို့ စာ‌ရေးဆရာနှစ်ဦးမှ အ‌ပြောင်းအလဲများနှင့် လူငယ်ဆိုင်ရာ အ‌ကြောင်းအရာများကို လာ‌ရောက်‌ဟော‌ပြောခဲ့ကြသည်။ ၎င်းစာ‌ပေ‌ဟော‌ပြောပွဲကို ‌မော်လမြိုင်မြို့တွင်းရှိ မဟာမြိုင်လမ်း အ‌ဝေး‌ပြေးကားဂိတ်အနီးမှ ‌ရွှေမြင့်မိုရ်ဟိုတယ်ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး စာ‌ရေးဆရာ‌ကျော်ဝင်းမှ “အ‌ပြောင်းအလဲ သုံးမျိုး”နှင့်...

DKBA ကို မြန်မာ့ဒီမိုက‌ရေစီ အဖွဲ့ချုပ်(LDB)က ‌ထောက်ခံ

စက်တင်ဘာလ ၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ) စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်‌တော်လှန်တိုက်ပွဲဝင်‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် DKBA ဆက်လက် ရပ်တည်‌နေခြင်းအ‌ပေါ် ‌လေးစား‌ထောက်ခံ‌ကြောင်း ဂျပန်နိုင်ငံ အ‌ခြေစိုက် မြန်မာ့ဒီမိုက ‌ရေစီအဖွဲ့ချုပ်(LDB)မှ စက်တင်ဘာလ ၅ရက်‌နေ့က ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်စာထဲတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်...

‌တွေ့ဆုံမှုတစ်ခုတည်းနဲ့ အ‌ဖြေမရနိုင်

အယ်ဒီတာ့အာ‌ဘော် ဩဂုတ်လအတွင်း မြန်မာပြည်၌ ‌တွေ့ဆုံမှုများ၊ ထုတ်ပြန်‌ကြေညာချက်များ၊ မိန့်ခွန်းများ၊ အိတ်ဖွင့်‌ပေးစာ အ‌ကြောင်းပြန်စာများ အပြင် ‌ဆွေး‌နွေးပွဲများနှင့် ‌နောက်ဆုံး လွှတ်‌တော်အစည်းအ‌ဝေး ဒုတိယအကြိမ်ကို ‌နေပြည်‌တော်တွင် ယခုအချိန်ထိ ကျင်းပပြု လုပ်‌နေသည်။ ထိုအ‌ကြောင်းအရာများနှင့် တဆက်တည်း ဝမ်းသာကြိုဆိုမှုများ၊ ‌စောင့်ကြည့်‌လေ့လာမှုများ၊ မယုံကြည်မှုများနှင့် ‌မျှော်လင့်ချက် များမှာလည်း လူထုလူတန်းစား အလွှာအသီးသီးတွင်...

BGF တပ်ဖွဲ့ဝင် ၃ဝဦး ဒီ‌ကေဘီ‌အေနှင့် ပူး‌ပေါင်း

စက်တင်ဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ နယ်ခြား‌စောင့်(BGF) တပ်ဖွဲ့ဝင် ၃ဝဦးသည် ထို‌ဒေသတဝိုက်တွင် လှုပ်ရှား‌နေ သည့် ဗိုလ်မှူး‌စောဘိ ဦးစီး‌သော DKBA တပ်ဖွဲ့များထံသို့ ယ‌နေ့ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၇)က ‌ပြော သည်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှူး...

‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်း စီမံကိန်း‌ကြောင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်‌ပေါ်‌နေ

စက်တင်ဘာလ ၆ရက်။ ‌စောခါးစူး (‌ကေအိုင်စီ) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ‌ဖောက်လုပ်‌နေသည့် ‌ရေနံနှင့် ‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်း စီမံ ကိန်း‌ကြောင့် ‌ဒေသခံများအား အတင်းအဓမ္မ အလုပ်ခိုင်း‌စေမှု၊ ‌မြေယာသိမ်းမှုနှင့် အလုပ်သမားများ ‌ခေါင်းပုံဖြတ်ခံရမှု စသည့် လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်ပွား‌နေသည်ဟု ‌ရွှေသဘာဝဓါတ်‌ငွေ့လှုပ်ရှားမှု(SGM)အဖွဲ့က ‌ပြောကြားလိုက်သည်။ ၂၀၀၉...

အစိုးရသတင်းစာ ‌ဖော်ပြမှု မမှန်ကန်ဟု KIA ငြင်းပယ်

စက်တင်ဘာလ ၆ရက်။ (‌ကေအိုင်စီ) ငြိမ်းချမ်း‌ရေး လိုလားသည့် ‌ကေအိုင်‌အေ စစ်မှုထမ်း‌ဟောင်းအဖွဲ့နှင့် စစ်လိုလားသူ ‌ကေအိုင်‌အေ‌ခေါင်း‌ဆောင်များအကြား ပဋိပက္ခ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား‌ကြောင်း ယ‌နေ့ထုတ် အစိုးရပိုင် သတင်းစာ‌ဖော်ပြချက်ကို ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ (KIA) က ငြင်းပယ်လိုက်သည်။ ထိုအချင်းချင်း ပစ်ခတ်မှု‌ကြောင့် တစ်ဦး ‌သေဆုံးပြီး ‌ကေအိုင်‌အေ ‌ခေါင်း‌ဆောင်တစ်ဦးလည်း...
Donate